အားကစားလုပ်မယ်ဆို အားကစားသုံး ကိရိယာတန်ဆာပလာ Equipment ကောင်းရှိဖို့ လိုပါတယ်။ Gym ကစားတဲ့ အမျိုးသားတွေအတွက်ဆိုရင် ချွေးစိုခံအားကစားရှပ် နဲ့ ဘောင်းဘီအပြင် ကိုယ်လုပ်မယ့်အားကစားနဲ့ လိုက်ဖက်တဲ့ ဖိနပ်ကောင်းတစ်ရံလည်း ပိုင်ဆိုင်ထားသင့်ပါတယ်။
Gym Shoes တွေဟာ ပုံမှန် အလှစီးဖိနပ်တွေနဲ့ မတူပါဘူး။ အကြမ်းပတမ်းခံရမယ်။ အားကစားလုပ်ချိန်မှာ ခြေထောက်ကို ကာကွယ်နိုင်တဲ့အပြင် Gym ကစားမှုအတွက်ပါ သက်တောင့်သက်သာနဲ့ အထောက်အပံ့ဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ်လုပ်တဲ့ အားကစားအလိုက် မှန်ကန်တဲ့ ဖိနပ်တစ်ရံကို ရွေးချယ်ဖို့ အကြံတချို့ ပေးချင်ပါတယ်။
(၁) Cross-Training

Photo: Freepik
တစ်ကိုယ်လုံးက ခြေ ၊ လက်ကြွက်သားတွေ အလုပ်ပေးတဲ့ ထိုင်/ထ Sit-Ups ၊ Planks ထောက်ခြင်းနဲ့ ဒိုက်ထိုးခြင်း ၊ Leg Climbing Crunches တို့လို Cross-Training ကစားတဲ့အခါမှာ အားကစားဖိနပ်ဖြစ်ရင် ရပါပြီ။ ပေါ့ပါးပြီး အကြမ်းခံမယ် ၊ လှုပ်လှုပ်ရှားရှား လုပ်ရာမှာ လှည့်လို့ ပြုလို့ကောင်းပြီး ကုပ်အားကောင်းဖို့ကတော့ အခြေခံ လိုအပ်ချက်ဖြစ်ပါတယ်။
(၂) Weightlifting

Photo: Freepik
ဝိတ်မတဲ့ အားကစားသမားတွေအဖို့ အကြမ်းခံမှုမြင့်တဲ့ ဖိနပ်ကို ပိုဦးစားပေးရမှာပါ။ ဖနောင့်မြှင့်ထားတဲ့ ဖိနပ်တွေဟာ ခြေကျင်းဝတ်လှုပ်ရှားမှုကို သက်သာစေပြီး ခြေသလုံးကြွက်သားတစ်သျှူးတွေ ပိုပြီး လှုံ့ဆော်နိုင်ပါတယ်။ Weightlifting ကစားသူတွေ စီးတဲ့ ဖိနပ်ဟာ လှဖို့ မလှဖို့ထက် ဒေါက်မြင့်ပြီး ပေါ့ပါးရမယ်၊ အကြမ်းပတမ်းခံတယ်ဆိုရင် အဆင်ပြေပါတယ်။
(၃) Running

Photo: Freepik
အပြေးသမားတွေအတွက် လိုက်ဖက်တဲ့ Running Shoe တွေ ရွေးမယ်ဆို ဖနောက်နဲ့ ဖဝါးအလယ်ပိုင်းမှာ Fit ဖြစ်နေရပါမယ်။ ခြေချောင်းတွေ မနာအောင် နေရာလွတ်လည်း ရှိနေဖို့ လိုပါတယ်။ အဓိကကတော့ အပြေးဖိနပ်ဟာ ရေရှည်ပြေးနိုင်လွှားနိုင်အောင် သက်တောင့်သက်သာရှိသင့်ပါတယ်။
											
				
									
	
	
	
	
	
	