ဂျင်းဘောင်းဘီဆိုတာက စပေါ်စဥ်အချိန်ကတည်းက အမျိုးသားထုရော အမျိုးသမီးထုပါ စွဲစွဲလန်းလန်း ဝတ်ဆင်လာကြတာဟာ ယနေ့ထက်ထိတိုင်အောင်ပါပဲ။ ဘယ်လိုအကျီမျိုးနဲ့မဆို တွဲဝတ်မယ်ဆို လိုက်ဖက်တာကြောင့် ဘယ်အချိန်ဖြစ်ဖြစ် အားလုံးရဲ့အကြိုက်ဆုံး နံပါတ်တစ်ရွေးချယ်မှုလည်း ဖြစ်နေရတာပါ။

ဂျင်းဘောင်းဘီမှာတောင် စတိုင်အမျိုးမျိုး ရှိတဲ့အတွက်ကြောင့် ကိုယ်နဲ့ဘယ်လိုစတိုင်လ်တွေက လိုက်ဖက်မလဲဆိုတာကို သိထားပြီးတော့ အဲ့အတိုင်းရွေးချယ်ဝတ်ဆင်မယ်ဆိုရင် ယခင်ထက်ပိုမိုခန့်ညားတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ဆိုတာ သေချာသွားပါပြီ။

Slim Type

Source: Heavy.com

ခန္ဓာကိုယ်ကို ချပ်ချပ်ရပ်ရပ်ရှိစေတဲ့ ဂျင်းဘောင်းဘီအမျိုးအစားဖြစ်ပါတယ်။ တင်နဲ့ပေါင်ကိုချပ်ရပ်စေပြီး ခန္ဓာကိုယ်ကို သွယ်လျသွားအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။

Skinny Type

Source: Fashion.ie

ပိန်လျတဲ့အမျိုးသားများ ရွေးချယ်ဝတ်ဆင်သင့်တဲ့ ဂျင်းဘောင်းဘီအမျိုးအစားဖြစ်ပါတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ စတိုင်ကျစေနိုင်ပါတယ်။ ဒါပေမယ့် ပိုပိန်ကပ်ပြီး ကြည့်ရဆိုးတဲ့ပုံစံမျိုးမဖြစ်စေဘဲ သက်သောင့်သက်သာနဲ့ စတိုင်ကျစေနိုင်တဲ့ ဂျင်းဘောင်းဘီစတိုင်ဖြစ်ပါတယ်။

Straight Type

Source: Burberry

လူဝကြီးတွေဖြစ်စေ၊ လွတ်လပ်ပေါ့ပါးမှုကို နှစ်သက်သူဖြစ်စေ ရွေးချယ်ဝတ်ဆင်သင့်တဲ့ ဂျင်းဘောင်းဘီစတိုင်တစ်ခုဖြစ်ပါတယ်။ ဒဲ့ပွစတိုင်ဖြစ်ပြီး ပူအိုက်တဲ့နွေရာသီတွေမှာ ဝတ်ဆင်လို့အဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။