ဂီတတူရိယာတီးခတ်ခြင်းဆိုတာ ကောင်းမွန်တဲ့ဝါသနာတစ်ခုပါပဲ။ အားလပ်ချိန်တွေကိုအကျိုးရှိရှိအသုံးချချင်တယ် စိတ်အပန်းပြေချင်တယ် ပျော်စရာကောင်းချင်တယ်ဆိုရင်တော့ ဂီတတူရိယာတစ်မျိုးမျိုးတီးခတ်ဖို့ အကြံပြုချင်ပါတယ်။ ဒီနေ့တော့ တူရိယာတစ်ခုခုတီးခတ်တက်ချင်သူတွေအတွက် သင်ရလွယ်ပြီး မြန်မြန်ဆန်ဆန်တီးခတ်တက်နိုင်မယ့် ဂီတတူရိယာတွေကိုပြောပြပေးချင်ပါတယ်။
Harmonica
Source: Shockpedia
မြန်မာမှုပြုပြီးခေါ်ရရင်တော့ ဘာဂျာလို့ခေါ်ပါတယ်။ သူကတော့ အသက်အလတ်ပိုင်း လူရွယ်တွေအတွက် ပိုပြီးသင့်တော်ပါတယ်။ အခြေခံ Note တွေကို အများကြီး ကျက်မှတ်နေစရာမလိုသေးပါဘူး။ တစ်ဖြည်းဖြည်းကျင့်ရင်းနဲ့ ရလာနိုင်ပါတယ်။ ကြိုးခြောက်ကြိုးပါတဲ့ ဂီတာကို တီးရတာလောက်တော့ မခက်ခဲပါဘူး။
Ukulele

Source: Musicnotes.com
Ukulele ဆိုတာ ဂီတာနဲ့ ပုံစံချင်းဆင်တူပါတယ်။ ဒါပေမယ့် ဂီတာမှာကတော့ ခြောက်ကြိုးပါဝင်တာဖြစ်ပြီး သူ့မှာတော့ နိုင်လွန်ကြိုးလေးကြိုးသာပါဝင်ပါတယ်။ ကြိုးတွေအများကြီးလည်းမဟုတ်တော့ အခြေခံ Chord ကို အရင်တီးခတ်လေ့လာကြည့်ပြီး ကိုယ်တစ်ကယ်ပိုင်နိုင်ပြီဆိုတဲ့အခြေအနေကိုရောက်မှ ဂီတာကို တီးခတ်သင့်တယ်လို့ထင်ပါတယ်။
Bongos

Source: McSweeney’s Internet Tendency
သင်က Salsa တေးဂီတမျိုးကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ Bongos ဗုံလေးတွေကိုတီးခတ်လေ့လာသင့်ပါတယ်။ သူက တုတ်နှစ်ခောျင်းနဲ့ တီးခတ်ရတဲ့ ဗုံကြီးတွေထက်စာရင်တော့ ပိုပြီးလွယ်ကူပါတယ်။ ပိုပြီးလည်း ရိုးရှင်းတာကို တွေ့ရမှာဖြစ်ပါတယ်။ Bongos ကိုတီးခတ်နိုင်သွားပြီဆိုရင်တော့ ဗုံကြီးတွေကို လေ့လာတီးခတ်ကြည့်နိုင်ပါပြီနော်။
Glockenspiel

Source: Dreamstime
ငယ်စဉ်ကလေးဘဝကဆော့နေကြဖြစ်တဲ့ ပတ္တလားနဲ့ ဆင်တူပါတယ်။ Xylophone ကို တီးခတ်လေ့လာချင်သူတွေအတွက်လည်း အခြေခံသင်ယူရမယ့် ကိရိယာနောက်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် သစ်သားနဲ့လုပ်ထားတဲ့ Glockenspiel အစား သံနဲ့ပြုလုပ်ထားတာနဲ့သာ တီးခတ်ပါ။ Notes တွေကိုပိုပြီး မှတ်ကြားနိုင်သလို နားထဲလည်းပိုပြီးစွဲစေပါတယ်။
Piano

Source: Musicnotes.com
စန္တရားကတော့ ခက်မလိုလိုနဲ့ သင်ရလွယ်တဲ့ ဂီတတူရိယာမျိုးဖြစ်ပါတယ်။ အခြေခံလက်ကွက်လေးတွေကို အရင်လေ့လာကြည့်ပါ။ Notes လေးတွေကို အသေအချာမှတ်သားပါ။ Xylophone ကိုတီးခတ်လေ့လာချင်တဲ့သူတွေဆိုရင်တော့ အခြေခံအဖြစ်မဖြစ်မနေလေ့လာသင့်တဲ့ တူရိယာပဲဖြစ်ပါတယ်။

