စားသောက်ပုံအမူအကျင့်တွေကြောင့်လည်း အဝလွန်တာတွေဖြစ်တက်ပါတယ်။ တစ်ခါတစ်လေ စားသောက်ပုံမှားယွင်းနေတယ်ဆိုတာ ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ဘဲဖြစ်နေတက်ပါတယ်။ ဥပမာ မနက်စာမစားတာ တီဗီရှေ့မှာထိုင်ပြီး အစာစားတာ စသဖြင့်ပြုလုပ်နေတက်ပါတယ်။ ဒီလိုစားသောက်နေတာက ဝိတ်တက်စေပါတယ်။
သတိမထားဘဲစားခြင်း

Source: BNBGYM Official Website
Cornell University က အစားအသောက်ပညာရှင် Brian Wansink ရဲ့လေ့လာမှုအရ ကိုယ်အစားအသောက် ထည့်စားတဲ့ ပန်းကန်အရွယ်အစားကြီးလေ၊ အစားများများစားမိလေလေဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။ Wansink ရဲ့ရှာဖွေတွေ့ရှိချက်အရ ရုပ်ရှင်သွားကြည့်တဲ့သူတွေဟာ ပြောင်းဖူးပေါက်ပေါက် ဘူးကြီးအရွယ်အစားကို စားတဲ့အခါ ဘူးအသေးနဲ့ပဲ ခွဲဝယ်ခဲ့တဲ့ သူတွေထက် (၄၅) ရာခိုင်နှုန်းလောက် ပိုစားမိကြတာတွေ့ရပါတယ်။
ပန်းကန်သေးသေးလေးတွေမှာ ထည့်ပြီးစားပါ။ ပန်းကန်ကြီးကြီးထဲကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေထည့်စားပါ။ ပြီးတော့ ဘူးတွေ၊ခွက်တွေထဲကနေ အလွယ်တကူယူ တိုက်ရိုက်ယူမစားသင့်ပါဘူး။
ညဘက်အစာစားခြင်း

Source: MyFitnessPal Blog
ဝိတ်ချနေသူတွေအတွက် ညဘက်အစာစားတာဟာ ကောင်းတဲ့ အမူအကျင့်မဟုတ်ပါဘူး။ သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားက သင်ဘာစားသလဲဆိုတဲ့အပေါ်မှာ မူတည်နေသလို ဘယ်အချိန်မှာစားသလဲဆိုတဲ့ အပေါ်မှာလည်းမူတည်နေတယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။
ညဘက်အစာအစားခြင်းကို ဘယ်လိုတားဆီးရမလဲဆိုတော့ ညစာစားပြီးပြီဆိုတာနဲ့ မီးဖိုချောင်ပိတ်သွားပြီလို့ ကိုယ့်ဘာသာတွေးထားလိုက်ပါ။ ပြီးတာနဲ့သွားတိုက်ထားလိုက်ပါ။ ဒါမှသန့်စင်ပြီးသား ခံတွင်းမှာ ထပ်စားချင်စိတ်နည်းစေပါလိမ့်မယ်။ ညလယ်အစာစားချင်လာရင် (၁၀) မိနစ် စောင့်ကြည့်ပါ။ ဒါတောင်ထပ်ဆာနေသေးရင် ချိစ်ချောင်းလေးဖြစ်ဖြစ်၊ သစ်သီးတစ်စိတ်လောက်ဖြစ်ဖြစ် ပမာဏနည်းတာလေးစားလိုက်ပါ။
သရေစာအဆက်မပြတ်စားခြင်း

Source: The Conversation
တချိန်လုံး သရေစာတွေစားနေတာ၊ ကယ်လိုရီများတဲ့ အစာတွေမကြာခဏ စားမိနေတာလည်းမကောင်းပါဘူး။ အငန်များတဲ့ အာလူးကြော်တွေ၊ ဆိုဒါနဲ့သကြားလုံးတို့အပါအဝင် ကျန်းမာရေးအတွက်မကောင်းတဲ့ သရေစာမုန့် တွေကို စားတတ်ကြသူတွေများပါတယ်။ ဒါ့ကြောင့် ဒီလိုစားတဲ့အခါမှာ ကျန်းမာရေးအတွက်ကောင်းတဲ့ သရေစာတွေကိုပဲ ရွေးသင့်ပါတယ်။
ဥပမာ- မုန်လာဥနီနဲ့ သခွားသီး ၊ ဒိန်ချဉ်၊ ဗာဒံစေ့ စတာတွေဖြစ်ပါတယ်။ ကိုယ်စိတ်မနိုင်ဘူးဆိုရင် အာလူးကြော်တွေ၊ ကွတ်ကီးတွေကို အနီးအနားမှာမထားပါနဲ့။
မနက်စာမစားခြင်း

Source: Medium
မနက်စာက တစ်နေ့တာမှာအရေးကြီးဆုံးဖြစ်တယ်ဆိုတာသိကြပေမယ့် တခြားကိစ္စတွေ အာရုံများလာတဲ့အခါ စားဖို့အချိန်မရှိဘူးလို့ တွေးမိလိုက်နိုင်ပါတယ်။ ဒါပေမယ့် မနက်စာမစားတဲ့အခါ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်က စတင်နှေးကွေးလာပါတယ်။ မနက်စာက သင့်အတွက် တစ်နေ့စာလိုအပ်တဲ့ စွမ်းအင်ပမာဏကိုမြှင့်တင်ပေးတာ ဖြစ်ပြီး မနက်စာမစားရင် နောက်ပိုင်းမှာ ပိုစားမိတတ်ပါတယ်။
ဒါ့ကြောင့် ကိုယ့်မှာအချိန်မရရင် အသီးအနှံ၊ ဒိန်ချဉ်လိုမျိုး ပြေးရင်းလွှားရင်းနဲ့စားလို့ရမယ့် ကျန်းမာရေးအတွက်ကောင်းတဲ့ မနက်စာကို ကြိုပြင်ထားနိုင်ပါတယ်။
