လူကြီးလူကောင်းဆန်ခြင်းက ဘဝအောင်မြင်ဖို့အတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်။ ဘယ်နေရာ ဘယ်အလုပ်ပဲရောက်ရောက်လူကြီးလူကောင်းဆန်သူတွေဟာ နေရာပေးခံရလေ့ရှိပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့လေးစားမှုကိုလည်း ရရှိစေပါတယ်။ဒီတော့လူကြီးလူကောင်း ဆန်သူတစ်ယောက်ဖြစ်စေမယ့် အလေ့အကျင့်ကောင်းတွေကို ဒီနေ့ဆောင်းပါးလေးမှာပြောပြပေးချင်ပါတယ်။

ရိုးသားပါ

Source : Delina Dimova

ရိုးသားခြင်းရဲ့ တန်ဖိုးကဘယ်အရာတွေနဲ့မှလဲလှယ်လို့ မရနိုင်သလို ပိုက်ဆံနဲ့လဲတန်ဖိုးဖြတ်လို့မရနိုင်ပါဘူး။ရိုးသားတဲ့ လူတစ်ယောက်ကိုအများကချစ်ခင်လေး စားကြရုံသာမက ရိုးသားမှုရဲ့အကျိုးရလဒ်ကကိုယ်ရဲ့ကိုယ်ရည်ကိုယ်သွေးကို အလိုလိုမြင့်တက်စေပါတယ်။လူကြီးလူကောင်းဆန်ခြင်းရဲ့ အခြေခံသဘောအချက်တွေထဲမှာလည်း ရိုးသားမှုကအဓိကပါဝင်နေတာကြောင့် လူကြီးလူကောင်းဆန်ချင်ရင် ရိုးသားမှုကိုလက်ကိုင်ထားသင့်ပါတယ်။

အပြုအမူထိန်းသိမ်းပါ

Source : Medium

လူတစ်ယောက်ရဲ့စကားအပြောအဆိုအပြုအမူတွေကလည်း အဲ့ဒီလူရဲ့ စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်ကိုယေဘုယျအားဖြင့်ခန့်မှန်းလို့ရပါတယ်။ရိုင်းစိုင်းတဲ့စကားတွေ ကိုယ်မလုပ်နိုင်ပဲကတိပေးတာမျိုးတွေ တစ်ဘက်လူရဲ့စကားကိုဖြတ်ပြီးပြောတာမျိုးတွေ စတဲ့အချက်တွေကသင့်ကိုလူကြီးလူကောင်းဆန်သူတစ်ယောက်ဖြစ်စေမှာမဟုတ်ပါဘူး။ဒါ့ကြောင့်လူတွေနဲ့စကားပြောတဲ့အခါ ကိုယ့်ရဲ့အပြုအမူအပြောအဆိုတွေကိုထိန်းသိမ်းခြင်း အားဖြင့်လူကြီးလူကောင်းဆန်သူတစ်ယောက်ဖြစ်စေမှာဖြစ်ပါတယ်။

ဦးစားပေးပါ

Source : KnowledgeCity

လူတွေကို ဦးစားပေးတက်ခြင်းကလည်း သင့်ကိုလူကြီးလူကောင်းဆန်စေမယ့် လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ Bus ပေါ်မှာထိုင်ခုံနေရာဖယ်ပေးတာမျိုး တံခါးပေါက်တစ်ခုမှာလူနှစ်ယောက်ဆုံမိရင် တစ်ဘက်လူကိုအရင်ပေးသွားတာမျိုး စသည်ဖြင့်အသေးအမွှား ကိစ္စလေးတွေကအစ တခြားလူတွေကိုဦးစားပေးတာဟာ ကောင်းမွန်တဲ့အမူအကျင့်တစ်ခုဖြစ်သလို ကိုယ့်အတွက်လည်းဘားမှကြီးကြီးမားမားဆုံးရှုံးရတာမျိုး မဖြစ်စေပဲ လူကြီးလူကောင်းဆန်သူတစ်ယောက်ဖြစ်စေမှာဖြစ်ပါတယ်။

လေးစားမှုရှိပါ

Source : Chiropractic Economics

လူကြီးလူကောင်းဆန်သူတစ်ယောက်ဖြစ်ဖို့ အရေးကြီးဆုံးက လူတိုင်းကို လေးစားသမှုရှိဖို့ပါပဲ။
သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူ ယောကျာ်းဖြစ်စေ မိန်းမ ဖြစ်စေ ဆင်းရဲချမ်းသာမရွေး လူတိုင်းကိုလေးစားစွာဆက်ဆံပါ။ကိုယ်တိုင်လေးစားမှုကိုလက်ကိုင်ထားမယ်ဆိုရင် သင့်ကိုလည်းလူတွေပြန်လည်လေးစားလာမှာဖြစ်သလို သင့်အနေနဲ့ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။