၂၀၂၁ ကိုရောက်ပြီဆိုတော့ စိတ်သစ်လူသစ်နဲ့ တစ်နှစ်တာကို ဖြတ်သန်းဖို့ ရယ်ဒီဖြစ်နေကြမယ်ထင်ပါတယ်။ နှစ်ဟောင်းမှာ အဆိုးတွေကြုံခဲ့ရတယ်ဆိုပေမယ့် နှစ်သစ်မှာတော့ အကောင်းဆုံးဖြတ်သန်းကြရမှာပါ။ ဒါပေမယ့် တချို့အလေ့အကျင့်တွေကို နှစ်ဟောင်းကအဆိုးတွေနဲ့အတူထားခဲ့ဖို့ အကြံပြုပါရစေ။ နှစ်ဟောင်းမှာပဲ အပြီးတိုင် စွန့်လွှတ်ထားခဲ့ပြီး နှစ်သစ်ကို လုံးဝသယ်မသွားသင့်တဲ့အကျင့်တွေက ဘာတွေဖြစ်မလဲ ဆက်ဖတ်ကြည့်ရအောင်။

အချိန်ဆွဲခြင်း

Source : Toister Performance Solutions, Inc

ဘဝမှာပျော်ရွှင်မှု အောင်မြင်မှု အသီးအပွင့်တွေကို ခံစားနေကြသူတွေအများစုဟာ အချိန်ကိုတန်ဖိုးထားကြသူတွေပါ။ ကိစ္စတိုင်းကို အချိန်ဆွဲမှုမရှိဘဲ ပြီးမြောက်အောင် လုပ်ဆောင်တတ်ကြပါတယ်။ ဒီနေ့လုပ်မယ် မနက်ဖြန်လုပ်မယ်စသည်ဖြင့် အချိန်ဆွဲနေရင်တော့ ကိစ္စတစ်ခုဟာ ကြာသင့်တဲ့အချိန်တစ်ခုထက်ပိုကြာပြီး အပ်နဲ့ထွင်းရမယ့်အရာတွေဟာ ပေါက်စိန်နဲ့ထွင်းရမယ့်အရာတွေ ဖြစ်သွားတတ်သလို မခက်ခဲသင့်ဘဲ ပိုခက်ခဲသွားတတ်ပါတယ်။

ပျင်းရိခြင်း

Source : Namibia edition Global News

နှစ်ဟောင်းမှာ လုံးဝထားခဲ့သင့်တဲ့ အကျင့်ဆိုးတွေထဲမှာ ပျင်းရိခြင်းက ထိပ်ဆုံးကပါဝင်နေပါတယ်။ အောင်မြင်မှုပန်းတိုင် အရာက်လှမ်းချင်တဲ့သူတစ်ယောက်အနေနဲ့ ပျင်းနေလို့ကတော့ အိပ်မက်တွေ လက်တွေ့ဖြစ်လာမှာမဟုတ်ပါဘူး။ ပျင်းရိမှုမရှိဘဲ နိုးကြားတက်ကြွနေမှာ ကိုယ့်အတွက်အခွင့်အလမ်းတွေကို အမိအရဖမ်းဆုပ်နိုင်မှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုဘောင်ခတ်ခြင်း

Source : Inc. Magazine

လူတိုင်းလူတိုင်း ကိုယ်လုပ်နိုင်ပါတယ်ဆိုတဲ့ အရာထက်ပိုပြီး လုပ်နိုင်သေးတယ်ဆိုတာယုံပါ။ တစ်ခါတစ်လေမှာ ငါကဒီလောက်ပဲအစွမ်းအစရှိတာပါ ငါဒါလေးပဲလုပ်နိုင်တာပါဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်ထားမိကြပါတယ်။ ဒီလိုကိုယ့်ကိုယ်ကို ဘောင်ခတ်မိတဲ့အခါ ကိုယ်တကယ်ဖြစ်တဲ့အရာတွေ လုပ်ချင်တဲ့အရာတွေကို ကျောခိုင်းရတတ်ပါတယ်။ ဒါကြောင့် ကိုယ်တကယ်ဖြစ်ချင်တဲ့အရာတွေမှန်သမျှ ကြိုးစားကြည့်ပါ။ ဘောင်ခတ်မထားပါနဲ့။

အလွယ်တကူလက်လျော့ခြင်း

Source : Medical News Today

လွယ်လွယ်အရှုံးပေးတတ်တဲ့သူဟာ အကြိမ်ကြိမ်ကျရှုံးရတတ်ပါတယ်။ လက်ရှိအမြင့်ကို ရောက်နေတဲ့သူတွေအားလုံး ခက်ခဲကြမ်းတမ်းတဲ့ အရာတွေကိုကျော်ဖြတ်ခဲ့သူတွေ အကြိမ်ကြိမ်ကျရှုံးခဲ့ဖူးသူတွေပါ။ တစ်ခုပဲ သူတို့အားလုံးဟာ ကျရှုံးမှုတိုင်းအတွက် လက်မလျော့ဘဲ ကျရှုံးမှုတွေကို လှေကားတစ်ခုအဖြစ် နင်းတက်ခဲ့တာကြောင့် အခုလိုအောင်မြင်နေကြသူတွေပါ။ ဒါကြောင့် အလွယ်တကူလက်လျော့ခြင်းတွေကို နှစ်ဟောင်းမှာ ထားခဲ့လိုက်ပါ။