နာမည်ရင်း ဒွိုင်းဂျွန်ဆင်ထက်စာရင် သူ့ကို The Rock လို့ ပိုပြီး လူသိများကြပါတယ်။ နောက်တစ်ခု သူ့ကို လူတွေ မှတ်မိကြတာက သူ့ရဲ့ ဧရာမဗလကြီးပဲ ဖြစ်ပါတယ်။ ဟောလီးဝုဒ်ထိပ်တန်း A စာရင်းဝင် မင်းသားကြီးဟာ တစ်ခါက WWE နပန်းချန်ပီယံအဖြစ်လည်း နာမည်ကျော်ခဲ့ပါတယ်။

Photo: Street Workouts
The Rock ဟာ သူ့ခန္ဓာကိုယ်ကို အထူးဂရုစိုက်သူတစ်ဦးဖြစ်ပါတယ်။ ကိုယ်တိုင်က Body Builder တစ်ဦးလည်း ဖြစ်လို့ သူ့ရဲ့ Body Building အစီအစဉ်ကို အကောင်းဆုံး ထောက်ပံ့အောင် စားသောက်ပါတယ်။ ဒီတစ်ခေါက်မှာ ကိုယ်တိုင်အားကစားလုပ်သူတွေအတွက် The Rock ရဲ့ စားသောက်မှုပုံစံအကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
The Rock ဟာ မနက်စောစောထပြီး Cardio ကစားလေ့ရှိပါတယ်။ မနက် ၄ နာရီ ၅ နာရီဆိုရင် သွေးပူကစားပါတယ်။ ပြီးရင်တော့ မနက်စာအဖြစ် အမဲသား ၁၀ အောင်စ ၊ ကြက်ဥတစ်လုံး ၊ Oatmeal ၂ ခွက် နဲ့ ကြက်ဥအကာ ၃ ခု နဲ့ ဖရဲသီးတစ်ဖန်ခွက် သောက်ပါတယ်။ ဒါက ပထမဆုံး အနပ်ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် သူဟာ တစ်ရက်ကို ၅ ကြိမ်စားသောက်မှု လုပ်ပါတယ်။ မနက် ၁၀ နာရီလောက်မှာ ကြက်သား ၂ ပိုင်း ၊ ပန်းပွင့်စိမ်း ၃ ခွက် ၊ မှို ၃ ခွက် ၊ ငရုတ်ပွကြီး ၂ တောင့် နဲ့ ပရိုတိန်းရှိတ်ခ် ၁ ခွက်တို့ကို စားပါတယ်။ တတိယအကြိမ်စားတာက နေ့လည်စာ ဖြစ်ပါတယ်။ နေ့လည်စာမှာ ကြက်ဥနှစ်လုံး ၊ ကညွတ် ၈ အောင်စ ၊ ဆယ်လ်မွန်ငါး ၈ အောင်စ ၊ ပန်းပွင့်စိမ်း ၃ ခွက်နဲ့ ထမင်းပေါင်း ၂ ခွက်တို့ ပါရှိပါတယ်။

Photo: Daily Mail
လေးကြိမ်မြောက်စားသောက်မှုက ညနေစာဖြစ်ပါတယ်။ ညနေစာမှာ အသား ၁၀ အောင်စ ၊ ကညွတ် ၈ အောင်စ ၊ ဖုတ်ထားတဲ့ အာလူး ၃ လုံးနဲ့ လိမ္မော်ရည် ၁ ဖန်ခွက်တို့ ပါရှိပါတယ်။ ညဘက်စားတဲ့ ဒင်နာမှာ ကြက်ဥအကာ ၁၀ လုံးစာနဲ့ Casein Protein ၂၀ ဂရမ် စားလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကတော့ The Rock မင်းသားကြီးရဲ့ ပုံမှန် စားသောက်မှု ပုံစံဖြစ်ပြီး အထူးသီးသန့်စားသောက်မှုပုံစံတွေလည်း လုပ်လေ့ရှိပါတယ်။
