ပိတ်ရက်တွေရဲ့ ပျော်ရွှင်ဖွယ်အချိန်တွေကို ဘာနဲ့ဖြတ်သန်းကြမလဲ။ သူငယ်ချင်းတွေ၊ ဒါမှမဟုတ် ချစ်သူနဲ့အတူရှိမယ့် သောကြာညနေခင်းတွေအတွက် သောက်သုံးစရာတစ်ခုတော့ လိုအပ်ပါတယ်။

သူ့အကြိုက်ကိုယ့်အကြိုက်မတူနိုင်ကြတာမို့ အားလုံးအတူတူ တစ်နေရာကို သွားရင်တောင်မှ ရွေးချယ်မှုတွေက မတူညီနိုင်ပါဘူး။ ဘီယာကြိုက်သူရှိရင်ရှိမယ်၊ ဝိုင်သောက်ချင်သူလေးတွေလည်း ပါရင်ပါနိုင်မှာမို့ ဘယ်ရွေးချယ်မှုကတော့ ဘယ်လိုတွေကွာခြားမလဲဆိုတာကို အခုပဲဖတ်ကြည့်လိုက်ရအောင်ပါ။

ဘီယာလား

သင့်ရဲ့ဖန်ခွက်ထဲကို ဘာသောက်စရာတွေထည့်မလဲဆိုတာ သင့်ရွေးချယ်မှုပါပဲ။ ဘီယာကို သောက်သုံးခြင်းဖြင့် သွေးလည်ပတ်မှုတွေကိုမြင့်တက်စေပြီး စိတ်ကိုမြူးကြွစေနိုင်ပါတယ်။ ဒါပေမယ့် ဘီယာတစ်ဂျားသောက်ခြင်းဟာ ပီဇာတစ်စိတ်စားသကဲ့သို့ ကယ်လိုရီမြင့်တက်စေနိုင်တယ်ဆိုတာကိုလည်း သတိထားသင့်ပါတယ်။

ဝိုင်လား

ဝိုင်ကဘယ်လိုဝိုင်အမျိုးအစားမျိုးကို ရွေးချယ်မလဲ။ အဖြူရောင်ဝိုင်၊ အနီရောင်ဝိုင်နဲ့ သစ်သီးဝိုင်တွေ မျိုးစုံရှိတယ်လေ။ ဝိုင်ကိုသောက်ခြင်းကြောင့် ရရှိလာမယ့် အခြေခံအကျဆုံး အာနိသင်တစ်ခုကတော့ ခန္ဓာကိုယ်မှာ တက်စတိုရုန်းတွေ မြင့်တက်လာနိုင်တာပဲဖြစ်ပါတယ်။

ရွေးချယ်မှု

Source: Metro

ယနေ့ခေတ်ရဲ့ အမျိုးသားအများစုကတော့ သောကြာညနေခင်းတွေအတွက် ဘီယာကိုရွေးချယ်တတ်ကြပါတယ်။ အမျိုးသားတွေကြားမှာ ရေပန်းစားတဲ့ဟာသစကားတစ်ခွန်းရှိပါတယ်။ ဒါကတော့ “ကလေးဘဝမှာနို့သောက်ရသလို အရွယ်ရောက်လာတဲ့အခါ ဘီယာသောက်ရတယ် ” ဆိုတာပဲဖြစ်ပါတယ်။