ဝိုင်နီမှာ အားပြင်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် တခြား ကျန်းမာရေးအတွက် အကျိုးပြုတဲ့အရာတွေ အများကြီးပါဝင်ပါတယ်။ လေ့လာသူတွေကလည်း ဝိုင်တွေကိုလေ့လာခဲ့ရာ (အထူးသဖြင့် ဝိုင်နီ) ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရှိကြောင်းပြောဆိုခဲ့ကြပါတယ်။ ဒီနေ့ဆောင်းပါးမှာလည်း ဝိုင်နီသောက်ခြင်းမှ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။
ဝိုင်နီကို ကျန်းမာရေးနဲ့ညီညွတ်စွာ သောက်သုံးပါက နှလုံးသွေးကြောကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ ဝိုင်နီဟာ လူမှုရေး၊ ဘာသာရေး နဲ့ ယဉ်ကျေးမှုပွဲတော်တွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။
(၁) နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုကာကွယ်နိုင်တယ်

Source: Dropouts
ဝိုင်နီသောက်ခြင်းက endothelin-1 ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို တိုက်ထုတ်ပေးနိုင်ပါတယ်လို့ Nature ဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။ endothelin-1 ဟာ သွေးကြောနံရံတွေပေါ်မှာ အဆီခဲခြင်းတွေ ကပ်ညှိခြင်းကို ဖြစ်စေနိုင်တဲ့ ပရိုတိန်းဓာတ်တစ်မျိုးပါ။ သွေးကြောနံရံပေါ်မှာ အဆီတွေစုလာတဲ့အခါ နှလုံးသွေးကြောကျဉ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဝိုင်နီသောက်ခြင်းကတော့ ဒီရောဂါလက္ခဏာတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။
(၂) ကင်ဆာ

Source: Sensica
ဝိုင်နီထဲမှာ resveratrol ဆိုတဲ့ polyphenol (အပင်ကထွက်တဲ့ ဓာတုပစ္စည်းတစ်မျိုး) ပါဝင်ပြီး အဲဒီဓာတုပစ္စည်းဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ဒဏ်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး နာတာရှည်ရောဂါတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဝိုင်နီသောက်ခြင်းဟာ အူမကြီးကင်ဆာနဲ့ အဆုတ်ကင်ဆာတို့ကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။
(၃) မှတ်ဉာဏ်အားနည်းခြင်း

Source: Lifehack
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ စပျစ်သီးအနီရောင်နဲ့ ဝိုင်နီထဲမှာ ပါဝင်တဲ့ resveratrol ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးဟာ အသက်အရွယ်ကြောင့် မှတ်ဉာဏ်အားနည်းခြင်းကို ကူညီကာကွယ်ပေးနိုင်ပါတယ်။
(၄) သွေးတိုးကျစေတယ်

Source: Wine Cooler Direct
ဝိုင်နီထဲမှာပါဝင်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ provinol ဟာ နိုက်ထရစ်အောက်ဆိုဒ်ကြောင့်ဖြစ်တဲ့ သွေးတိုးခြင်းကို ခုခံတိုက်ဖျက်ပေးပါတယ်။
