နေ့တိုင်း ထမင်းကို ဗိုက်ပြည့်အောင်စားနေပေမယ့် လူကအားမရှိသလို နှုံးချိပင်းပန်နေသလိုခံစားနေရပြီလား။ ဒါဆိုရင် နေထိုင်မှုပုံစံပြောင်းလဲဖို့ လိုအပ်နေပါပြီ။ ဒီနေ့ဆောင်းပါးမှာ အားအင်ယုတ်လျော့စေတဲ့ အလေ့အကျင့်ဆိုးလေးတွေကို ပြောပြပေးသွားမှာပါ။
အမျှင်ဓာတ်ပါတဲ့ အစားအစာတွေမစားတာ

Source: Virtual-Health-Partner
အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေ စားခြင်းက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဝိတ်ချနေသူတွေအတွက်တော့ အမျှင်ဓာတ်များများစားပြီး ဝိတ်ချရတာပါပဲ။ ဒါပေမဲ့ အာဟာရမပြည့်ဝဘဲ စားနေရင် လူက အားမရှိတော့ဘူးလေ။ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို စားမယ်ဆို ခန္ဓာကိုယ်မှာ ဇင့်၊ ကယ်လ်ဆီယံနဲ့ မဂ္ဂနီစီယံဓာတ်တွေ လုံလောက်မှုရှိနေအောင် ထိန်းသိမ်းသင့်ပါတယ်။
သောက်ဆေးတွေ

Source: Global News
ဆေးတွေကို နေ့စဉ်သောက်နေတဲ့အခါ ကိုယ်တွင်းက သွေးကြောတွေဟာ ခန္ဓာကိုယ်တွင်းက ဗီတာမင်နဲ့သတ္ထုဓာတ်ပမာဏကို အပြည့်အဝ နားမလည်တော့ဘူး။ အီစထရိုဂျင်နဲ့ ပရိုဂျက်စတိုဂျင်တို့လို စတီးရွိုက်ဟော်မုန်းပါတဲ့ဆေးတွေကလည်း ကျောက်ကပ်ကို ဆိုးကျိုးသက်ရောက်မှုဖြစ်စေတယ်။ ဆေးတွေသောက်မယ့်အစား အစားအသောက်ကို ဂရုစိုက်တာ ပိုကောင်းပါတယ်။
လက်ဖက်ရည်/ကော်ဖီ

Source: Restaurante La Bicicieta
ကော်ဖီနဲ့ လက်ဖက်ရည်မှာတဲ့ ဒြပ်ပေါင်းတွေက စားသမျှအစားအစာတွေကို အာဟာရမဖြစ်အောင် တားဆီးပေးနေပါတယ်။ လက်ဖက်ရည်မှာပါတဲ့ tannin နဲ့ ကော်ဖီမှာပါတဲ့ chloregenic acid တို့က ကိုယ်စားလိုက်တဲ့အစားအစာမှာပါတဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်ကကောင်း ကောင်းစုပ်ယူမှုမရအောင် ဟန့်တားကြပါတယ်။ အစားစားပြီး (၁) နာရီအတွင်း ကော်ဖီသောက်ရင် စားထားတဲ့အစားအစာရဲ့ သံဓာတ် (၈၀) ရာခိုင်နှုန်းကို စုပ်ယူမှုလျော့သွားစေတယ်။
ဝမ်းသွားခြင်း

Source: Parkway Shenton
တစ်ခုခု စားလိုက်တယ်။ စားပြီး ခဏနေတာနဲ့ အိမ်သာသွားတော့တာပဲ။ ဒါကလည်း လူကို အားအင်တွေယုတ်လျော့စေပါတယ်။ စားထားတာတွေရဲ့ အာဟာရဓာတ်ကို အူတွေက ကောင်းကောင်းမစုပ်ယူလိုက်ရဘူးလေ။
