ခေါင်းကိုက်တဲ့အခါနေမထိထိုင်မသာနဲ့အတော်လေးနေရခက်ပါတယ်။ ခေါင်းကိုက်တာက အခြေအနေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာ အိပ်ရေးပျက်တာ အရက်သောက်တာ စိတ်ဖိစီးမှုများတာတွေပါ။ အကယ်၍ သင့်အနေနဲ့ခေါင်းကိုက်လာပြီဆိုရင်တော့ အခုပြောမယ့် အစားအစာတွေစားပေးလိုက်ပါ။

Source : Medical News Today

ရေ – ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ရေဝဝလင်လင်သောက်သုံးခြင်းဖြင့် ပြန်လည်ဖြည့်တင်းပေးဖို့လိုပါတယ်။ ရေဓာတ် ဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်စေတဲ့ ခေါင်းကိုက်ဝေဒနာကို ရေသောက်ခြင်းနဲ့ပဲ ပြန်လည်ကုစားလို့ရပါတယ်။ ဒါကြောင့်ရေများများသောက်ပါ။ ဒါပေမယ့် ရေဆိုတဲ့ နေရာမှာ ရေခဲရေထက် သဘာဝရေကိုပဲ ပိုပြီးသောက်သုံးသင့်ပါတယ်။

ဖရဲသီး – ခေါင်းအရမ်းကိုက်နေတဲ့အချိန် ဖရဲသီးလို ရေဓာတ်ပါဝင်မှုများတဲ့ အသီးအနှံမျိုးစားပေးခြင်းက ခေါင်းကိုက်ဝေဒနာကို အမြန်ဆုံး သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။ ဖရဲသီးမှာအဓိက အားဖြည့် ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် သတ္တုဓာတ်လို ခေါင်းကိုက်သက်သာစေတဲ့ ဓာတ်မျိုးတွေလည်းပါဝင်တာကြောင့် ခေါင်းကိုက်နေရင် ဖရဲသီးသာအမြန်ဆုံးစားလိုက်ပါ။

Source : Medium

ဟင်းနုနွယ် – ပြည့်စုံတဲ့ထမင်းဝိုင်းတစ်ခုဖြစ်ဖို့ အသားချည်းစားလို့မရနိုင်ပါဘူး။ အသီးအရွက်ကြော်တစ်မျိုးမျိုးလည်း ပါဝင်ရပါမယ်။ အရသာရှိပြီး အဟာရပြည့်ဝတဲ့ အရွက်ကြော်ဟင်းတစ်ပွဲအတွက် အကောင်းဆုံးကတော့ ဟင်းနုနွယ်ရွက်ဖြစ်ပါတယ်။ ဟင်းနုနွယ်ရွက်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရဓာတ် ကြွယ်ဝစွာပါဝင်တဲ့အပြင် သွေးဖိအားကိုလည်း ကောင်းမွန်စေတာဖြစ်ပါတယ်။ ခေါင်းကိုက်ဝေဒနာဟာ သွေးဖိအားကျဆင်းရင်လည်းဖြစ်တတ်တာေ ကာင့် သွေးဖိအားပြန်လည်ကောင်းမွန်စေမယ့် ဟင်းနုနွယ်ရွက်ကို စားသုံးပေးဖို့လိုပါမယ်။

ငှက်ပျောသီး – ငှက်ပျောသီးဟာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ခေါင်းကိုက်ဝေဒနာကို အမြန်ဆုံးပျောက်ကင်းသက်သာစေမယ့် သဘာဝအသီးတစ်ခုဖြစ်ပါတယ်။ နေပူထဲသွားလာရများတဲ့သူတွေအနေနဲ့ ငှက်ပျောသီးလေးတစ်လုံးနှစ်လုံးတော့ အိတ်ထဲဆောင်ထားသင့်ပါတယ်။ ခေါင်းကိုက်ဝေဒနာခံစားရပြီဆိုတာနဲ့ ငှက်ပျောသီးလေးသာထုတ်စားလိုက်ပါ။ အမြန်ဆုံး သက်သာလာစေမှာဖြစ်ပါတယ်။

Source : Lehigh Center

အာလူး – အားလူးဟာ ရေဓာတ်ခမ်းခြောက်ခြင်းကို အမြန်ဆုံးပြန်လည် ဖြည့်တင်းပေးနိုင်တဲ့ အစားစာတစ်ခုဖြစ်ပါတယ်။ ရေဓာတ်ခမ်း ခြောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ခေါင်းကိုက်ခြင်းအတွက် အမြန်ဆုံးရေဓာတ်ပြန်လည်ဖြည့်ပေးမယ့် အစားအစာဟာ အာလူးဖြစ်တာကြောင့် ခေါင်းကိုက်လာရင် အာလူးလေးသာ အပြေးစားလိုက်ပါ။