လူတိုင်းလူတိုင်း ကိုယ်ဖြတ်သန်းနေရတဲ့ ဘဝတစ်ခုမှာ စိတ်ချမ်းသာမှု ပျော်ရွှင်မှုပဲလိုချင်ကြတာပါ။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမှာဖြစ်သလို ဖြတ်သန်းရတဲ့နေ့ရက်တိုင်းဟာလည်း အဓိပ္ပါယ်ပြည့်ဝနေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ လက်ရှိဘဝထက် ပိုမိုပျော်ရွှင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ရဖို့ အခွင့်အရေးများစွာရှိပါတယ်။ ဒီလိုပိုမိုပျော်ရွှင်ရတဲ့ ဘဝတစ်ခုပိုင်ဆိုင်ရစေဖို့ သင့်အနေနဲ့ လိုက်နာသင့်တဲ့အချက်တွေတော့ရှိနေပါတယ်။ ဘာတွေဖြစ်မလဲ ဆက်ဖတ်ကြည့်ရအောင်။
အတိတ်ကနာကျင်စရာတွေ မေ့ပစ်ပါ

Source : iStock
အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေအတွက် ကိုယ်အနေနဲ့ ပြန်လည် ပြန်ဆင်ခွင့်မရှိတော့ပေမယ့် အနာဂတ်ကိုတော့အကောင်းဆုံး ပြင်ဆင်သွားနိုင်ပါတယ်။ ဒါ့ကြောင့်ပြုပြင်လို့မရတော့တဲ့ အတိတ်က အမှားတွေအတွက် အကောင်းဆုံးသင်ခန်းစာတစ်ခုအဖြစ်သတ်မှတ်လိုက်ပါ။ ကိုယ်ရဲ့ရှေ့ဆက်မယ့်ဘဝမှာတော့ နောင်တရစရာတွေ အတိတ်ကနာကျင်စရာတွေကို ဆက်သယ်မလာဘဲ မေ့ပစ်လိုက်တာဟာ အကောင်းဆုံး အဖြေတစ်ခုပါ။
မကောင်းမြင်စိတ်တွေ ဖျောက်ပါ

Source : Lives Lived Well
Negative Sense တွေကိုယ်အပေါ် ကြီးစိုးလာတဲ့အခါ အရာရာတိုင်းကို အကောင်းမြင်နိုင်စိတ်တွေ ပျောက်ရှလာတတ်ပါတယ်။ တစ်ခုခုဆို မကောင်းမြင်တဲ့စိတ်က ရှေ့ကကာနေတဲ့အတွက် ဘဝမှာ ပျော်ရွှင်စရာဆိုတာကလည်း တဖြေးဖြေးပျောက်ရှလာပါတယ်။ ဒါကြောင့် အတက်နိုင်ဆုံး မကောင်းမြင်တဲ့ စိတ်တွေအတွေးတွေအားလုံးကို ဖျောက်ဖျက်ဖို့လိုပါတယ်။
ဒေါသစိတ်တွေလျော့ပါ

Source : Medical News Today
ဘယ်အရာမဆို ဒေါသစိတ်နဲ့ ဖြေရှင်းတဲ့အခါ အမှားများစွာ ဖြစ်သွားတတ်ပါတယ်။ ဒေါသစိတ်ကြောင့် အပ်နဲ့ထွင်းရမယ့်အရာတွေဟာ ပုဆိန်နဲ့ထွင်းရတဲ့အရာတွေ ဖြစ်သွားတတ်ပါတယ်။ ဒေါသစိတ်တွေလျော့ပြီး ကိစ္စတိုင်းကို စိတ်ရှည်သည်းခံစွာနဲ့ ဖြေရှင်းမယ်ဆိုရင် မလိုအပ်တဲ့စိတ်ညစ်စရာတွေလည်း ရလာမှာမဟုတ်ပါဘူး။
အနာဂတ်အတွက်အစီအစဉ်ဆွဲပါ

Source : Northwestern Medicine
အနာဂတ်မှာ ကိုယ်ဖြစ်စေချင်တဲ့ ဘဝပုံစံကို Plan ဆွဲပါ။ လူတော်တော်များများ လျှောက်သာလျှောက်နေကြတာ ပန်းတိုင်က ဘယ်ဆီနေမှန်းမသိဘူးဆိုတဲ့အဖြစ်တွေ အများကြီးရှိနေပါတယ်။ ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့ အစီစဉ်တစ်ခုရှိသူတိုင်းဟာ သေချာရေရာတဲ့အနာဂတ်ပန်းတိုင်အတွက် အမြဲပျော်ရွှင်တက်ကြွစွာ ကြိုးစားလျှောက်လှမ်းနေကြသူတွေဖြစ်ပါတယ်။
