ပေါ့ပေါ့ပါးပါး အရသာရှိရှိနဲ့ ငြိမ့်ချင်ရင် အပြင်းအစား ကော့တေးလ်ကို စဉ်းစားသင့်ပါတယ်။ ကော့တေးလ်တွေ ဘယ်အချိန်က စပြီး ပေါ်ပေါက်လာတယ်ဆိုတာ တိကျသေချာတဲ့ အထောက်အထားမတွေ့ရပေမယ့် အခုချိန်မှာ ကော့တေးလ်ယဉ်ကျေးမှုတွေ ခေတ်စားလာနေပါတယ်။

ကော့တေးလ်ဆိုတာ အရက်ကိုမှ သစ်သီးဖျော်ရည် ဒါမှမဟုတ် ခရမ်လိုမျိုး တစ်ခုခုနဲ့ ရောစပ်ပြီး သကြားတို့ သံပုရာတို့နဲ့ ရောစပ်သောက်ရတာမျိုး ဖြစ်ပါတယ်။ ကော့တေးလ်ဖျော်စပ်မှုပေါ် မူတည်ပြီး အရသာတွေ ပြောင်းသလို လူတွေရဲ့ အကြိုက်လည်း ပြောင်းသွားပါတယ်။ ဒီထဲက လူကြိုက်များတဲ့ ကော့တေးလ်တချို့အကြောင်း ညွှန်းချင်ပါတယ်။

(၁) Apple Martini

Photo: craftlog

Appletini လို့လည်း ခေါ်ကြပါတယ်။ ချဉ်ဖြုံးဖြုံးနဲ့ ပြင်းရှရှအရသာပေးပါတယ်။ ဗော့ဒ်ကာနဲ့ ပန်းသီး Juice တို့က အဓိက ဖြစ်ပါတယ်. တစ်ခါတလေမှာ ပန်းသီးဘရန်ဒီတို့ ပန်းသီးရှာလကာရည်တို့လည်း ပါတတ်ပါတယ်။ ပြီးရင်တော့ အရသာပြောင်းဖို့ သံပုရာရည်လေးပါ စပ်လို့ရပါတယ်။

(၂) Margarita

Photo: thespruceeats

Margarita ဆိုတာ တက်ကီလာ နဲ့ သံပုရာသီးကို ရေခဲနဲ့ ရှိတ်ခ်ထားတာ ဖြစ်ပြီး ဖန်ခွက်အနားမှာ ဆားပွင့်လေးတွေနဲ့ပါ။ တချို့က Margarita ကို သံပုရာသီးမဟုတ်ဘဲ မက်မွန်တို့ စတော်ဘယ်ရီသီးတို့နဲ့ ကော့တေးလ်လုပ်သောက်ကြပါတယ်။

(၃) Caipirinha

Photo; Black Bull Liquor

ဒီကော့တေးလ်က စပိန်တုပ်ကွေးအတွက် အိမ်တွင်းကုထုံးတစ်ခုအနေနဲ့ ဖျော်စပ်ခဲ့တာပါ။ ဘရာဇီးမှာ ကြံကထုတ်တဲ့ Cachaca အရက် ဒါမှမဟုတ် ရမ်အဖြူ/‌ဗော့ဒ်ကာတစ်မျိုးမျိုးကို အညိုရောင်သကြားနဲ့ သံပုရာရည်တို့နဲ့ ကော့တေးလ်လုပ်ထားတာ ဖြစ်ပါတယ်။

(၄) Cosmopolitan

Photo: Ocean Spray

Cosmo လို့လည်း လူသိများပါတယ်။ ဒီကော့တေးလ်က ဗော့ဒ်ကာ ၊ Triple Sec လို့ ခေါ်တဲ့ လိမ္မော်အရသာ ယမကာတစ်မျိုး ၊ ခရန်ဘာရီဂျူ့စ် နဲ့ လတ်ဆတ်တဲ့ သံပုရာရည်လေးတွေနဲ့ ဖန်တီးထားတာပါ။ ဗော့ဒ်ကာကြိုက်သူတွေအတွက် ညနေခင်းတွေမှာ အဖော်တစ်ယောက်လို ဖြစ်စေမယ့် ကော့တေးလ်ပါပဲ။

(၅) Mojito

Photo: Punch Drink

Mojito ကော့တေးလ်ဖျော်စပ်ရတာ သိပ်တော့ အလုပ်မများပါဘူး။ ရမ်အဖြူ ၊ ပူစီနံ ၊ လိမ္မော်ရည် ၊ သကြားနဲ့ ဆိုဒါရေပဲ လိုပါတယ်။ တချို့က ဆိုဒါအစား Sprite တို့ 7-Up တို့နဲ့ ရောသောက်ကြပါတယ်။ အပေါ်မှာပြောခဲ့သလိုပါပဲ။ အေးအေးဆေးဆေး ငြိမ့်ငြိမ့်လေး သောက်ဖို့အတွက် ကော့တေးလ်ကောင်းတစ်ခွက်ရမှာ ဖြစ်ပါတယ်။