စုံတွဲတွေအနေနဲ့ အတူတကွ စေတနာ့ဝန်ထမ်းလုပ်အားပေးသင့်တဲ့ အကြောင်းပြချက်များစွာရှိပါတယ်။ ဒီလိုလုပ်တာဟာ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ဆက်ဆံရေးကိုပိုမိုနက်ရှိုင်းစေပြီး တစ်ယောက်အကြောင်း တစ်ယောက်လေ့လာနိုင်တဲ့အပြင် လိုအပ်နေသူတွေကိုလည်း ကူညီပေးရာရောက်ပါတယ်။ အခုပြောပြပေးမှာက စုံတွဲတွေ စေတနာ့ဝန်ထမ်းအနေနဲ့ အတူတူပါဝင်ဆောင်ရွက်ခြင်းရဲ့ ကောင်ကျိုးတွေကိုပြောပြပေးမှာပါ။ စိတ်ဝင်စားရင် အောက်မှာဖတ်ကြည့်လိုက်ပါဦး။
(၁) ကောင်းမွန်တဲ့ နှောင်တွယ်မှု ဖြစ်စေတယ်

Source : Depositphotos
စေတနာ့ဝန်ထမ်းလုပ်ခြင်းက အခြားသူတွေကိုကူညီရတဲ့အခါ ခန္ဓာကိုယ်က အောက်ဆီတိုစင်လို့ခေါ်တဲ့ဟော်မုန်းဓါတ် တစ်မျိုးကိုထုတ်လွှတ် ပေးပြီး ဒီကောင်းမွန်တဲ့ဟော်မုန်းက ကိုယ်ဘေးကလူတွေနဲ့ ပိုရင်းနှီးစေတဲ့နှောင်တွယ်ခြင်းကို ဖြစ်စေပါတယ်။ ကယ်လီဖိုးနီးယား တက္ကသလိုလ်မှ စိတ်ပညာရှင်တစ်ဦးရဲ့အဆိုအရ စုံတွဲတွေဟာ အတူတူရှိဖို့အချိန်ပေးခြင်းအားဖြင့် ပိုကောင်းတဲ့ဆက်ဆံရေးတွေကို တည်ဆောက်နိုင်ပါတယ်။ ချစ်သူတွေအတူတူလုပ်အားပေးဖို့ ပါဝင်ဆောင်ရွက်တာဟာ အဓိပ္ပါယ်ရှိတဲ့မျှဝေခံစားမှုကိုရစေပြီး ဆက်ဆံရေးကို ပိုခိုင်မြဲစေနိုင်မှာလည်း သေချာပါတယ်။
(၂) မျှဝေထားတဲ့ တန်ဖိုးတွေကိုသိရှိစေတယ်

Source : iStock
ချစ်သူစုံတွဲတွေအနေနဲ့ ကောင်းမွန်တဲ့လုပ်အားပေးအစီအစဉ်ကို ရှာဖွေကြတဲ့အခါ နှစ်ဦးနှစ်ဖက်စိတ်ဝင်စားတဲ့ အကြောင်းအချက်တွေကိုရှာဖွေလေ့လာရတာတွေပါဝင်တဲ့အတွက် သင်တို့နှစ်ယောက်ရဲ့တန်ဖိုးထားမှုတွေ ကိုယ်စီရှိစေပါတယ်။ အကယ်လို့ သင့်တို့ချစ်သူနှစ်ယောက်လုံးက ဘေးမဲ့တိရိစ္ဆာန်ထိန်းသိမ်းရေးမှာစိတ်ဝင်စားတာ ဒါမှမဟုတ် မိဘမဲ့ဂေဟာတစ်ခုမှာလုပ်အားပေးရတာဖြစ်စေ သဘောကျတယ်ဆိုရင်လည်းအတူတူလုပ်အားပေးလို့ရပါ တယ်။ ဒါကတစ်ယောက်အကြောင်းကိုတစ်ယောက်ပို သိနားလည်လာစေနိုင်ဖို့ အထောက်အကူများစွာ ဖြစ်စေနိုင်ပါတယ်။
(၃) သင့်ချစ်သူအတွက်သာမက သင့်ဘဝအတွက်ပါ စိတ်ကျေနပ်ပျော်ရွှင်မှုရစေတယ်

Source : Freepik
အဓိပ္ပါယ်ပြည့်ဝတဲ့စေတနာ့ဝန်ထမ်းလုပ်ငန်းတစ်ခုမှာပါဝင်ခြင်းက သင်နဲ့သင့်ရဲ့ချစ်သူကိုဘဝရဲ့ကောင်းတဲ့ အရာတွေကို အတူတူတွေ့မြင်ရစေပါတယ်။ ခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းဖို့အတွက် အမေရိကန်ပရော်ဖက်ဆာ Sonja Lyubomirsky က တန်ဖိုးရှိတဲ့အရာတွေကိုသိမြင်နားလည်နိုင်ခြင်းလို့ ဆိုပါတယ်။ လိုအပ်နေတဲ့နေရာတွေမှာ အကူအညီလိုအပ်နေသူတွေကိုကူညီပေးတဲ့အခါ သင့်ရဲ့ဘဝအပေါ် ရှုထောင့်အမြင်တွေပါ ပြောင်းလဲလာစေပြီး သင်နဲ့သင့်ချစ်သူရဲ့ဘဝမှာစိတ်ကျေနပ်မှုတွေ တိုးပွားစေနိုင်ပါလိမ့်မယ်။
(၄) လုပ်ဆောင်မှုအသစ်တွေကို ကြိုးစားမိစေတယ်

Source : Marriage Dynamics Institute
အမေရိကန်ပရော်ဖက်ဆာ Sonja Lyubomirsky ရဲ့အဆိုအရ အသစ်အသစ်သောအရာတွေကို ကြိုးစားခြင်းက ချစ်သူနှစ်ဦးကြားကပေါင်းသင်းဆက်ဆံရေးကို တိုးမြင့်ပေးနိုင်တယ်လို့ ဆိုပါတယ်။ လေးနက်တဲ့လုပ်ဆောင်မှုတွေကို အတူတကွလုပ်ဆောင်ခြင်းက ကောင်းမွန်တဲ့သက်ရောက်မှုတွေကို၂ဆထိ တိုးစေပါတယ်။ ဒါ့အပြင် ချစ်သူစုံတွဲတွေအနေနဲ့ လုပ်အားပေးစေတနာ့ဝန်ထမ်းလုပ်တာက တခြားလူမှုရေးဆိုင်ရာကောင်းကျိုးတွေကိုလည်း ရနိုင်ပါသေးတယ်။
