ဟင်းသီးဟင်းရွက်တွေ အများစုက ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ တစ်ချို့ အမျိုးအစားတွေကတော့ ပိုပြီးတောင် အကျိုးပြုပါသေးတယ်။ ကြက်သွန်နီဟာ ပန်းပွင့်တဲ့အပင်အမျိုးအစား Allium ထဲမှာပါဝင်ပြီး သူ့အထဲမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အခြား ကျန်းမာရေးအတွက် အကျိုးပြုဓာတ်တွေ ပါဝင်နေပါတယ်။ ကြက်သွန်နီကို ရှေးယခင်ကတည်းက ခေါင်းကိုက်တာ နဲ့ ပါးစပ်အနာတွေအတွက် အသုံးပြုခဲ့ကြပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ကြက်သွန်နီရဲ့ အံ့ဩစရာ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။
ကင်ဆာ

Source: Healthline
University of Guelph ကလေ့လာမှုတွေအရ ကြက်သွန်နီဟာ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာဆဲလ်တွေကို ဖျက်စီးပေးတယ်လို့ဆိုထားပါတယ်။
အစာကြေလွယ်စေတယ်

Source: The New York Times
ကြက်သွန်နီမှာ အင်ဆူလင်း ပမာဏကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံဖြစ်ပါတယ်။ အင်ဆူလင်း ဆိုတာ အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာရှိတဲ့ ကောင်းမွန်တဲ့ဘက်တီးရီးယားလေးတွေကို အစာရေစာထောက်ပံ့ပေးတဲ့ အမျှင်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အင်ဆူလင်က အစာအိမ်အူလမ်းကြောင်းတလျှောက် အစာရွေ့လျားမှုတွေကို ကူညီပေးပြီး ကောင်းမွန်တဲ့ဘက်တီးရီးယားလေးတွေကိုလည်း အသက်ရှင်သန်စေပါတယ်။
ယားယံမှုတွေကိုကာကွယ်ပေးတယ်

Source: Today-Show
ကြက်သွန်နီတွေမှာပါဝင်တဲ့ antihistamine quercetin တွေဟာ ပန်းနာရင်ကြပ်ရောဂါနဲ့ ဓာတ်မတည့်မှုကြောင့်ဖြစ်ပွားတဲ့ ယားယံမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ကြက်သွန်နီမှာပါဝင်တဲ့ quercetin ကို အူလမ်းကြောင်းက အလွယ်တကူစုပ်ယူနိုင်ပြီး သွေးလမ်းကြောင်းထဲမှာလည်း သူများတွေထက်ပိုကြာကြာနေနိုင်ပါတယ်။
အရိုးကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်

Source: Vancouver Sun
ကြက်သွန်နီတွေကို ကြံ့ခိုင်ကောင်းမွန်တဲ့အရိုးအဆစ်တွေကို ထိန်းသိမ်းနိုင်ဖို့အတွက် အသုံးပြုကြပါတယ်။ လေ့လာမှုတွေရဲ့ ဖော်ပြချက်အရဆိုရင် ကြက်သွန်နီတွေမှာ အရိုးပျော့ရောဂါကိုကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးလည်းပါဝင်ပါတယ်တဲ့။ ဓမ္မတာလွန်ချိန်မှာနာကျင်မှုခံစားနေရတဲ့အမျိုးသမီးတွေနဲ့ အရိုးပျော့ရောဂါဖြစ်နိုင်ခြေရှိတဲ့ အမျိုးသမီးတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။
ဆံပင်အတွက်လည်းကောင်းတယ်

Source: BBC Good Food
ကြက်သွန်နီမှာပါဝင်တဲ့ ဆာလ်ဖာဟာ ဆံပင်သန်စွမ်းရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ လေ့လာမှု တစ်ခုရဲ့အဆိုအရဆိုရင် ဆံပင်ပေါ်မှာနဲ့ ဦးရေပြားပေါ်မှာ ကြက်သွန်နီဖျော်ရည်ကို တစ်ပတ် (၂) ကြိမ် (၂) လလောက် ဆက်တိုက်လိမ်းပေးမယ်ဆိုရင် ဆံပင်တွေကိုသန်စွမ်းစေပါတယ်တဲ့။ ဆံသားကောင်းမွန်မှုအတွက်တော့ ကြက်သွန်နီဖျော်ရည်လောက် ကောင်းတာ မရှိတော့ပါဘူး။
