စီးကရက်သောက်ရင် အဆုတ်ထိနိုင်တယ်ဆိုပြီး Vape ပြောင်းသောက်တဲ့သူတွေဟာ နောက်ထပ်ဒုက္ခတံခါးတစ်ချပ် သွားဖွင့်တာနဲ့ တူပါတယ်။ အီလက်ထရွန်းနစ် Devices တွေနဲ့ ဆေးလိပ်သောက်ကြတဲ့ Vaping ဓလေ့ဟာ လူငယ်ထုအကြား ရေပန်းစားလာကြတာကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ကျန်းမာရေးအန္တရာယ်အဖြစ် သတိပေးထားတာ ရှိပါတယ်။

Vape ဟာ ပုံစံစုံ ဆိုဒ်စုံနဲ့ လာပြီး Vapor တွေမှာ နီကိုတင်းအပြင် Tetrahydrocannabinol (THC) အပါအဝင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အရာဝတ္ထုတွေပါ ပါလေ့ရှိပါတယ်။ ဒါကြောင့် Vape သောက်တဲ့သူတွေဟာ အဆုတ်တင်ထိခိုက်တာ မဟုတ်ဘဲ နှလုံးရောဂါနဲ့ ကင်ဆာလို ရောဂါတွေပါ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ Vape သောက်တဲ့သူတွေဟာ အခုပြောမယ့် ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်ပါတယ်။

(၁) ဖျားနာချူချာလွယ်မယ်

Photo: The Healthy

အမေရိကန်နိုင်ငံမှာ Vape သောက်ခြင်းနဲ့ ဆက်စပ်တဲ့ အဆုတ်ထိခိုက်ဒဏ်ရာပေါင်း ၁၀၀၀ ကျော် ဖြစ်ခဲ့တယ်လို့ CDC က အစီရင်ခံစာတင်ထားပါတယ်။ အဆုတ်ရောဂါနဲ့ ဆက်စပ်နေတဲ့ ချောင်းဆိုးခြင်း ၊ အသက်ရှုရခက်ခြင်း ၊ ရင်ဘတ်နာကျင်ခြင်း ၊ ပျို့အန်ခြင်း ၊ ဝမ်းပျက်ဝမ်းလျှောခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ဝမ်းဗိုက်နာကျင်ခြင်းတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ Vaping ကြောင့် ကျန်းမာရေးထိခိုက်လာတဲ့ အသက်အရွယ်တွေရဲ့ သုံးပုံနှစ်ပုံကလည်း အသက်၁၈ နှစ်နဲ့ ၃၄ နှစ်အရွယ်တွေ ဖြစ်ပြီး အသက်၁၈ နှစ်အောက်က ၁၆% ရှိတယ်လို့ ဆိုပါတယ်။

(၂) အသက်သေဆုံးနိုင်တယ်

Photo: The Healthy

Vape သောက်တဲ့ အကျင့်ဟာ အသက်သေဆုံးတဲ့အထိ အန္တရာယ်ကြီးပါတယ်။ e-Cigarettes တို့ Vaping သောက်တာတို့ကြောင့် အသက်သေဆုံးမှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်မှာ လူ ၁၈ ဦးအထိ ရှိခဲ့ပြီးဆက်လည်း မြင့်တက်ဖို့ ရှိပါတယ်။ သေတဲ့အကြောင်းအရင်းကတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာနဲ့ ဖြစ်ပါတယ်။

(၃) စွဲလမ်းစေနိုင်တယ်

Photo: The Healthy

နီကိုတင်းဟာ အလွန်အမင်း စွဲလမ်းစေနိုင်တဲ့ ဓါတုပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ Vaping သောက်တာဟာ ရိုးရိုး စီးကရက်သောက်တာထက် နီကိုတင်းကို ပိုရှုသွင်းဖြစ်တယ်လို့ ဆိုပါတယ်။

(၄) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများတယ်

Photo: The Healthy

အမေရိကန်နှလုံးအဖွဲ့အစည်းအရ နီကိုတင်းဟာ သွေးဖိအား ၊ နှလုံးခုန်နှုန်းနဲ့ နှလုံးအတွင်း သွေးစီးဆင်းမှု ပိုတိုးစေနိုင်ပြီး နှလုံးသွေးလွှတ်ကြောတွေ ကျင်းစေနိုင်တယ်လို့ ဆိုပါတယ်။ နီကိုတင်းကြောင့် သွေးလွှတ်ကြောနံရံတွေ ကြမ်းတမ်းစေပြီး နှလုံးသွေးကြောကျဉ်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

(၅) ဆေးလိပ်ပြတ်ဖို့ အကူအညီမဖြစ်ဘူး

Photo: The Healthy

Vaping စသောက်တဲ့သူတွေထဲမှာ ဆေးလိပ်ဖြတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သောက်တဲ့သူတွေလည်း အများကြီးပါပဲ။ တချို့ဆို Vaping သောက်ရင်း ဆေးလိပ်ဘက်ကို ရောက်သွားတတ်ကြပါတယ်။ ဒါကြောင့် ဆေးလိပ်ကို ရှောင်သလို Vape လည်း ရှောင်ကြဉ်ဖို့ တိုက်တွန်းချင်ပါတယ်။