ရှားစောင်းလက်ပတ်ပင်ဟာ အိမ်တိုင်းစိုက်ထားသင့်တဲ့အပင်တမျိုးပါ။ သူကဆေးဖက်ဝင်သလို လူတွေအတွက်ကောင်းကျိုးများစွာလည်းပေးပါတယ်။ ဒီနေ့မှာတော့ အလှအပအတွက် ရှားစောင်းလက်ပတ်ရဲ့ အသုံးဝင်ပုံတစ်ချို့ကို ပြောပြချင်ပါတယ်။

Source : Stylecraze

ရှားစောင်းလက်ပတ်မှာ အသားအရေအတွက် လိုအပ်တဲ့ အဟာရဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့အပြင် ဗီတာမင် A B C E တို့လည်း အစုံအလင်ပါဝင်ပါတယ်။ ဒါကြောင့်နေပူထဲသွားလာရတဲ့ အမျိုးသားတွေမှာအဖြစ်များတဲ့ နေလောင်ဒဏ်နဲ့ အမဲကွက်တွေကို လျင်မြန်စွာထိရောက်မှုရှိရှိ ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် ဝက်ခြံကြောင့် မျက်နှာပေါ်က ရောင်ရမ်းမှုတွေကိုလည်း အချိန်တိုအတွင်း သက်သာစေမှာဖြစ်ပြီး ဝက်ခြံ ၊ တင်းတိတ်နဲ့ အမဲစက်တွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။ ဝက်ခြံကြောင့် မျက်နှာပေါ်မှာ အနီကွက်နဲ့ ရောင်ရမ်းမှုတွေ ဖြစ်နေရင်တော့ ရှားစောင်းလက်ပတ်အနှစ်ကို ဇွန်းနဲ့ခြစ်ယူပြီး ရေအနည်းငယ်ထည့်ကာ ရေခဲသေတ္တာထဲ အေးခဲသွားတဲ့အထိ ထားပေးရပါမယ်။

အဆိုပါ ရှားစောင်းလက်ပတ်ရေခဲတုံးလေးနဲ့ ရောင်ရမ်းမှုတွေဖြစ်နေတဲ့နေရာတစ်ဝက် စက်ဝိုင်းပုံစံ ပွတ်လိမ်းပေးမယ်ဆိုရင် ရောင်ရမ်းမှုတွေလျော့ကျစေပြီး ချော့မွတ်တဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။နောက်ထပ်လည်း အသားအရေမညီညာသူတွေ အသားအရေလျော့တွဲနေသူအတွက်လည်း ရှားစောင်းလက်ပတ်အနှစ်ကို ပျားရည်အနည်းငယ်ရောပြီး သမအောင်မွေကာ မျက်နှာအနှံ့ လိမ်းပေးရပါမယ်။ ထို့နောက် တဘက်အပါးလေးနဲ့ မျက်နှာပေါ်အုပ်ကာ မိနစ်(၃၀) ခန့်ထားပေးရပါမယ်။ အချိန်စေ့ရင်တော့ မျက်နှာသစ်ကာ အစိုဓာတ်ထိန်းခရင်မ် တစ်ခုခုလိမ်းပေးရပါမယ်။

Source : Spy

ဒီနည်းအတိုင်းတစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် အသားအရေတင်းတင်းရင်းရင်းနဲ့ ဖြူဝင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။