မာခ်ဇူကာဘတ်ရဲ့သတင်းတွေကို ယခုလက်တလော ကျွန်တော်တို့ မကြာမကြာ ကြားနေရပါတယ်။ Facebook က လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူးနေတယ်လို့ နိုင်ငံခြားမီဒီယာတွေက မာခ့်ကို ဝေဖန်ကြပါတယ်။ မာခ့်အနေနဲ့တော့ ထိုပြဿနာတွေကို အကောင်းဆုံးဖြေရှင်းပြနေတာလည်း ဖြစ်ပါတယ်။

မာခ်ရဲ့ငယ်ဘဝဟာတော့ သူရဲ့စွန့်ဦးတီထွင်လိုစိတ်တွေနဲ့လှပခဲ့ပါတယ်။ မာခ်ကိုတော့ နယူးယောက်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ မိဘများက သူကို ဂျုးလူမျိုးယုံကြည်ကိုကွယ်သူတစ်ယောက်ဖြစ်လာရန် လမ်းပြခဲ့သော်လည်း မာခ်ကတော့ ဘာသာမဲ့ လမ်းစဉ်ကိုသာလိုက်ခဲ့ပါတယ်။ မာခ့်ဟာ ငယ်ရွယ်စဉ်ထဲက ထူးချွန်ထက်မြတ်လှပါတယ်။ ရူပဗေဒ၊ သချာၤ၊ သိပ္ပံနဲ့ နိုင်ငံခြားဘာသာရပ်များတွင် တော်ခဲ့ပါတယ်။ သူသည်တက္ကသိုလ်ဝင်တန်းလျှောက်လွှာတွင် ပြင်သစ်၊ ဟီဂရူးနဲ့ အခြားသောဘာသာများကို ရေးနိုင်ဖတ်နိုင်ကြောင်း ရေးသားခဲ့ပါတယ်။


Source: thenextweb.com

မာခ်သည်ငယ်ရွယ်စဉ်ထဲက ကွန်ပျုတာများကို လေ့လာကိုင်တွယ်ခြင်းကို ကြိုက်နှစ်သက်ခဲ့ပါတယ်။ အလယ်တန်းကျောင်းပညာသင်စဉ်ကတည်းကပင် ဆော့ဝဲလ်များကို စမ်းသပ်ရေးသားနေပါပြီ။ သူ့အသက် (၁၁) နှစ်အရွယ်တွင် သူ့အဖေရုံးကကွန်ပျုတာနဲ့ အိမ်က ကွန်ပျူတာကို ချိတ်ဆတ်ပေးနိုင်သော Zucknet ကိုတည်ထောင်ခဲ့ပါတယ်။

အထက်တန်းကျောင်းတွင်သော တေးဂီတများကို ခံစားကာ တည်းဖြတ်နိုင်သော ဆော့ဖ်ဝဲတစ်ခုကိုတီထွင်နိုင်ခဲ့ပါတယ်။ Microsoft က အဆိုပါဆော့ဝဲလ်ကို ရောင်းချရန်ကမ်းလှမ်းခဲ့သော်လည်း မာခ်ကငြင်းပယ်ခဲ့ပါတယ်။ မာခ့်ဟာ ဟားဗတ်သို့ရောက်ရှိချိန်မှာတော့ ဘယ်သူအဟော့ဆုံးလဲလို့မေးတဲ့ ဆော့ဝဲလ်ကိုတည်ထောင်ခဲ့ပါတယ်။ အဆိုပါဆော့ဝဲလ်ဟာ ဖေဘွတ်ရဲ့အစပါ။ ထို့နောက်မှာတော့ စီးပွားရေးကို ပိုမိုလုပ်ကိုင်နိုင်ရန် မာခ်ဟာ ဟားဗတ်နဲ့လမ်းခွဲခဲ့ပါတယ်။

Source: www.wired.com

မာခ်ဇူကာဘတ်ဟာ ပရဟိတကြွယ်ဝပြီးထက်မြတ်တဲ့ သူဋ္ဌေးတစ်ယောက်ပါ။ စွန့်ဦးတီထွင်လိုစိတ်အပြည့်ရှိပြီး အသစ်အဆန်းများကို အမြဲလိုလို ရှာဖွေနေတတ်သော လူတော်လူကောင်းဖြစ်ပါတယ်။