သင့်ဘဝရဲ့ ပျော်ရွှင်မှုတွေကို ဖျက်စီးနေတဲ့လူတွေထဲမှာ သင်ကိုယ်တိုင်ဖြစ်နေမိတယ်ဆိုတာ သတိထားမိပါရဲ့လား။ ဟုတ်ပါတယ် ကိုယ်တိုင်မသိလိုက်ပဲ လုပ်မိတဲ့အရာတွေက ကိုယ့်ရဲ့ ပျော်ရွှင်ကိုဖျက်စီးပစ်ရာရောက်ပါတယ်။ ဒီတော့ ပျော်ရွှင်မှုကိုပျက်စီးစေမယ့် အရာတွေကို စွန့်လွှတ်ဖို့လိုအပ်ပါတယ်။ ဘယ်အရာတွေလဲဆိုတာကြည့်လိုက်ရအောင်။

အဆိုးမြင်တက်တဲ့စိတ်

Source : Medium

အဆိုးမြင်တဲ့စိတ်က ဘာကောင်းကျိုးမှမပေးနိုင်တာသေချာပါတယ်။ ဖြစ်ပျက်လာတဲ့အရာတွေအပေါ် အဆိုးဘက်ကမြင်ပြီး အားမလိုအားမရ ဒေါသမောဟတွေဖြစ်နေရင် ပျော်ရွှင်မှုဆိုတာပျောက်ဆုံးသွားမှာဖြစ်ပါတယ်။ဘဝမှာတကယ်ပဲ အဆိုးတွေကြုံလာပါစေအုန်း အဆိုးထဲကအကောင်းကိုရှာပြီး ကိုယ့်ရဲ့ စိတ်သက်သာမှုကိုရယူရမှာဖြစ်ပါတယ်။ဒါကြောင့် ဘဝမှာပျော်ချင်ရင်အဆိုးမြင်စိတ်တွေလျော့ပါ။

မကောင်းတဲ့ပတ်ဝန်းကျင်

Source : Love Devani

လူရယ်လို့ဖြစ်လာရင် လူ့ဘောင်လူ့ပတ်ဝန်းကျင်မှာရှင်သန်ရတာ သဘာဝပါပဲ။သို့သော် ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်က ကိုယ်အတွက်အဆိပ်အတောက်ဖြစ်နေစေလားဆိုတာတော့ တစ်ချက်ပြန်ပြီးလေ့လာသင့်ပါတယ်။ ကိုယ်ကိုအမြဲဒုက္ခပေးနေတဲ့သူတွေ ချစ်သူပဲဖြစ်ဖြစ် မိတ်ဆွေအပေါင်းအသင်းတွေပဲဖြစ်ဖြစ် ဒီလိုအဆိပ်လိုဖြစ်နေတဲ့လူတွေကို ကိုယ့်ဘဝထဲကထုတ်လိုက်သင့်ပါတယ်။

ကိုယ့်ကိုယ်ကိုမသိခြင်း

လူတိုင်းကတော့ ကိုယ်ထက်သာတဲ့သူတွေ့ရင်အားကျမိတာသဘာဝပါပဲ။ ဒါပေမယ့်လည်း တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကို သူတို့လောက်မှ မတော်ဘူး သူတို့လောက် မဖြစ်မြောက်ဘူးတွေးနေရင် စိတ်ဓာတ်ကျခြင်းနှင့်ကျရှုံးခြင်းတွေသာ ရရှိမှာပါ။တကယ်တော့လူတိုင်းမှာ ကိုယ်ပိုင်အစွမ်းအစတွေရှိပါတယ်။ကိုယ်ရဲ့ အရည်အချင်းကို ကိုယ်တိုင်သိမြင်ပြီး ကိုယ်ကိုယ်ပိုင်ဆိုင်တဲ့အရာတွေကို တန်ဖိုးထားမယ်ဆိုရင် ဘဝကကျေနပ်ဖို့ကောင်းနေမှာပါ။

အတိတ်ကဖြစ်ရပ်များ

Source : Vudaf

ဖြတ်သန်းခဲ့ရတဲ့အတိတ်ကာလတွေမှာကောင်းတဲ့အရာတွေရှိသလို မကောင်းတဲ့အတိတ်တွေလည်းရှိခဲ့မှာပါ။ လူတွေကတစ်ခါတစ်လေမှာ အတိတ်ကအဖြစ်အပျက်တွေ စိတ်ပျက်စရာကိစ္စတွေ အမှားတွေကိုထပ်ခါထပ်ခါ ပြန်တွေးပြီး လက်ရှိဘဝရဲ ပျော်ရွှင်မှုတွေကို ဖျက်ဆီးနေမိတက်ပါတယ်။ဒါကြောင့် အတိတ်ကို အတိတ်မှာဘဲထားခဲ့ပြီး လက်ရှိဘဝနဲ့ အနာဂတ်ကိုသာအကောင်းဆုံးဖြတ်သန်းမယ်ဆိုရင် ပျော်ရွှင်ရမှာပါ။