ကိုယ်အလေးချိန်ကျဖို့က အလုပ်တစ်ခုလိုပါပဲ။ ဒါပေမယ့် ထင်ထားတာထက် ပိုပြီးခက်ခဲပါတယ်။ ဝိတ်ကျဖို့အတွက် အားကစားလုပ်နေရုံနဲ့မပြီးသေးပါဘူး။ တခြားဆင်ခြင်ရမယ့်အရာတွေ လုပ်ဆောင်ရမယ့်အရာတွေရှိနေပါသေးတယ်။ ဒီထဲမှာ ဇီဝဖြစ်စဉ်ကောင်းနေဖို့ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဇီဝဖြစ်စဉ်ကိုမြင့်တင်ပေးပြီး ဝိတ်ကျစေတဲ့ အစားအသောက်အကြောင်း ပြောပြပေးသွားမှာပါ။
Black Coffee

Source: The Indian Express
ကော်ဖီက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ သောက်စရာတစ်ခုအဖြစ် မှတ်ယူထားလို့တော့မရပါဘူး။ ဒါပေမဲ့ ကိုယ်အလေးချိန်ကျချင်တဲ့ သူတွေအတွက်တော့ ဘလက်ခ်ကော်ဖီက ထိရောက်မှုရှိကြောင်းလေ့လာသူတွေက ပြောထားပါတယ်။။ လေ့လာမှုတွေအရ ကဖင်းဓာတ်က ဇီဝဖြစ်စဉ်နှုန်းကို (၁၁) ရာခိုင်နှုန်းလောက် တိုးလာနိုင်စေပါတယ်။ တစ်နေ့ကို ကဖင်းဓာတ် (၂၇၀) မီလီဂရမ်သောက်သုံးခြင်းက (၁၀၀) ကယ်လိုရီလောင်ကျွမ်းစေပါတယ်။
ပန်းသီးအရက်ရှာလကာရည်

Source: Medical News Today
ပန်းသီးအရက်ရှာလကာရည်ကို နေ့တိုင်းသောက်သုံးပေးခြင်းက အစားအစာချိန်မတိုင်ခင် ဗိုက်ဆာတာမျိုးမဖြစ်စေတာကြောင့် ဗိုက်ကအဆီပိုတွေကို ဖယ်ရှားပေးဖို့အတွက် အသုံးဝင်ပါတယ်။ ဒါက စွမ်းအင်အတွက် လောင်ကျွမ်းပေးတဲ့ အဆီပမာဏ တိုးလာစေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ရေဖန်ခွတ်ထဲကို ပန်းသီးအရက်ရှာလကာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းထည့်ပြီးနေ့စဉ်သောက်သုံးပေးပါက ကယ်လိုရီစားသုံးမူ (၂၀၀-၂၇၅) အထိ ကျဆင်းစေပါတယ်။
ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာ

Source: The Jakarta Post
ပရိုတင်းဓာတ်ပမာဏကို ကြွက်သားကျစ်လျစ်ဖို့အတွက်ပဲ လိုအပ်တာမဟုတ်ပါဘူး။ ကယ်လိုရီလောင်ကျွမ်းဖို့အတွက်လည်း ပရိုတင်းက အရေးကြီးပါတယ်။ ငါး၊ ကြက်ဥ၊ နို့ထွက်ပစ္စည်း၊ ပဲအမျိုးအမျိုး၊ အစေ့အဆံကဲ့သို့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးတာက ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲဒီလိုအစားအစာတွေက အစားအလွန်အကျွံစားသုံးခြင်းကနေ ကာကွယ်ပေးပြီး အချိန်အကြာကြီး ဗိုက်ပြည့်အင်နေစေမှာဖြစ်ပါတယ်။
