အရပ်ရှည်ခြင်းက မျိုးရိုးဗီဇနဲ့ ဆိုင်တယ်ဆိုပေမယ့် အာဟာရပြည့်ဝတဲ့အစားအစာတွေ စားပေးဖို့ကလည်း အရေးကြီးပါတယ်။
အရပ်ရှည်ခြင်းက အမြင့်ဆုံးသို့ရောက်ရှိသွားပြီဆိုရင် ထပ်ပြီးအရပ်ရှည်ထွက်မလာနိုင်တော့ပေမယ့် တစ်ချို့အစားအစာတွေက အရိုးအဆစ်တွေကို သန်မာစေပြီးတော့ ရှိရင်းအရပ်အမောင်းကို ထိန်းပေးထားနိုင်ပါတယ်။
ဒီနေ့တော့အရပ်အမောင်းအတွက် စားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။
ဗီတာမင် C

Source: The Jakarta Post
ဗီတာမင် အရိုးတွေကျန်းမာစေဖို့နဲ့ အရပ်မြင့်စေဖို့ အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ တွယ်ဆက်တစ်ရှုးတွေ၊ အရွတ်နဲ့ အရွတ်တွဲတွေကို ကျန်းမာစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် အရပ်မြင့်ချင်တယ်ဆိုရင် ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။
ပရိုတင်း

Source: Eatsumgreens
အရပ်မြင့်စေဖို့ဆိုရင် ပရိုတင်းကိုနေ့စဉ်လုံလုံလောက်လောက်စားပေးဖို့လိုအပ်ပါတယ်။ နို့ကရဲ့ ပရိုတင်းဓာတ်က အရပ်အမောင်းအတွက် အကောင်းဆုံး အထောက်အကူဖြစ်စေပါတယ်။
ဗီတာမင် D

Source: Diabetes UK
အရိုးတွေကျန်းမာသန်စွမ်းစေဖို့နဲ့ အရိုးဖွံ့ဖြိုးမှုအတွက် မဖြစ်မနေလိုအပ်တဲ့ ဗီတာမင် တစ်ရပ်ပါ။ နေရောင်ခြည်ကနေ ဗီတာမင် D ကိုအဓိကရနိုင်ပေမယ့် နေရောင်ကြောင့်ထိခိုက်လာနိုင်တာတွေရှိပါတယ်။ ဗီတာမင် D ဖြည့်စွက်ထားတဲ့ အစားအစာတွေ စားသုံးပေးဖို့ မမေ့ပါနဲ့။ ဗီတာမင် D ဖြည့်စွက်ထားတဲ့ ကွေကာအုပ်ကနေစလို့ အမျိုးမျိုးသောအစားအစာတွေရှိပါတယ်။
ကယ်လ်ဆီယမ်

Source: MyNetDiary
အရိုးတွေသန်မာစေဖို့ မဖြစ်မနေ ဖြည့်တင်းရမယ့်သတ္တုဓာတ်ပါ။ ကလေးဘဝကနေစလို့ သက်တမ်းတလျှောက်လုံး မမေ့မလျော့ဖြည့်တင်းရမယ့် ဓာတ်တစ်ခုပေါ့။ ကယ်လ်ဆီယမ်လုံလောက်ပြည့်ဝမှုက ကလေးကို အရပ်မြင့်စေဖို့ အကောင်းဆုံးကူညီပေးနိုင်မှာပါ။ ဒါကြောင့် နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ဟင်းနုနွယ်၊ ကယ်လ်ဆီယမ်ဖြည့်စွက်ထားတဲ့ စားစရာတွေကို စားပေးပါ။
