သင့်ဆီမှာ စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်တစ်ယောက်ရှိနေပြီလား။ ဒါဆိုရင် သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သတိရလိုက်ပါ။ လေ့လာမှုတစ်ခုအရ အရွယ်ရောက်ပြီးသားလူတွေရဲ့ (၇) ရာခိုင်နှုန်းလောက်ဟာ စိတ်ကျဝေဒနာခံစားနေရတယ်လို့ ဆိုထားပါတယ်။ စိတ်ကျဝေဒနာ ခံစားရပုံခြင်းက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြဘူး။ ဒါပေမယ့် စိတ်ကျဝေဒနာ ခံစားနေရပြီဆိုကတည်းက ကောင်းဖို့ဖြစ်လာနိုင်ခြေမရှိတာတော့အမှန်ပါ။ ဒီနေ့ဆောင်းပါးမှာ စိတ်ဓာတ်ကျနေသူတွေကို ဘယ်လိုဖေးမကူညီရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။
နားထောင်ပေးပါ

Source: verilymag
သင်ဟာ သူတို့အတွက် အမြဲတမ်းရှိနေပေးနေပေးတယ်ဆိုတာကို သူတို့သိပါစေ။ သူတို့ရဲ့ ပြဿနာလေးတွေအကြောင်း မေးမြန်းပြီး စကားစပါ။ သင့်သူငယ်ချင်းက စကားပြောချင်နေတာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အကြံဉာဏ်ပေးတာကိုတော့ နားထောင်ချင်မှ နားထောင်ပါလိမ့်မယ်။ အစပထမပိုင်းမှာတော့ သင့်သူငယ်ချင်းက စကားပြောဖို့အတွက် စိတ်မပါတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ကသူတို့ကို ဂရုစိုက်ကြောင်း ပြသပေးပါ။ မေးခွန်းတွေ မေးပေးပါ။ သူတို့နဲ့ တက်နိုင်သမျှ စကားပြောဆိုနိုင်အောင် လုပ်ပါ။
သူတို့တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိပါစေ

Source: Psychologies
စိတ်ကျရောဂါရဲ့ ကနဦးလက္ခဏာကတော့ သူတို့နားမှာ ဘယ်သူမှမရှိဘဲ အထီးကျန်နေတယ်လို့ ခံစားရတာက စတာပါပဲ။ ပတ်ဝန်းကျင်က လူတွေအားလုံးက သူ့ကိုဝိုင်းကြဉ်ထားတယ်။ သူတစ်ခုခုမှားရင် လှောင်ရယ် ရယ်ကြမယ်လို့ စိတ်ထဲမှာ အထင်ရောက်ပြီး လူတွေနဲ့ဝေးရာကို ထွက်ပြေးနေတာပါ။
မိမိပတ်ဝန်းကျင်မှာ သူများတွေနဲ့ အပေါင်းအသင်းသိပ်မလုပ်ဘဲ တစ်ယောက်တည်းနေတတ်သူ ရှိရင် သူတို့နဲ့ ရင်းရင်းနှီးနှီး သွားစကားပြောပေးပါ။ ကမ္ဘာလောကကြီးထဲမှာ သူတို့တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိပါစေ။ ဒီလိုလွယ်ကူတဲ့ အပြုအမူလေးတွေက သင့်ကို လူ့အသက်တစ်ချောင်းကို ကယ်တင်လိုက်နိုင်စေမှာပါ။
ပျော်ရွှင်မှုကို မျှဝေခံစားပါ

Source: Astrodestino
ပျော်ရွှင်မှုပုံစံ အမျိုးမျိုးရှိပါတယ်။ စိတ်ဓာတ်ကျနေသူကို ဖေးမဖို့ အကောင်းဆုံးနည်းလမ်းကတော့ မျှဝေခံစားမှုရဲ့ ပျော်ရွှင်မှုကို နားလည်စေတာပါပဲ။ တစ်နည်းအားဖြင့် ပြောရရင် “sharing is caring” ပေါ့။။ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံသူ အများစုဟာ ပျော်ရွှင်မှုအစစ်ကို မကြုံဖူးသူတွေနဲ့ မျှဝေခွင့်မရလိုက်သူတွေ ဖြစ်လေ့ရှိပါတယ်။ ပျော်ရွှင်မှုကို အတူမျှဝေခြင်းဖြင့် ကမ္ဘာကြီးကို ကယ်တင်လိုက်ပါ။
သူတို့ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါ

Source: Banyan Mental Health
လူအများစုက သူတစ်ပါးရဲ့အားထုတ်မှုကို အသိအမှတ်ပြုဖို့ မေ့လျော့တတ်ပါတယ်။ မိမိအစွမ်းကုန် ကြိုးစားအားထုတ်ထားရတဲ့ အရာတစ်ခုကို အသိအမှတ်ပြု မခံရတာလောက် ဆိုးတဲ့ဝေဒနာမရှိတော့ပါဘူး။ ဒါကြောင့် မိမိပတ်ဝန်းကျင်မှာ ဘယ်သူပဲဖြစ်ဖြစ် အားထုတ်ကြိုးစားနေတာကို မြင်တွေ့ရင် သူတို့ရဲ့လုပ်ရပ် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ အားထုတ်မှုကိုတော့ အသိအမှတ်ပြုပေးလိုက်ပါ။
