စိတ်ညစ်စရာတွေဟာ တစ်ခါတစ်လေမှာ ရှောင်ဖယ်လို့မရပါဘူး။ ကိုယ်ကမလိုချင်ပေမယ့်လည်း ကိုယ့်စီတည့်တည့်ကြီး ဝင်လာတတ်တာကြောင့် ဒီလိုစိတ်ရှုပ်စရာ စိတ်ဖိစီးစရာတွေ ကြုံလာတိုင်း အကောင်းဆုံးဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အခြေခံအချက်လေးတွေကို ပြောပြချင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ

Source : Picxy
စိတ်ဖိစီးမှု အရမ်းများလာတဲ့အခါ လေ့ကျင့်ခန်းတစ်ခုခု ပြင်းပြင်းထန်ထန်လုပ်လိုက်ခြင်းဟာ အကောင်းဆုံး စိတ်ပြေလျော့စေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အလုံပိတ်အခန်းထဲက အားကစားနည်းတွေထက် တောင်တက်ခြင်း၊ စက်ဘီးနင်းခြင်း၊ ရေကူးခြင်း၊ အပြေးလေ့ကျင့်ခြင်း စတဲ့ပြင်ပလောကနဲ့ ထိတွေ့မှုရှိတဲ့အားကစားနည်းတွေက ပိုပြီးကောင်းပါတယ်။
ရင်ဖွင့်ပါ

Source : Church Leader Insights
စိတ်ဖီးစီးစရာတွေကြုံလာတိုင်း အကောင်းဆုံးဖြေရှင်းတဲ့နည်းက ကိုယ်ယုံကြည်ရဆုံး သူငယ်ချင်းဖြစ်ဖြစ် မိသားစုဝင် တစ်ယောက်ယောက်ကိုဖြစ်ဖြစ် ရင်ဖွင့်ပြောပြပါ။ တစ်ယောက်တည်း ကြိတ်ခံစားတာထက်စာရင် တစ်ယောက်ယောက်ကို ထုတ်ပြောပြခြင်းဟာ အကောင်းဆုံးစိတ်ပြေလျော့စေမယ့်နည်း လမ်းဖြစ်သလို ဖြေရှင်းဖို့အတွက် အကြံဉာဏ်ကောင်းတွေကိုလည်း ရရှိနိုင်စေပါတယ်။
တူရိယာတစ်ခုခုတီးခတ်ပါ

Source : iStock
လူတစ်ယောက်ချင်းစီတိုင်းမှာ ဝါသနာပါရာ ကြိုက်နှစ်သက်ရာ တူရိယာတစ်ခုစီတော့ရှိမယ်ထင်ပါတယ်။ ကိုယ်ဝါသနာပါတဲ့ တူရိယာတစ်ခုခု တီးခတ်တာဟာ စိတ်ဖိစီးစရာတွေ စိတ်ရှုပ်စရာတွေကို အများကြီးထိထိရောက်ရောက် လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
အိပ်ပါ

Source : HelpGuide.org
အိပ်စက်ခြင်းဟာလည်း အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ စိတ်အရမ်းပင်ပန်းလာတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်ခြင်းဖြင့် စိတ်ဖိစီးမှုတွေ လျော့ကျသွားစေနိုင်သလို အားအင်အသစ်တွေလည်း ပြန်လည်ရရှိကာ ပြဿနာကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းသင့်တဲ့ ဆုံးဖြတ်ချက်ကိုပါ မှန်ကန်စွာ ချနိုင်လာမှာဖြစ်ပါတယ်။
