ဒီနေ့ခေတ်ကို အလုပ်များတဲ့ခေတ်လို့ လူတွေတင်စားခေါ်ဝေါ်ကြတယ်။ ဒီလိုခေါ်ရတဲ့အကြောင်းအရင်းလည်း ရှိပါတယ်။ နေ့စဉ်စားသောက်နေထိုင်နိုင်ဖို့အတွက် ရုန်းကန်လှုပ်ရှားရတာကြောင့် မိဘတွေ နဲ့မိသားစုကို အချိန်မပေးနိုင်ကြဘူး။ တစ်အိမ်ထဲမှာ အတူတူနေကြပေမယ့် သားသမီးနဲ့မိဘ မတွေ့ဆုံဖြစ်ကြတဲ့ နေ့တွေတောင်ရှိနေပါသေးတယ်။ မိဘတွေဆိုတာကလည်း အသက်အရွယ်ရလာတာနဲ့အမျှ အထီးကျန်လာကြတယ်။ ဒါကဖြစ်ရိုးဖြစ်စဉ်လို့ ဖြစ်လာနေပါပြီ။
ဒီလိုမဖြစ်အောင် သားသမီးတွေအနေနဲ့ မိဘတွေကို စကားပြောပေးတာ အချိန်ပေးတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဒီနေ့တော့ မိဘတွေကို စိတ်ချမ်းသာအောင် ဘယ်လိုထားရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။
သူတို့ကို နားလည်ပေးပါ
Source: CHIP Reverse Mortage
မိဘတွေရဲ့ စိတ်ခံစားချက်ကို နားလည်ပေးပါ။ မိဘတွေက သင်ကျွန်တော်တို့ငယ်စဉ်အချိန်အခါတုန်းက ဘယ်လောက်ပဲငိုငို ချစ်ခဲ့ကြတယ်။ တစ်ခါတစ်လေ သားသမီးကျန်းမာရေးမကောင်းလို့ ညလုံးပေါက် မအိပ်ရတာတွေရှိကြတယ်။ မိဘတွေကို ကျွန်တော်တို့ ဘယ်လိုအခြေအနေဖြစ်နေပါစေ ချစ်နေအုံးမှာပဲ။ တစ်ချို့မိဘတွေကို သူတို့ရဲ့သားသမီးတွေကို ပိုပြီးလုံခြုံကာ ပျော်ရွှင်တဲ့ဘဝကို ရစေချင်ကြတယ်။ ဒါကြောင့် ကန့်သက်ချုပ်ချယ်မှုတွေ လုပ်ကြတာရှိတက်ပါတယ်။ ဒါတွေကို နားလည်ပေးနိုင်အောင် ကြိုးစားပါ။ မိဘတွေနေရာကနေ ဝင်ပြီးခံစားကြည့်ပါ။
သူတို့နဲ့အချိန်ဖြုန်းပေးပါ
Source: Verywell Mind
မိဘတွေအတွက် သူတို့ချစ်တဲ့ သားသမီးတွေနဲ့ အချိန်ဖြုန်းရတာဟာ အရမ်းအဓိပ္ပာယ်ရှိစေပါတယ်။ သူတို့ကို ကြည်နူးစေပါတယ်။ လူတော်တော်များများ အရွယ်ရောက်လာပြီဆိုရင် သူငယ်ချင်းတွေအတွက် အချိန်ပေးရတာ ကျောင်းအတွက် အချိန်ပေးရတာနဲ့ မိဘတွေအတွက် အချိန်မပေးနိုင်တော့ပါဘူး။ ဒီလိုတွေဖြစ်ဖန်များလာပြီဆိုရင် မိဘတွေက အထီးကျန်လာပါတယ်။
အထီးကျန်ခြင်းကကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ ဒါကြောင့် မိဘတွေနဲ့ မကြာခဏအချိန်ဖြုန်းပေးဖို့မမေ့ပါနဲ့။ အိမ်ထောင်ကျပြီး အိမ်ခွဲနေရရတောင် တပက်ကိုနှစ်ခါလောက်မိဘအိမ်သွားလည်ပေးပါ။ သူတို့နဲ့ ညစာအတူစားပေးပါ။ ဒီလိုလုပ်ပေးတာက သူတို့အတွက် အလွန်ပျော်ရွှင်စေမှာ အမှန်ပါပဲ
စကားများရန်ဖြစ်တာကို ရှောင်ပါ
Source: Youngisthan.in
သင့်အနေနဲ့ မိဘတွေရဲ့ထိန်းကျောင်းမူနည်းလမ်းတွေ အာလုံးကို သဘောတူချင်မှတူနိုင်မှာပါ။ ဒါပေမယ့် သူတို့ရဲ့အမြင်ဆုံးဖြတ်ချက်ကို လေးစားပါ။ သူတို့ရဲ့အိမ်မှာ သင့်သဘောကျ ချယ်လှယ်တာမျိုးမဖြစ်အောင် ရှောင်ကျဉ်ပါ။ ဒါကပြဿနာတွေကိုသာ ဖန်တီးစေပါတယ်။ အကယ်၍ စကားများရန်ဖြစ်ရဖို့စလာပြီဆိုရင် ရှောင်ထွက်သွားလိုက်ပါ။ ကိုယ့်မိဘတွေနဲ့ စကားများရတာဟာ နှစ်ဖက်လုံးအတွက် အကျိုးမရှိစေပါဘူး။ စကားများရန်ဖြစ်တာက လက်ရှိအခြေအနေကိုပိုမိုဆိုးရွားစေတဲ့အပြင် မိဘတွေကိုလည်း နာကျင်စေပါတယ်။ မိဘတွေက သားသမီးကောင်းစားဖို့အတွက်ပဲ လုပ်နေတာပါ။ သူတို့နဲ့ စကားများရန်ဖြစ်ခြင်းကို အတတ် နိုင်ဆုံးရှောင်ကျဉ်ပေးပါ။
အမှတ်တရလေးတွေ ဖန်တီးပေးပါ
Source: Sun Life Indonesia
သူတို့ရဲ့ မွေးနေ့ ဒါမှမဟုတ် မင်္ဂလာနှစ်ပတ်လည်နေ့ အဖေများနေ့ အမေများနေ့ တွေရောက်လာခဲ့ရင် လက်ဆောင်ပေးတာ (သို့) အိမ်မှာ ညစာချက်ကျွေးတာတွေ ပြုလုပ်ပေးပါ။ ကိုယ်တိုင်လက်နဲ့ လုပ်ထားတဲ့ လက်ဆောင်လေးတွေ ပေးတာကတော့ အကောင်းဆုံးပါပဲ။ မိဘတွေက သားသမီးတွေဆီကရတဲ့ ဘယ်လိုလက်ဆောင်ပဲဖြစ်ဖြစ် အမြတ်တနိုး တန်ဖိုးထားတက်ကြတယ်။