ခုနောက်ပိုင်း ရာသီဥတုအပူက တအားကို လွန်ကဲနေတော့ လူတွေလည်း ရေကိုမကြာခဏ ချိုးနေရသလို အကြာကြီး စိမ်ချိုးနေကြသူတွေလည်း ရှိပါတယ်။ အဲဒီလို ရေအကြာကြီးချိုးတာ လုပ်သင့်ရဲ့လား၊ ရေအကြာကြီးချိုးလို့ ဖြစ်ရဲ့လားဆိုတာကို ခု ပြောပြပေးမယ်နော်။

ရေအကြာကြီးမချိုးသင့်ပါဘူး

Source: The Mirror

တကယ်တော့ ရေကို အကြာကြီးစိမ်ချိုးတာ မကောင်းပါဘူး။ ရေကို အကြာကြီး စိမ်ချိုးတာဟာ ခန္ဓာကိုယ်က ရှိရင်းစွဲ ရေဓာတ်တွေကို ဆုံးရှုံးစေပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ ရေဓာတ်တွေကို ဖယ်ရှားပစ်လိုက်တာကြောင့် အသားအရေကို ခြောက်သွေ့စေပါတယ်။

ရေနွေးနဲ့ ရေချိုးတာကိုလည်း ရှောင်ကြဉ်သင့်ပါတယ်

Source:Times of India

ရေနွေးနဲ့ ရေချိုးတယ်ဆိုတာကလည်း တခါတလေပဲ ဖြစ်သင့်ပါတယ်။ အမြဲတမ်း ရေနွေးနဲ့ ရေချိုးနေမယ်ဆိုရင် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်ပြီး အသားအရေခြောက်သွေ့တာမျိုး ဖြစ်ပေါ်လာစေပါတယ်။ ဒါ့ကြောင့် ရေနွေးနဲ့ ရေချိုးချင်တယ်ဆိုရင် တခါတလေမှ ချိုးပါ။

ရေချိုးချိန်ဟာ ဘယ်လောက်ရှိသင့်လဲ

Source: AIA Malaysia

ရေချိုးတာဟာ အမြဲတမ်းအတွက်တော့ ရေအေးနဲ့ပဲ ချိုးသင့်တာပါ။ ရေအေးနဲ့ ချိုးတဲ့နေရာမှာတောင် သူ့အကန့်အသတ်နဲ့သူ ရှိပါတယ်။ ရေချိုးချိန်ဟာ ဘယ်တော့မှ ၁၀ မိနစ်ထက်တော့ မကျော်လွန်သင့်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ရဲ့ အသားအရေကို ဂရုစိုက်တယ်ဆိုရင် ကိုယ့်ရဲ့ ရေချိုးချိန်ကိုလည်း သတိထားကြစေချင်ပါတယ်။