ရာသီဥတုကလည်း တစထက်တစ ပိုပြီးပူပြင်းလာပြီဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ လုပ်ငန်းခွင်ထဲမှာ သွားလာလှုပ်ရှားနေရတဲ့ အမျိုးသားများဟာ ချွေးတပြိုက်ပြိုက်နဲ့ ပူလောင်အိုက်စပ်နေရပြီဆိုရင် အလုပ်အပေါ်မှာ စိတ်ဝင်စားမှုလည်းလျော့နည်းသွားနိုင်ပြီး စတိုင်ကျခန့်ညားမှုတွေလည်း ပျောက်ဆုံးသွားနိုင်ပါတယ်။
လူကြီးလူကောင်းဆန်ပြီး အေးမြတဲ့ချည်သားနဲ့ရှပ်အင်္ကျီ
Source: skopjeinfo.mk
ဝတ်ရတာသက်သောင့်သက်သာရှိပြီး လုပ်ငန်းခွင်ထဲမှာလည်း လွတ်လပ်ပေ့ါပါးနိုင်ပါတယ်။ လူကြီးလူကောင်းဆန်တဲ့အရောင်တွေနဲ့ စတိုင်ကျခန့်ညားနေမှာဖြစ်ပါတယ်။
အပူဒဏ်ကိုခံနိုင်ပြီး ပေ့ါပါးတဲ့ရှပ်အင်္ကျီ
Source: qz.com
ပူပြင်းတဲ့ရာသီဥတုအတွက် သင့်တော်တဲ့ရှပ်အင်္ကျီအမျိုးအစားဖြစ်ပါတယ်။ အရောင်၊ ဒီဇိုင်းတွေကလည်းအဆင့်အတန်းမြင့်မားပြီး နေရောင်အောက်မှာတောင် ပေ့ါပါးလန်းဆန်းနေနိုင်မှာဖြစ်ပါတယ်။
အပြင်ထွက်အလုပ်လုပ်ရတဲ့အမျိုးသားများအတွက် အထူးသင့်တော်တဲ့ရှပ်အင်္ကျီ
Source: eBay
တချို့လုပ်ငန်းခွင်တွေဟာ အဲကွန်းဖွင့်ထားတဲ့ရုံးခန်းထဲမှာထိုင်ပြီး လုပ်ကိုင်နေရတာမျိုးမဟုတ်ပါဘူး။ မိုးလင်းမိုးချုပ် နေရောင်ထဲမှာလှုပ်ရှားနေရတဲ့ ပြင်ပလုပ်ငန်းခွင်မျိုးတွေရှိတတ်ပါတယ်။ ဒီလိုပြင်ပလုပ်ငန်းခွင်တွေမှာ တာဝန်ယူနေရတဲ့အမျိုးသားများအတွက် အပူလည်းသက်သာပြီး အကြမ်းခံနိုင်တဲ့ရှပ်အင်္ကျီအမျိုးအစားမျိုးကို ရွေးချယ်သင့်ပါတယ်။
ချွေးစုပ်အားကောင်းတဲ့ရှပ်အင်္ကျီ
Source: Business Insider UK
အမျိုးသားအများစုက ချွေးထွက်သန်ကြပါတယ်။ နွေရာသီမှာ တော်ရုံရှပ်အင်္ကျီတွေက အမျိုးသားများအတွက် အဆင်မပြေစေနိုင်ပါဘူး။ ချွေးစုပ်ယူမှုကောင်းတဲ့အသားနဲ့ ချုပ်လုပ်ထားတဲ့ရှပ်အင်္ကျီအမျိုးအစားမျိုးကို ရွေးချယ်ပြီး ချွေးသံတရွှဲရွှဲနဲ့ နေ့စဉ်ဘဝကိုဖြတ်ကျော်လိုက်ကြပါ။