Gym သွားနေကျလူဆိုရင်တော့ ဘာတွေလိုအပ်လဲဆိုတာကို သိနေကောင်းသိနေပါလိမ့်မယ်။ ဒါပေမယ့် အခုမှ ပထမဆုံး gym ကစားတဲ့သူတွေအနေဲ့ gym သွားတဲ့အချိန် ဘာပစ္စည်းတွေလိုအပ်လဲဆိုတာ သိချင်မှသိပါလိမ့်မယ်။ ဒီနေ့ဆောင်းပါးမှာ gym သွားတဲ့ချိန် ကိုယ်နဲ့တပါတည်းယူဆောင်သွားသင့်တဲ့ ပစ္စည်းလေးတွေကို ဖော်ပြပေးသွားမှာပါ။
(၁) ပစ္စည်းများထည့်ရန် အိတ်

Source: wjazzfestival
Gym သွားဖို့အတွက် လိုအပ်တဲ့ပစ္စည်းတော်တော်များများယူဆောင်သွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပစ္စည်းတွေထည့်ဖို့အတွက် အိတ်တစ်လုံးပြင်ဆင်ထားဖို့ လိုအပ်လာပါလိမ့်မယ်။ အရမ်းကြီး ကြီးဖို့လည်းမလိုအပ်သလို အရမ်းကြီးသေးနေရင်လည်း အဆင်မပြေဖြစ်တက်ပါတယ်။ အကယ်၍ gym မှာတစ်ခါတည်းရေချိုးမယ်ဆိုရင်တော့ အဝတ်အစားတွေထည့်ဖို့ အနည်းငယ်ကြီးတဲ့ အိတ်တော့လိုပါလိမ့်မယ်။
(၂) အားကစားဖိနပ်

Source: Expert Reviews
အရေးကြီးတဲ့ အရာတစ်ခုကတော့ Gym မှာ ဝတ်မယ့် ဖိနပ်ပါပဲ။ ကိုယ်လုပ်မယ့် လေ့ကျင့်ခန်းအမျိုးအစားပေါ် မူတည်ပြီး ဖိနပ်တွေကို ရွေးချယ်နိုင်ပါတယ်။ ကာယကြံ့ခိုင်ရေးအတွက်လား၊ သက်လုံကောင်းမယ့် Cardio လေ့ကျင့်ခန်းတွေပဲ လုပ်မှာလား စသဖြင့် ကိုယ်ပြုလုပ်မယ့် လေ့ကျင့်ခန်းတွေပေါ် မူတည်ပြီး ဖိနပ်ကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။ Gym အတွက် ဖိနပ်ရွေးတဲ့အခါ ခြေထောက်ကို သက်တောင့်သက်သာရှိနေစေဖို့နဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အခါ အထောက်အကူကောင်းတစ်ခုအနေနဲ့ ဖြစ်နေဖို့ကို ရွေးရပါမယ်။
(၃) သင့်တော်တဲ့ဝတ်စုံ

Source: TheoFit
ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် ဝတ်စုံကလည်း အရေးကြီးတယ်။ Gym ဆော့ဖို့အတွက် ဝတ်စုံတွေဟာ ဘောင်းဘီအတိုဖြစ်စေ၊ အရှည်ဖြစ်စေ ကြိုက်တာကို ရွေးနိုင်ပေမဲ့ ကျပ်လွန်းတာက အဆင်မပြေဘူး။ အမျိုးသမီးတွေဆိုရင်တော့ sport bra ကောင်းကောင်းလေး ယူသွားဖို့ အရေးကြီးပါတယ်။
(၄) ရေဘူး

Source: T3.com
Protein Shake သောက်နေတဲ့လူတွေအတွက်ဆိုရင်တော့ Shaker ဘူးလေးပေါ့။ မသောက်တဲ့လူတွေကလည်း ရေဘူးလိုပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်း မောလာတဲ့အခါ ရေဘူးလေးထုတ်သောက်နိုင်အောင် ကိုယ့်အနားမှာ တစ်ပါတည်း ဆောင်ထားရမှာပေါ့။
(၅) တဘက်

Source: Prozis
ချွေးထွက်ရင်သုတ်ဖို့ တဘက်လေးတစ်ထည်လည်း သယ်သွားပါဦး။ ချွေးစုပ်နိုင်မယ့် တဘက်လေး ဖြစ်ဖို့လိုတယ်။ နောက်တစ်ခုကတော့ ကိုယ်အသုံးပြုမယ့် စက်ကိရိယာမှာ သူများရဲ့ချွေးတွေ ကျန်နေရင် ဘယ်သူကမှ မသုံးချင်ဘူး။ ဒါတွေကိုလည်း သုတ်ဖို့အတွက် တဘက်လေးတစ်ထည် ယူသွားဖို့လိုပါတယ်။
