“ငါမင်းကိုချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်းဟာ ရိုးရှင်းလွန်းလှပေမယ့် ချစ်မိနေတဲ့လူတစ်ယောက်အတွက်တော့ အဓိပ္ပာယ်အများကြီးရှိစေပါတယ်။ ရူးရူးမူးမူးချစ်မိနေသူတစ်ယောက်အတွက် ဒီစကားတစ်ခွန်းဟာ အမှောင်တွေဖုံလွှမ်းနေတဲ့နေ့တွေမှာတောင် အလင်းတန်းကို ဆောင်ယူလာပေးနိုင်သလို အဆိုးဆုံး အခြေအနေမှာတောင် ပြုံးလာအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် တစ်ချို့မိန်ကလေးတွေက သူတို့ချစ်တဲ့လူတွေကို ချစ်တယ်လို့  မကြာခဏပြောလေ့မရှိကြဘူး။ ဒါပေမယ့် သူချစ်နေတာကိုတော့ သူပဲသိတယ်။ ယောကျ်ားလေးတွေအနေနဲ့ကတော့ ငါ့ချစ်သူငါ့ကိုမှ ချစ်ရဲ့လားဆိုတဲ့ သံသယဝင်ကောင်းဝင်နိုင်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ကိုယ်ချစ်ရတဲ့ ချစ်သူမိန်းကလေးက ချစ်တယ်လို့မကြာခဏမပြောရင်တောင် သူမကိုယ့်ကိုချစ်နေလားမချစ်ဘူးလားဆိုတာကို အခုဆောင်းပါးမှာပါတဲ့ အချက်တွေနဲ့ သိနိုင်ပါတယ်။

သင့်ရဲ့လိုအပ်ချက်ကို ရှေ့တန်းတင် ဦးစားပေးတယ်

Source: Bustle

သင်ချစ်ရတဲ့ ချစ်သူမိန်ကလေးက ရိုဆန်တဲ့ စာတွေရေးပို့တာ ပြီးတော့ တိုးတိုးလေးအနားကပ်ပြီး ချစ်တယ်လို့ ပြောလေ့ရှိတဲ့ မိန်းကလေးဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် သူမဟာ သင့်ရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်ဖို့အတွက် သူမရဲ့နေ့စဉ်ဘဝကို ချိန်ညှိမှုတွေ ပြုလုပ်ပါလိမ့်မယ်။ ဒါကို သူမက အချစ်တစ်ခုအနေနဲ့ ဖော်ပြပါလိမ့်မယ်။

အနာဂတ်အကြောင်း မကြာခဏပြောမယ်

Source: She Male Hunt Boys

လူအများစုက ကိုယ်ချစ်ရတဲ့သူနဲ့ အနာဂတ်အကြောင်းတွေကို တွေးဖြစ်ကြတယ်။ အကယ်၍သင့်ချစ်သူက သင်တို့နှစ်ယောက်ရဲ့ အနာဂတ်အကြောင်း မကြာခဏပြောနေတယ်ဆိုရင် ဒါဟာသင်အပေါ်ဘယ်လောက်ထိ ချစ်လဲဆိုတာကို ပြနေတာပါပဲ။ ချစ်တယ်လို့ မကြာခဏမပြောပေမဲ့ ဒီအချက်က သူမရဲ့အိပ်မက်တွေကို တူတူမျှဝေရင်း အချစ်တွေကို ဖော်ပြနေတာပါ။

သူမရဲ့သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးမယ်

Source: Business Inside

လူတွေက သူငယ်ချင်း မိသားစုဝင်တွေနဲ့ အတူရှိနေရတာကို နှစ်သက်သဘောကျကြတယ်။ ပြီးတော့ ကိုယ်တကယ်ချစ်မြတ်နိုးပါတယ်ဆိုတဲ့ လူဖြစ်မှသာ ကိုယ်တန်ဖိုးထားရတဲ့ သူငယ်ချင်း မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးလေ့ရှိပါတယ်။ အကယ်၍ သင့်ချစ်သူက သူမရဲ့ သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ မကြာခဏတွေ့ဆုံဖို့ စီစဉ်ပေးနေတယ်ဆိုရင် ဒီအချက်ကကောင်းတဲ့ အချက်တစ်ခုပါပဲ။

သူမရဲ့အကြောက်ဆုံး အရာကိုထုတ်ပြောမယ်

Source: I Heart Intelligence

သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ဖွယ်ရာ အကြောင်းအရာတွေ မျှဝေရတာက ကိစ္စမရှိပေမယ့် တကယ့်အတွင်းထဲက အကြောက်တရားတွေကို မျှဝေတော့မယ်ဆိုရင် တွန့်ဆုတ်တက်ကြတာ လူ့သဘာဝပါပဲ။ ဒီအကြောင်းအရာတွေကို တကယ်ချစ်ရတဲ့သူ တကယ်ကိုယ့်ဘဝအတွက် အရေးကြီးတဲ့လူတွေကိုမှ ထုတ်ပြောဖို့ သက်သောင့်သက်သာရှိတာပါ။ တကယ်လို့ သင်သာ ချစ်သူမိန်းကလေးရဲ့ အတွင်းစိတ်ထဲက အကြောက်ဆုံး အရာကို သိနေပြီဆိုရင် ဒါဟာ သင့်အနေနဲ့ ချစ်သူမိန်းကလေးရဲ့ နှလုံးသားကို သိမ်းပိုက်ထားပြီလို့ ကောက်ချက်ချနိုင်ပါတယ်။