တခါတရံလူတွေဟာ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်တယ်ဆိုတာ ကိုယ်ကိုယ်တိုင်နဲ့ ငြိမ်းချမ်းရေးယူပြီးရှေ့ကို ဆက်လျှောက်သွားဖို့ပဲဖြစ်ပါတယ်။ ဒီအတွက်သင့်ကိုယ်သင်စာနာမှု၊ ကိုယ်ချင်းစာမှု၊ ကြင်နာမှုနဲ့ နားလည်မှုတွေ လိုအပ်ပါတယ်။ သင်လုပ်ခဲ့တဲ့အမှားသေးသေးလေးတစ်ခု ဒါမှမဟုတ် ဆုံးဖြတ်ချက်တစ်ခုက သင့်ဘဝတစ်လျှောက်လုံးအပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါပေမယ့် သင့်ကိုယ်သင်ခွင့်လွှတ်လိုက်ပြီး ဘဝကိုရှေ့ဆက်တဲ့အခါအများကြီးပိုကောင်းလာတာကိုတွေ့ရမှာပါ။ ဒါဆို အခုကိုယ့်ကိုယ်ကိုဘယ်လိုခွင့်လွှတ်ရမလဲဆိုတာပြောပြပေးပါမယ်။

(၁) သင့်ရဲ့ စိတ်ခံစားမှုတွေကို အာရုံစိုက်ပါ

Source : Medium

သင့်ကိုယ်သင် ဘယ်လိုခွင့်လွှတ်ရမလဲဆိုတာကို လေ့လာဖို့ ပထမဆုံးခြေလှမ်းကသင့်ရဲ့ စိတ်ခံစားချက်တွေကို အာရုံစိုက်ဖို့ပဲဖြစ်ပါတယ်။ တခြားအရာတွေမလုပ်ခင်မှာ သင့်ရဲ့စိတ်ခံစားမှုကိုယုံကြည်ဖို့လိုအပ်တဲ့ အရင်းအမြစ် ကိုအသိအမှတ်ပြုပြီး လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ သင့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို အသိအမှတ်ပြု လက်ခံဖို့သင့်ကိုယ်သင်ခွင့်ပြုပါ။ ပြီးရင်လက်ခံပေးလိုက်ပါ။

(၂) သင့်အမှားကို လိုလိုလားလား အသိအမှတ်ပြုပါ

Source : Pinterest

တကယ်လို့သင်က အမှားတစ်ခုလုပ်ခဲ့ပြီး အဲ့ဒီအမှားကိုပြုပြင်ဖို့ကြိုးစားရခက်နေတယ်ဆိုရင် မှားခဲ့တဲ့အတိုင်းပဲ သင့်ပါးစပ်ကနေထုတ်ဖော်ပြောပြီးအသိအမှတ်ပြုလိုက်ပါလို့ ဆိုပါတယ်။ သင့်ခေါင်းထဲနဲ့သင့်ရင်ထဲကအတွေး တွေကိုဖွင့်ထုတ်ပေးလိုက်တဲ့အခါ သင့်အတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်တော့ဘဲ သက်သာသွားပါလိမ့်မယ်။ ဒါ့အပြင် သင့်လုပ်ခဲ့တဲ့အမှားကနေသင်ခန်းစာယူဖို့လည်း လွယ်ကူသွားစေပါလိမ့်မယ်။

(၃) သင့်အတွင်းစိတ်ရဲ့ ဝေဖန်မှုနဲ့ အပြန်အလှန်စကားပြောပါ

Source : Envato Elements

သင့်စိတ်ထဲမှာရှိတဲ့အရာတွေကိုချရေးတာက သင့်အတွင်းစိတ်ကဝေဖန်မှုတွေကိုသတိပြုမိရန်နဲ့ သင့်ကိုယ်သင် နားလည်ဖို့ ကူညီနိုင်ပါတယ်။ သင်လုပ်နိုင်တာကတော့ သင်နဲ့သင့်စိတ်ထဲကဝေဖန်ရေး ဆရာအကြားအပြန်အလှန်ပြောနေတဲ့ စကားတွေကို စာအုပ်ထဲမှာချရေးလိုက်ဖို့ပါပဲ။ သင့်ရဲ့အားသာချက်တွေနဲ့ စွမ်းရည်တွေအပါအဝင်သင်ကြိုက်နှစ်သက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုလဲစာရင်းလုပ်ခြင်းအားဖြင့် သင့်ကိုယ်သင်ယုံကြည်မှုတိုးပွားစေနိုင်ပါတယ်။

(၄) သင့်ရဲ့ကိုယ်ပိုင် အကြံဉာဏ်ကိုအသုံးချပါ

Source : Alphametic

မကြာခဏဆိုသလို သင့်အနေနဲ့ကိုယ်ပိုင်အကြံဉာဏ်ကိုသုံးတက်ထက် တခြားသူတွေကိုဘာလုပ်သင့်တယ်ဆိုတာကိုပြောဖို့က ပိုလွယ်ကူပါလိမ့်မယ်။ လက်ထပ်ထိမ်းမြားခြင်းနဲ့ မိသားစုဆိုင်ရာပညာရှင်ရဲ့အဆိုအရ တကယ်လို့သာသင့်လုပ်ခဲ့တဲ့ အမှားမျိုးကိုသင့် သူငယ်ချင်းကလုပ်ခဲ့မိတယ် ဆိုရင် သင်သူတို့ကိုဘယ်လိုအကြံပေးမလဲဆိုတာကိုတွေးပြီး သင့်ကိုယ့်ပိုင်အကြံဉာဏ်ကိုအသုံးပြုသင့်တယ်လို့ ဆိုပါတယ်။ တကယ်လို့သင့်အနေနဲ့တွေးရတာခက်နေတယ်ဆိုရင် သင့်သူငယ်ချင်းနဲ့ သင်ဖြစ်ခဲ့တဲ့အတိုင်း ပြန်ပြောဖို့အကူအညီတောင်းနိုင်ပါတယ်။ ဒါဆိုသင်ကအကြံပေးသူအနေနဲ့ဖြစ်သွားပြီး သင့်ကိုယ်သင် ဘာတွေဆက်လုပ်သင့်တယ်ဆိုတာစဉ်းစားမိစေဖို့အဆင်ပြေပါလိမ့်မယ်။