သခွားသီးမှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့အပြင် ရောဂါတစ်ချို့ကို ကာကွယ်တာဆီးပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်နေပါတယ်။

သခွားသီးမှာ ကယ်လိုရီပါဝင်မှု နည်းပါးပြီး၊ ရေနဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ ပါဝင်နေတာကြောင့် ဝိတ်ချနေတဲ့သူတွေအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ သခွားသီးရဲ့ ကျန်းမာရေးအကျိုးပြုပုံကို ဖော်ပြပေးသွားမှာပါ။

အာဟာရကြွယ်ဝတယ်

Source: Community Doctor Magazine Nigeria

သခွားသီးမှာ ကယ်လိုရီပါဝင်မှုနှုန်းနည်းပါးပြီး အရေးကြီးတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။

သခွားသီး (၃၀၀) ဂရမ်မှာ အောက်ပါ အာဟာရဓာတ်တွေပါဝင်ပါတယ်

ကယ်လိုရီ – ၄၅

အဆီ – မရှိ

Carbs – ၁၁ ဂရမ်

ပရိုတင်း – ၂ ဂရမ်

ဗီတာမင် စီ – နေ့စဉ်လိုအပ်ချက်ရဲ့ ၁၄ ရာခိုင်နှုန်း

ဗီတာမင် ကေ – နေ့စဉ်လိုအပ်ချက်ရဲ့ ၆၂ ရာခိုင်နှုန်း

မဂ္ဂနီဆီယမ် – နေ့စဉ်လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်း

ပိုတတ်ဆီယမ် – နေ့စဉ်လိုအပ်ချက်ရဲ့ ၁၃ ရာခိုင်နှုန်း

ဝမ်းချုပ်သက်သာစေတယ်

Source: aspost

အစာမကြေတာ၊ ဝမ်းချုပ်နေတာတွေဆို သခွားသီးစားပါ။ ရေဓာတ်နဲ့အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် အူကိုရှင်းစေပြီး ဝမ်းချုပ်သက်သာစေမှာပါ။

ခန္ဓာကိုယ်အဆိပ်အတောက်ဖယ်ရှားပေးတယ်

Source: Healthline

ဗိုက်ပွနေပြီဆိုရင် ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားပစ်ဖို့လိုနေပါပြီ။ သခွားသီးစေ့ရဲ့ အာနိသင်က အသုံးဝင်ပါပြီ။ ဆီးရွှင်စေတယ်ဆိုတော့ ပိုလျှံနေတဲ့ရေဓာတ်နဲ့ အဆိပ်အတောက်တွေကို ဖယ်ထုတ်နိုင်ပါတယ်။ အစာအိမ်ကြွက်သားတောင့်တင်းခြင်းနဲ့ ဗိုက်ပွခြင်းကို သက်သာစေတယ်။

ဗိုက်အောင့်သက်သာစေတယ်

Source: Pinterest

အစာအိမ်ရောဂါဖြစ်ရင် ဗိုက်ပွ၊ဗိုက်အောင့်တာတွေဖြစ်စေနိုင်ပါတယ်။ သခွားသီးက ရောင်ရမ်းမှုကို လျော့ကျစေပြီး အစာအိမ်နံရံတွေနာကျင်မှုကို သက်သာစေပါတယ်။

ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ်ကျဆင်းစေတယ်

Source: Medical News Today

သခွားသီးက မကောင်းတဲ့ကိုလက်စထရောတွေကို လျှော့ချပြီး အကျိုးပြုကိုလက်စထရောတွေကို အားပေးပါတယ်။ အီသနောပါဝင်မှုကြောင့်လည်း သွေးတွင်းသကြားဓာတ်ကို သိသိသာသာလျော့ကျစေပါတယ်။