YouTube ကိုသီချင်းနားထောင်ဖို့သက်သက်ပဲသုံးနေသေးတယ်ဆိုရင် ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။ YouTube ကဖျော်ဖြေရေးအပြင် သင်လေ့လာချင်တဲ့ ပညာရပ်တွေ သတင်းအချက်အလက်တွေ စိတ်အပန်းပြေစရာတွေများစွာပေးစွမ်းပါတယ်။ ဒီတော့ YouTube အသုံးပြုတာကောင်းလား YouTube ကနေ သင်ဘာတွေရနိုင်လဲ ဆိုတာအောက်မှာလေ့လာကြည့်ရအောင်ပါ။

Source : Tech Advisor

YouTube မှာ ဗွီဒီယိုတွေ ကြည့်လို့ရတဲ့အပြင် ဗွီဒီယိုတွေ အသံဗွီဒီယိုတွေကိုလဲ သူ့ရဲ့အရည်အသွေး ဒေါင်းလုပ်ရယူနိုင်တယ်။ တင်ထားတဲ့ဗွီဒီယိုတွေကို facebook ပို့စ်တွေမှာလို Like၊ Comment၊ Share တွေအပြင် တကယ်လို့ မကြိုက်ရင်လဲ Dislike ပါပေးလို့ရပါတယ်။ ဒါ့အပြင် ကိုယ်သဘောကျတဲ့ချန်နယ်မှာ subscribe လုပ်ထားလို့ ရတဲ့အတွက် ( ဗွီဒီယိုအောက်က subscribe အနီရောင်ခလုပ်လေးကို နှိပ်ထားလို့ရတဲ့အတွက်) ဗွီဒီယိုအသစ် တင်တဲ့အခါ အလွယ်တကူချက်ချင်းကြည့်လို့ရပါတယ်။

ဘယ် skill ကိုမဆို လေ့လာသင်ယူလို့ရပါတယ်။YouTube ကို ဗဟုသုတအပြင် ပညာရပ်အသစ်တခုလေ့လာချင်သူတွေအတွက်ပလက်ဖောင်းတခုလည်းဖြစ်ပါတယ်။ ဘယ်သူမဆို YouTube မှာကျွမ်းကျင်သူတွေ မျှဝေထားတဲ့ပညာရပ်ဆိုင်ရာဗွီဒီယိုကို လေ့လာလို့ရနိုင်တယ်။ English, Coding, Business Management စတဲ့ပညာရပ်တွေအပြင် ဂစ်တာတီးနည်း၊ ဟင်းချက်နည်း၊ အပင်စိုက်နည်း စတဲ့ ကိုယ်ဝါသနာပါရာပညာရပ်တွေကိုလဲ စုံစုံလင်လင်လေ့လာလို့ရပါတယ်။

Source : CareerAddict

YouTube ကနေ ဝင်ငွေလည်းရှာလို့ရပါတယ်။ အကယ်၍ သင့်အနေနဲ့ YouTube မှာ ချန်နယ်တခုဆောက်ပြီး ကိုယ်ပိုင်ဗွီဒီယိုတွေဖန်တီးရင်း ကြည့်ရှုသူ follower တွေများလာတဲ့အခါ YouTube ကနေ ဝင်ငွေတောင်ရလာနိုင်ပါတယ်။ ဒါပေမယ့် ဒါက မြန်မာနိုင်ငံမှာ တော့သိပ်ခေတ်မစားသေးပါဘူး လိုက်နာရမယ့်စည်းကမ်းတွေလဲရှိတဲ့အတွက် တကယ်လို့သင့်အနေနဲ့ YouTuber တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် သေချာနားလည်တတ်ကျွမ်းအောင်အရင်လေ့လာဖို့ကိုတော့ အကြံပြုချင်ပါတယ်။