ခံတွင်းကျန်းမာရေးက အရေးကြီးပါတယ်။ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အချိန်မှာ ခံတွင်းအနံ့ဆိုးထွက်နေတာမျိုး ဘယ်သူမှမလိုလားပါဘူး။ ခံတွင်းရနံ့ဆိုးဝါးနေခြင်းက မိမိကိုယ်ကို ယုံကြည်မှုကျဆင်းစေပြီး အနီးအနားကလူတွေကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ခံတွင်းကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အလေ့အကျင့်ကောင်းလေးတွေကို ပြောပြပေးသွားမှာပါ။
သွားပုံမှန်တိုက်ပေးပါ

Source: Healthline
မနက်တစ်ကြိမ် ညအိပ်ရာဝင်ခါနီး တစ်ကြိမ်သွားတိုက်ပေးပါ။ ပြောရတာလွယ်ပေမယ့် ကျင့်သုံးရတာ ခက်ပါတယ်။ လူတိုင်းနီးပါးကတော့ မနက်ခင်းတစ်ကြိမ်မှာ သွားပုံမှန်တိုက်ဖြစ်ပေမယ့် ညဘက်အိပ်ယာဝင်တဲ့အချိန် သွားတိုက်လေ့မရှိကြဘူး။ ခံတွင်းကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင် သွားပုံမှန်တိုက်ပေးဖို့ အရေးကြီးပါတယ်။
သွားတိုက်နည်း မှန်ကန်ပါစေ

Source: Burlington Dental Centre
သွားတိုက်တဲ့အခါ သွားတိုက်တဲ့ ပုံစံမှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါ ဖြည်းဖြည်းညင်ညင်သာသာနဲ့ သေချာသန့်ရှင်းပေးပါ။ သွားတိုက်တဲ့အခါ သွားမှာကပ်ညှိနေတဲ့ သွားချေးနဲ့ အခြားသောအရာတွေကို ဖယ်ရှားနိုင်ဖို့အတွက် စက်ဝိုင်းပုံစံတိုက်ပေးပါ။ သွားတိုက်နည်း ပုံစံမှန်မှလည်း သွားနဲ့သွားဖုံးရောဂါတွေကို ကာကွယ်နိုင်မှာပါ။
ရေများများသောက်ပါ

Source: Carillon Family Dental
သွား၊ သွားဖုံး နဲ့ ခံတွင်းကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုအပ်ပါတယ်။ ခံတွင်းနဲ့သွားအတွက်ဆိုရင်တော့ အစားစားပြီးတိုင်း ရေသောက်ပေးပါ။
သွားနဲ့ခံတွင်းကို ကျန်းမာစေနိုင်တဲ့ အစားအစာတွေစားသုံးပေးပါ

Source: Healthy food selection
အချိုများတဲ့ စားစရာသောက်စရာတွေကို လျှော့စားပေးပါ။ သွားနဲ့ခံတွင်းအတွက် အထောက်အပံ့ပေးနိုင်မယ့် ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ဒီ တို့ကြွယ်ဝတဲ့ အစားအစာတွေစားသုံးပေးပါ။
