မနက်စာက တစ်နေ့တာအတွက် အရေးကြီးဆုံးပါ။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုပဲ ရွေးချယ်ပြီး စားသင့်တာပါ။ ဒီလိုအရေးပါတဲ့ မနက်စာကို ဘာတွေစားကြမလဲဆိုတာကို ဒီနေ့ဆောင်းပါးမှာ ပြောပြပေးသွားမှာပါ။
ဥအမျိုးမျိုး
Source: Greatist
ဥအမျိုးမျိုးမှာ ဗီတာမင် အေ၊ ဒီနဲ့ ဘီ ၁၂ တို့ပါဝင်တာကြောင့် အာဟာရပြည့်ဝတဲ့ မနက်စာအဖြစ် ရွေးချယ်သင့်ပါတယ်။ ဥကြီးကြီးနှစ်လုံးမှာ မှတ်ဉာဏ်၊ စိတ်ခံစားမှုနဲ့ ကြွက်သားတွေအတွက် လိုအပ်တဲ့ choline ပမာဏ ၅၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။
Oatmeal
Source: WebMD
အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေသလို သံဓာတ်၊ ဖောလိတ် နဲ့ အခြားသောဗီတာမင်၊ သတ္တုဓာတ်တွေကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကိုကျန်းမာစေသလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရော ကျစေနိုင်မယ့် မနက်စာပါ။
ငှက်ပျောသီး
Source: Marie Claire
ငှက်ပျောသီးမှာ စိုးရိမ်ပူပန်မှုကို လျှော့ချပေးပြီး ခံစားမှုကောင်းစေတဲ့ serotonin ဓာတ်ကိုထုတ်ပေးသော ဗီတာမင် ဘီ ၆ နဲ့ ဖော်လိတ် ဓာတ်တွေပါဝင်ပါတယ်။ ပြီးတော့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေက ကိုလက်စထရောပမဏကို လျှော့ကျစေပါတယ်။ ငှက်ပျော်သီးကို မနက်စာနဲ့အတူ တွဲဖက်စားသုံးပေးခြင်းက ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။
ဂရိခ် ဒိန်ချဉ်
Source: Live Eat Learn
ဂရိခ် ဒိန်ချဉ်ဟာ အရသာရော အာဟာရပါ ပြည့်ဝတဲ့ ဒိန်ချဉ်တစ်မျိုးပါ။ ဒိန်ချဉ်မှာပါတဲ့ ပရိုးတင်းဟာ ဆာလောင်မှုကို လျှော့ကျစေပြီး အဆီ၊ ကာဘိုဟိုက်ဒရိတ် စတာတွေထက် လောင်ကျွမ်းမှုအား ပိုကောင်းပါတယ်။
အချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ဂရိခ် ဒိန်ချဉ်ဟာ ပရိုတင်းကြွယ်ဝပြီး ဆာလောင်မှုကို ထိန်းပေးတာကြောင့် ဝိတ်ကျစေပါတယ်။ ပြီးတော့ တခြား အကျိုးပြုဘက်တီးရီယား (Probiotics) များစွာ ပါဝင်ပါတယ်။