မိန်းကလေးအများစုက နေ့ရက်တွေအမှတ်တရဖြစ်ဖွယ်နေ့စွဲတွေကို တန်ဖိုးထားကြပါတယ်။ အဓိက သူတို့ရဲ့မွေးနေ့လိုရက်မျိုး ချစ်သူနှစ်ပတ် လည်နေ့မျိုးတွေပေါ့။ဒီလိုအရေးကြီးတဲ့နေ့တွေကို ကွီးတို့အနေနဲ့ မမေ့လျော့နေသင့်ပါဘူး။ သူမကိုပျော်ရွှင်သွားစေမယ့်လက်ဆောင်မျိုးအမှတ် တရဖြစ်ဖွယ်လက်ဆောင်မျိုးလေးတွေဖန်တီးပေးသင့်ပါတယ်။ဆိုတော့ အမှတ်တရနေ့တွေမှာ အမှတ်တရဖြစ်စေဖို့ ဘာတွေလုပ်ရမလဲကြည့်ရအောင်။

ချောကလက်ပန်းစည်း

Source : Carousell

မိန်းကလေးတွေက ပန်းတွေကိုကြိုက်တတ်သလို ချောကလက်လဲကြိုက်ကြပါတယ်။ ဒါဆို နှစ်မျိုးကိုရောစပ်ပေး လိုက်ရင်လဲ မမှားပါဘူး။ ချောကလက်ပန်းစည်းတွေဟာ ခုနောက်ပိုင်းခေတ်စားလာတဲ့လက်ဆောင်တမျိုးပါ။ တကယ်လို့သင်ဝါသနာပါရင် သူမကြိုက်တဲ့ချောကလက်အမျိုးအစားတွေရွေးချယ်ပြီး ကိုယ်တိုင်လုပ်ပေးလို့လဲ ရပါတယ်။ သင်ပြောချင်တဲ့စကားလေးတွေရှိရင် စာရေးပြီးပေးလို့လဲရတယ်နော်။

ရိုမန့်တစ်ဆန်ဆန် ညစာစားပွဲ

Source : Chatujme

ရိုမန့်တစ်ဆန်ဆန်ရင်ခုန်စရာ ညစာစားပွဲဟာ ချစ်သူမိန်းကလေးကိုအံ့အားသင့်စေဖို့နဲ့ လက်ဆောင်ပေးဖို့ အကောင်းဆုံးလက်ဆောင်တွေထဲက တခုပါ။ ဈေးကြီးပေးရတဲ့စားသောက်ဆိုင်ကြီးတွေဖြစ်စရာမလိုပါဘူး။ အစားအသောက်အနည်းငယ်၊ ဝိုင်တခွက်စီနဲ့ သင်တို့နှစ်ယောက်လုံးအတွက် အေးအေးဆေးဆေးရှိမယ့်နေရာ လေးတခုမှာဆို လုံလောက်ပါပြီ။ ပြီးတော့ အမှတ်တရလက်ဆောင်လေးတခုဖြစ်ဖြစ်ပေးလိုက်ရင် ပြည့်စုံပြီနော်။

Handmade ကဒ်နဲ့ ပန်းတွေ

Source : Pinterest

တကယ်လို့သင်က ကိုယ်တိုင်ဖန်တီးရတာသဘောကျပြီး သင်သူမကိုဘယ်လောက်ချစ်တယ်ဆိုတာပြချင်တယ် ဆိုရင် အလှစက္ကူကဒ်ပြားပေါ်မှာ သင့်စိတ်ထဲကသူမအကြောင်းသင်တွေးနေမိတာတွေကို သင့်လက်ရေးနဲ့စာ ရေးပေးလို့ရပါတယ်။ ပြီးတော့ လှပတဲ့ပန်းစည်းလေးက တန်ဖိုးကြီးတာတွေမနှစ်သက်တဲ့သင့်ချစ်သူမိန်းကလေး အတွက် အသင့်တော်ဆုံးဖြစ်မှာပါ။

နာမည်ထိုးထားတဲ့လက်ဆောင်လေးတွေ

Source : Amazon

နောက်ထပ် နှစ်သက်ဖွယ်လက်ဆောင်တမျိုးကတော့ သူမရဲ့နာမည်ထိုးထားတဲ့ ပန်းချီကား၊ လက်ဝတ်ရတနာနဲ့ နေ့စဉ်သုံးပစ္စည်းတွေဖြစ်တဲ့ ခွက် ဒါမှမဟုတ် အိပ်ရာခင်းလိုအသုံးအဆောင်တွေကို customize ပြုလုပ်ပေးတာမျိုးဖြစ်ပါတယ်။