မကြာခင်မှာ (၂၀၂၀) ခုနှစ်ကုန်ပြီး (၂၀၂၁) ခုနှစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ (၂၀၂၀) ခုနှစ်က kwee ပရိသတ်တွေ သိတဲ့အတိုင်း ဝမ်းနည်းစရာတွေ ဒုက္ခပေါင်းစုံ ကြုံရတဲ့နှစ်ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကို ဒုက္ခပေးတဲ့ COVID-19 ရောဂါပြန့်ပွားမှုဖြစ်ခဲ့သလို လူသိများထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေ အားကစားသမားတွေကိုလည်း ဆုံးရှုံးခဲ့ကြရတဲ့ နှစ်လည်းဖြစ်ခဲ့ပါတယ်။ ဒီနေ့ kwee page က (၂၀၂၀) ခုနှစ်အတွင်းမှာ ဆုံးရှုံးခဲ့လိုက်ရတဲ့ ကမ္ဘာကျော် ဆယ်လီတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
Irrfan Khan

Source: Outlook India
ဘောလိဝုဒ် မှာသာမက ကမ္ဘာကပါ အသိအမှတ်ပြုထားတဲ့ ရုပ်ရှင်မင်းသားကြီး Irrfan Khan ဟာ ဧပြီလ (၂၉) ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။
Chadwick Boseman

Source: The New York Times
Blank Panther အဖြစ် လူသိများထင်ရှားတဲ့ Chadwick Boseman ဟာလည်း နှစ်ရှည်လများခံစားနေရတဲ့ ကင်ဆာရောဂါကြောင့် သြဂုတ်လ (၂၈) ရက် သောကြာနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်တွင် အသက် (၄၃) နှစ်အရွယ်ပဲ ရှိပါသေးတယ်။
Kobe Bryant

Source: Forbes
အမေရိကန် ဘတ်စကတ်ဘောအကျော်အမော် Kobe Bryant ဟာကမ္ဘာတစ်ဝှမ်းက အားကစားသမားတွေ လေးစားအားကျရသူဖြစ်ပါတယ်။ သူဟာ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကံမကောင်းစွာနဲ့ပဲ ရဟတ်ယာဉ်ပျက်ကျမှု အတွင်းမှာ ကွယ်လွန်ခဲ့ပါတယ်။
Diego Maradona

Source: Britannica
နိုဝင်ဘာလ ၂၅ ရက်နေ့မှာတော့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ Diego Maradona ကွယ်လွန်သွားခဲ့ပါတယ်။
Sean Connery

Source: The Independent
ဂျိမ်းစ်ဘွန်းအကြောင်း ပြောကြမယ်ဆိုရင် သူ့အကြောင်းကို အရင်စပြောရမယ်လို့ ဆိုကြတဲ့ ဂန္တဝင်စကော့တလန် မင်းသားကြီး Sean Connery (ရှောင်ကွန်နရီ) ဟာ ဘဟားမားနိုင်ငံမှာ အောက်တိုဘာလ ၃၁ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် (၉၀) ရှိနေပြီ ဖြစ်ပါတယ်။
