လုပ်ငန်းတစ်ခုအောင်မြင်တိုးတက်ဖို့အတွက် အရည်အချင်းအရှိ တဲ့ခေါင်းဆောင်ကောင်းလိုအပ်ပါတယ်။ ခေါင်းဆောင်ကောင်း မရှိတဲ့လုပ်ငန်းခွင်ဟာဖရိုဖရဲနဲ့ အမြန်ဆုံးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

အပြစ်ပြောခြင်းကို ရှောင်ကျဉ်ပါ

Source: BBN Times

အဆိုးတွေဖြစ်လာပြီဆိုရင် အပြစ်တင်ဖို့ အရင်မစဉ်းစားပါနဲ့။ ပြစ်တင်ပြောဆိုခြင်းတွေဟာ အကောင်းတွေ ဖြစ်မလာနိုင်သလို မိမိကိုယ်ကိုလည်း စိတ်ဖိစီးမှုတွေဖြစ်စေနိုင်ပါတယ်။ လက်အောက်ဝန်ထမ်းတွေအပေါ် နားလည်မှုအပြည့်ပေးပြီး ပြဿနာရဲ့အဖြေကို စုပေါင်းဖြေရှင်းသင့်ပါတယ်။

တာဝန်ယူမှု တာဝန်ခံမှုရှိပါ

Source: BMH Accounting

ကိုယ်ဟာခေါင်းဆောင်နေရာမှာရှိနေပြီဆိုရင် ကောင်းတဲ့ကိစ္စဖြစ်စေ၊ မကောင်းတဲ့ကိစ္စဖြစ်စေ အားလုံးဟာ ကိုယ့်တာဝန်ပဲလို့ မှတ်ယူ ထားရပါမယ်။ အောင်မြင်မှုတွေမှာတော့ တာဝန်ခံပြီး ဆုံးရှုံးမှုတွေကြုံရချိန်မှာတော့ တာဝန်ယူချင်စိတ်မရှိခဲ့ရင် ဘယ်လိုမှခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။

လေ့လာသင်ယူပါ

Source: CMI

ခေါင်းဆောင်ကောင်းတစ်ယောက်အတွက် လေ့လာသင်ယူမှုတွေဟာ အချိန်ပြည့်လိုအပ်ပါတယ်။ ခေါင်းဆောင်ဖြစ်တဲ့အတွက် လေ့လာမှုတွေမလိုအပ်တော့ဘူးလို့ မထင်ပါနဲ့။ သင်ယူစရာရှိရင် ကိုယ့်လက်အောက်ဝန်ထမ်းဆီကလည်း ပြန်လည်လေ့လာသင်ယူဖို့လိုပါ တယ်။