အရက်သောက်ခြင်း အထူးသဖြင့် အလွန်အကျွံ့သောက်ခြင်းဟာ ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ အရက်နာကျခြင်းကတော့ အဖြစ်များဆုံးဖြစ်ပြီး မောပန်းတာ၊ ခေါင်းကိုက်တာ၊ ပျို့တာ၊ မူးဝေတာနဲ့ အလင်းရောင် သို့ အသံ တွေကိုမခံနိုင်တာစတဲ့ လက္ခဏာတွေ တွေ့ရလေ့ရှိပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အလုပ်လုပ်ရတာအဆင်မပြေသလို တစ်နေကုန် အိပ်ရာထဲမှာပဲ လှဲနေရမယ့် အခြေအနေအထိ ရောက်ရှိနိုင်ပါတယ်။ ဒီနေ့မှာတော့ အရက်နာကျခြင်းကို အကောင်းဆုံးကုသနည်းလေးတွေကို ပြောပြပေးသွားမှာပါ။
မနက်စာကောင်းကောင်းစားပါ

Source: Healthline
မနက်စာကောင်းကောင်းစားခြင်းက လူသိများတဲ့ အရက်နာကျခြင်းကို ကုသခြင်းတစ်မျိုးပါပဲ။ အကြောင်းပြချက်တစ်ခုကတော့ မနက်စာကောင်းကောင်းစားခြင်းက သွေးတွင်းသကြားပါဝင်မှုကို ထိန်းညှိပေးလို့ပါပဲ။ သွေးတွင်းအချိုဓာတ်လျော့နည်းခြင်းကြောင့် အရက်နာကျဝေဒနာခံစားရတာတော့ မဟုတ်ပေမယ့် အဲဒီ (၂) ခုက ဆက်နွယ်နေတာတော့ အမှန်ပါပဲ။ မနက်စာကောင်းကောင်းစားမယ်ဆိုရင် ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ အာဟာရဓာတ်တွေပါဝင်တဲ့အတွက် အရက်နာကျခြင်းကို ကောင်းကောင်းတိုက်ဖျက်ပေးနိုင်မှာပါ။
အိပ်ရေးဝအောင်အိပ်ပါ

Source: Healthy Food Guide
အရက်သောက်ခြင်းဟာ အိပ်ခြင်းကို အနှောင့်အယှက်ဖြစ်စေသလို အိပ်ချိန်ကိုလည်း လျှော့ကျစေပါတယ်။ အဲလ်ကိုဟောကို အတိုင်းအတာနဲ့ သောက်သုံးမယ်ဆိုရင် အိပ်ခြင်းကို အထောက်အပံ့ဖြစ်စေနိုင်ပေမယ့် အလွန်အကျွံ့သောက်သုံးပါက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းက အရက်နာကျခြင်းကို ပိုမိုဆိုးရွားလာစေပြီး မောပန်းတာ၊ စိတ်တိုလွယ်တာ နဲ့ ခေါင်းကိုက်တာတွေပါ ဖြစ်စေနိုင်ပါတယ်။
ရေများများသောက်ပါ

Source: Pinterest
အရက်သောက်ခြင်းက ရေဓာတ်ခန်းခြောက်စေပါတယ်။ ရေဓာတ်ခန်းခြောက်သွားရင် အရက်နာကျခြင်းကို ပိုပြီးဆိုးရွားလာစေပါတယ်။ ဒါ့ကြောင့် အရက်နာကျခြင်းကို လျှော့ချခြင်တယ်ဆိုရင် ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။ ရေများများသောက်ပေးခြင်းက အရက်နာကျခြင်းကြောင့်ဖြစ်တဲ့ မောပန်းတာ၊ ခေါင်းကိုက်တာနဲ့ မူးဝေတာတွေကို လျှော့ချပေးပါတယ်။
အရက်ပမာဏကို ထိန်းချုပ်ပါ

Source: The Raleigh House
အရက်နာမကျချင်ရင်တော့ အရက်လျှော့သောက်တာက အလွယ်ကူဆုံးနည်းလမ်းပါပဲ။ ဘာလို့လဲဆိုတော့ ခင်ဗျားသောက်တဲ့ အရက်ခွက်ရေကိုလိုက်ပြီး အရက်နာကျခြင်းရဲ့ ပြင်းထန်မှုလယ်ဗယ်ကလည်း ပြောင်းလဲသွားမှာဖြစ်လို့ပါပဲ။ ခန္ဓာကိုယ်အလေးချိန်၊ လိင်၊ နောက်ဆုံးစားခဲ့တဲ့ အစားအသောက်၊ သောက်ခဲ့တဲ့အရက်အမျိုးအစား၊ သောက်ခဲ့တဲ့ကြာချိန် အစရှိတဲ့အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပေမယ့် အရက်ခွက်ရေကို ထိန်းနိုင်ရင် အရက်နာကျခြင်းရဲ့ဘေးထွက်ဆိုးကျိုးတွေကိုလလည်း ထိန်းနိုင်မှာ အသေအချာပါပဲ။
