ယနေ့ခေတ်မှာ လူငယ်တွေသာမက အသက်အရွယ်ရနေပြီဖြစ်တဲ့ လူကြီးတွေကပါ အီလက်ထရွန်းနစ်ပစ္စည်းတွေရဲ့ သားကောင်ဖြစ်နေကြရပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဖုန်းတွေသာ အသုံးပြုနိုင်တော့တာမဟုတ်ဘဲ လပ်တော့၊ ကွန်ပျူတာ၊ တီဗီ စတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေလည်း တဖြည်းဖြည်းပေါ်ပေါက်လာပြီး မိုးလင်းကနေ မိုးချုပ်အထိ အနားကနေမခွာနိုင်ဘဲ တစ်နေ့တစ်နေ့ အချိန်တွေကုန်နေကြပါတယ်။

အခုလိုမျိုး အဟန့်အတားမရှိဘဲနဲ့ စိတ်အလိုကိုလိုက်ပြီးတော့ အီလက်ထရွန်းနစ်ပစ္စည်းတွေကို လွန်လွန်ကျူးကျူးအသုံးပြုလာခြင်းကြောင့် ကြုံတွေ့လာရမယ့် ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်းပါပဲ။

ဖုန်းအကြာကြီးသုံးသည့်အခါ မျက်လုံးထိခိုက်နိုင်ခြင်း

Source: Yahoo News Singapore

ဒီဘက်ခေတ်မှာ လူတွေက မိုးလင်းမိုးချုပ် မျက်လုံးနဲ့ ဖုန်းနဲ့ အပ်ထားကြတာပါ။ ဒီလို နေ့စဉ်နဲ့အမျှ ဖုန်းကို အသုံးပြုနေကြတာ ကြာလာရင် မျက်လုံးကို ထိခိုက်စေပါတယ်။ မျက်လုံးအမြင်အာရုံကို အရမ်းမထိခိုက်ဘူးဆိုရင်လည်း မျက်လုံးရဲ့ တောက်ပမှုတွေကို လျော့ပါးသွားနိုင်ပါတယ်။

အာရုံကြော ထိခိုက်ခြင်း

Source: Verywell Health

အီလက်ထရွန်းနစ်ပစ္စည်းတွေကို အလွန်အကျွံအသုံးပြုတဲ့အခါမျိုးမှာ အာရုံကြော ထိခိုက်မှုတွေပါ ဖြစ်လာနိုင်ပါတယ်။ အာရုံကြောထိခိုက်လာရင် မှတ်ဉာဏ်ချို့ယွင်းတာတွေပါ ဖြစ်လာနိုင်တဲ့အတွက် အီလက်ထရွန်းနစ်ပစ္စည်းတွေကို အလွန်အကျွံ သုံးစွဲမှုတွေကို လျှော့ချပစ်သင့်ပါတယ်။

အမြဲနားကြပ်တပ်ထားလျှင် ခေါင်းကိုက်ခြင်း

Source: Mobsea.com

အခုနောက်ပိုင်းကြည့်သည့်အခါ လူတိုင်းဟာ နားကြပ်လေးတွေ ကိုယ်စီတပ်ထားကြတာ တွေ့ကြမှာပါ။ တချို့ဆို မိုးလင်းမိုးချုပ် နားကြပ်တပ်ထားသူတွေတောင် ရှိကြပါတယ်။ နားကြပ်အမြဲတပ်ထားရင် ၊ သီချင်းသံကို အဆုံးထိ တင်ထားရင် နားကိုက်တာ ၊ ခေါင်းကိုက်တာ စတဲ့ ဝေဒနာတွေ ခံစားလာနိုင်ပါတယ်။

စိတ်ဆိုးဒေါသဖြစ်လွယ်ခြင်း

Source: Schema Therapy in London

နောက်ထပ်ထူးဆန်းတာတစ်ခုကတော့ ဒီလို အီလက်ထရွန်းနစ်ပစ္စည်းတွေကို အချိန်နဲ့အမျှ အသုံးပြုနေတဲ့သူတွေဟာ စိတ်ဆိုးဒေါသဖြစ်လွယ်လာပါတယ်။ အီလက်ထရွန်းနစ်ပစ္စည်းတွေ အသုံးများလာတဲ့အခါ အရာရာတိုင်းအပေါ် သည်းခံစိတ်တွေ လျော့ပါးလာပြီး စိတ်ဆိုးဒေါသကြီးလာပါတယ်။

အာရုံစူးစိုက်မှုအားနည်းခြင်း

Source: Times of India

နောက်တစ်ခုကတော့ အာရုံစူးစိုက်မှုအားနည်းလာပါတယ်။ ဒါကတော့ အီလက်ထရွန်းနစ်ပစ္စည်းတွေကို အလွန်အကျွံသုံးစွဲမှုတွေရဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ ဒီလိုဆိုးကျိုးတွေကို မခံစားရအောင်လို့ ကိုယ့်ရဲ့ အီလက်ထရွန်းနစ် သုံးစွဲမှုအချိန်တွေကို လျှော့ချပြီး အကန့်အသတ်လေးတွေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ကြစေလိုပါတယ်။