ခေတ်ဆန်တဲ့ လူငယ်တိုင်း ကြိုက်တဲ့ Music တွေထဲမှာ DJ သံစည်တွေလည်း ပါမယ်လို့ ထင်ပါတယ်။ ဂီတလောကမှာ DJ လို့ အတိုကောက်ခေါ်ကြတဲ့ Disc Jockey အမျိုးအစား ၃ မျိုး ရှိကြပါတယ်။ Radio DJ ၊ Club DJ နဲ့ Mobile DJs ဆိုပြီး ဖြစ်ကြပါတယ်။ ဒီနေ့ခေတ်မှာ DJ တွေဟာ ဒီဂျစ်တယ်သီချင်းစဉ်တွေကို ကိုယ်ပိုင် HQ Sound ပစ္စည်းတွေနဲ့ သီချင်းတွေ Mixing ဆွဲပြီး မြူးကြွတဲ့ သံစဉ်သစ်တွေ ဖန်တီးနေကြပါတယ်။ DJ တွေ ချမ်းသာသလားဆိုရင် အခုပြောမယ့် စာရင်းထဲက DJ သမား ၅ ဦးအကြောင်းသာ ကြည့်လိုက်ပါတော့။
(၁) Calvin Harris

Photo: edmidentity
အသက် ၃၇ နှစ်ပဲ ရှိသေးတဲ့ စကော့လူမျိုး DJ သမား ၊ အဆိုတော် ၊ တေးရေးနဲ့ ထုတ်လုပ်သူဖြစ်သူ ကယ်လ်ဗင်ဟာရစ်ရဲ့ နာမည်ရင်းက အဒမ် ရစ်ချတ်ဝီလစ်ဖြစ်ပါတယ်။ စကော့တလန် Dumfries မှာ မွေးခဲ့ပြီး အခု LA မှာ နေပါတယ်။ သူ့ သီချင်းတွေထဲက We Found Love ၊ That is What You Came For ၊ Summer ၊ Feel So Close ၊ Outside ၊ Feels နဲ့ One Kiss တို့က နာမည်ကျော်ပါတယ်။ ဒေါ်လာသန်း ၃၀၀ အထိ ချမ်းသာပြီး DJ သမားတွေထဲမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၂) Gianluca Vacchi

Photo: outnowmagazine
အီတလီလူမျိုး ပရော်ဖက်ရှင်နယ် DJ သမားပါ။ Social Media မှာလည်း သူက နာမည်ကျော်ပါ။ အသက် ၅၀ ကျော်ပြီဖြစ်ပေမယ့် သူ့ရဲ့ တက်တူးနဲ့ နေထိုင်တဲ့စတိုင်ကြောင့် ပိုပြီး လူသိများပါတယ်။ သက်ကြီးပိုင်းဆိုပေမယ့် ကြွက်သားတွေ အဖုဖုနဲ့ ဆွဲဆောင်မှု ရှိတဲ့သူဟာ Playboy တစ်ပိုင်းလည်း ဖြစ်ပါတယ်။ DJ သမားတွေထဲမှာ ဒေါ်လာ သန်း ၂၀၀ ချမ်းသာတဲ့ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။
(၃) DJ Tiesto

Photo: nypost
နာမည်အပြည့်အစုံက တီဂျစ်မစ်ချဲလ်ဗားဝက်စ်ဖြစ်ပါတယ်။ ဒတ်ချ်လူမျိုး DJ နဲ့ အသံသွင်းလုပ်ငန်းပိုင်ရှင်လည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်ကတည်းက ကျောင်းပါတီနဲ့ နယ်သာလန်က ကလပ်တွေမှာ DJ ဝင်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ကိုယ်ပိုင်သီချင်းတွေလည်း ဖန်တီးထားပါတယ်။ ချမ်းသာမှု ဒေါ်လာသန်း ၁၇၀ ဖြစ်ပါတယ်။
(၄) Steve Aoki

Photo: edmdose
စတီဗင်ဟီရိုယူကီကို Steve Aoki လို့ လူသိများပါတယ်။ အမေရိကန် အီလက်ထရိုဂီတသမား ၊ အသံသွင်းထုတ်လုပ်ရေး လုပ်ငန်းရှင် နဲ့ DJ သမားလည်း ဖြစ်ပါတယ်။ စတူဒီယိုအယ်လ်ဘမ်တွေအများကြီး ထုတ်ခဲ့ပါတယ်။ Wonderland ဆိုတဲ့ သူ့အယ်လ်ဘမ်ကတော့ ၂၀၁၃ အတွက် အီလက်ထရိုနီကာ အယ်လ်ဘမ်အတွက် ဂရမ်မီဆုဆန်ကာတင် အဆင့်ဝင်ခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းဖြစ်တဲ့ Steve Aoki Charitable Fund တည်ထောင်သူလည်း ဖြစ်ပြီး သူ့ရဲ့ အသားတင်ချမ်းသာမှုက ဒေါ်လာ ၉၅ သန်းခန့် ရှိပါတယ်။
(၅) David Guetta

Photo: djmag
David Guetta က ပြင်သစ်လူမျိုးပါ။ DJ သမားလုပ်သလို သီချင်းရေး ၊ အသံသွင်းထုတ်လုပ်မှုလုပ်ငန်းနဲ့ Remix ပိုင်းလည်း ကိုင်ပါတယ်။ ၂၀၀၂ မှာ သူ့ရဲ့ ပထမဆုံးအယ်လ်ဘမ် Just a Little More Love အယ်လ်ဘမ်ကို ထုတ်ခဲ့ပါတယ်။ သူ့ရဲ့ အသားတင် ကြွယ်ဝမှုဟာ ဒေါ်လာ ၇၅ သန်းခန့် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
