တရားထိုင်းခြင်းဟာ ဘာသာရေးနဲ့ပဲ ပတ်သက်ဆက်နွယ်နေတာမဟုတ်ပါဘူး။ တရားထိုင်ခြင်းဟာ စိတ်ပိုင်းဆိုရင် တည်ငြိမ်အေးချမ်းမှုကို ရရှိစေတဲ့အပြင် တခြားအကျိုးကျေးဇူးတွေလည်း ရှိနေပါသေးတယ်။ ဒီနေ့ဆောင်းပါးမှာ တရားထိုင်သင့်တဲ့ အကြောင်းအရင်းတွေကို ပြောပြပေးသွားမှာပါ။
စိတ်ကျရောဂါအတွက်ကောင်းတယ်

Source: CompareCamp
တရားထိုင်နေ့စဉ်မှာ စိတ်တည်ငြိမ်မှုကို ရရှိခြင်းသာမက တခြားအချိန်တွေမှာလည်း စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို အတိုင်းအတာတစ်ခုအထိ ရရှိစေတဲ့အတွက် ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ခေါင်းအေးအေးထား ဖြေရှင်းလာနိုင်မှာပါ။ ဒါ့ကြောင့် စိတ်ဖိစီးမှုများပြီးဖြစ်လာနိုင်တဲ့ စိတ်ကျဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။
သွေးတိုးရောဂါ

Source: Mindful.org
လေ့လာမှုတွေအရ တရားထိုင်ခြင်းဟာ သွေးပေါင်ချိန်ကိုလည်း အတိုင်းအတာတစ်ခုအထိလျော့ကျစေတယ်လို့ ဆိုထားပါတယ်။ American Heart Association လို့ခေါ်တဲ့ အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြံပြုချက်အရဆိုရင်တော့ ပုံမှန်သုံးစွဲရမယ့် သွေးကျဆေးတွေကို သုံးစွဲရုံသာမက နေ့စဉ်တရားထိုင်ပေးမယ်ဆိုရင် သွေးတိုးရောဂါကို ပိုမိုအောင်မြင်စွာ ထိန်းချုပ်ထားနိုင်မယ်လို့ ဆိုပါတယ်။
အိပ်ပျော်စေတယ်

Source: Stocksy United
အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်နိုင်တဲ့ရောဂါ စွဲကပ်နေပြီဆိုရင်တရားထိုင်ခြင်းက အကူအညီပေးနိုင်ပါတယ်။ တရားထိုင်ခြင်းဟာ သင့်ရဲ့ မတည်မငြိမ်၊ လှုပ်ရှားနေတဲ့ စိတ်အလျဉ်ကို အနည်းနဲ့အများ တည်ငြိမ်သွားစေတာမို့ မြန်မြန်အိပ်ပျော်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။
မှတ်ဉာဏ်

Source: The Healthy
ဉာဏ်ရည်ဉာဏ်သွေးဟာ မွေးလာကတည်းက သတ်မှတ်ပြီးသားဆိုပေမယ့်လည်း ပိုပြီးထက်မြက်လာအောင် လေ့ကျင့်ပေးလို့ ရနိုင်ပါတယ်။ စာမကျက်ခင်၊ တစုံတခုကို မမှတ်သားခင်မှာ ဆယ်မိနစ်လောက်ပဲဖြစ်ဖြစ် အချိန်ပေးပြီး တရားထိုင်ပါ။ ဒါဟာ သင့်စိတ်တွေကို အတိုင်းအတာတခုထိ တည်ငြိမ်သွားစေနိုင်တာမို့ လေ့လာမှတ်သားရတာ ပိုအဆင်ပြေလာစေနိုင်ပါတယ်။
