Tesla ကိုတည်ထောင်သူလည်းဖြစ် CEO လည်းဖြစ်သူ အီလန်မတ်စ်ဟာ Amazon ဘောစ်ဖြစ်သူ ဂျက်ဘီးဇော့စ်ကို ကျော်ဖြတ်ပြီး ကမ္ဘာအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပြီလို့ US သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Source: Yahoo News Indai

Bloomberg ရဲ့ ဖော်ပြချက်အရ Tesla ရဲ့ ရှယ်ယာ (၄.၈) ရာခိုင်နှုန်း မြှင့်တက်သွားမှုက အီလန်မတ်စ် ကိုကမ္ဘာအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သွားစေခဲ့တာလို့ သိရပါတယ်။

အသက် (၄၉) နှစ်အရွယ်သာရှိသေးတဲ့ အီလန်မတ်စ် ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၁၈၆) ဘီလီယံရှိပြီး ဂျက်ဘီးဇော့စ် ထက် ဒေါ်လာ (၁.၅) ဘီလီယံ ပိုမိုချမ်းသာလာခဲ့ပါတယ်။ ဂျက်ဘီးဇော့စ် ဟာ (၂၀၁၇) ခုနှစ် အောက်တိုဘာလ ကတည်းက ကမ္ဘာအချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်လာခဲ့သူလည်းဖြစ်ပါတယ်။

Source: TheAfricanDream

သူ၏ပိုင်ဆိုင်မှု ထက်ဝက်ကို ကမ္ဘာကြီး၏ ပြဿနာများ ကူညီဖြေရှင်းရေးတွင် အသုံးပြုမည်ဖြစ်ပြီး ကျန်ထက်ဝက်ကိုမှု အင်္ဂါဂြိုဟ်ပေါ်တွင် မြို့ကြီးတစ်မြို့တည်ဆောက်ရေးအတွက် အသုံးပြုရန် ရည်ရွယ်ထားကြောင်း အီလန်မတ်စ် သူရဲ့ လူမှုကွန်ယက်မှာ ပြောကြားခဲ့ပါသေးတယ်။

အင်္ဂါဂြိုဟ်တွင် မြို့ကြီးတစ်ခု တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာကြီးအား အလွန်ကြီးမားလှသော ဥက္ကာပျံကြီးနှင့် တိုက်မိခြင်း (သို့) တတိယကမ္ဘာစစ် ဖြစ်ပွားခြင်းများ ဖြစ်ပေါ်လာပါက ကမ္ဘာကြီးရှိ သက်ရှိမျိုးစိတ်အားလုံး ဆက်လက်ရှင်သန်ခွင့်ရနိုင်ရန် ရည်ရွယ်ကြောင်း အီလန်မတ်စ်က ပြောကြားခဲ့ပါတယ်။

Source:Hashtagbulletin

အီလန်မတ်စ်ဟာ ယခုနှစ်အစောပိုင်းတွင် Tesla ရဲ့ရှယ်ယာဈေးလျင်မြန်စွာမြင့်တက်ခဲ့သည့်အပြင် SpaceX ကလည်း အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် ကန်ဒေါ်လာ (၁၀၀) ဘီလီယံအထိ ကြွယ်ဝမှု မြင့်တက်ခဲ့ရာမှ ဘီလ်ဂိတ်ကို ဖြတ်ကျော်ကာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။ ယင်းနောက် မကြာမီတွင်ပင် ဂျက်ဘီးဇော့စ်ကိုပါ ဖြတ်ကျော်ကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တာပါ။