Columbus ကိုယ်တိုင် သင်္ဘောသီးကို အသီးများရဲ့ နတ်သမီးလို့တင်စားခေါ်ဝေါ်ခဲ့တာကို သင်သိပါသလား။ ဒီလိုခေါ်ဆိုရတဲ့ အကြောင်းအရင်းရှိပါတယ်။ သင်္ဘောသီးမှာ လူ့ခန္ဓာကိုယ်အတွက် ကောင်းတဲ့ဓာတ်တွေပါဝင်နေလို့ပါပဲ။ ပြီးတော့ အရသာကလည်း တခြားအသီးတွေနဲ့မတူဘဲ ကောင်းမွန်လှပါတယ်။ ဒီနေ့ဆောင်းပါးမှာ တစ်ပတ်တစ်ကြိမ် သင်္ဘောသီးစားပေးရင် ရရှိလာမယ့် အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။
ကိုလက်စထရောကို လျော့ချပေးတယ်

သင်္ဘောသီးမှာ အမျှင်ဓာတ်တွေ ကြွယ်ဝတာကြောင့် ကိုလက်စထရောပမာဏများတာကို လျှော့ချပေးပါတယ်။ ဒါ့အပြင် သင်္ဘောသီးမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင်ဓာတ်တွေက နှလုံးကျန်းမာရေးကို ကာကွယ်ပေးပါတယ်။
သန်ကောင်နဲ့ ကပ်ပါးကောင်တွေ ဖယ်ရှားပေးရာမှာ ကူညီပေးတယ်

ကပ်ပါးကောင်နဲ့ သန်ကောင်တွေက သင့်ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့အတွက် ကပ်ပါးကောင်နဲ့သန်ကောင်တွေ ဗိုက်ထဲမရှိအောင် နေဖို့ အရေးကြီးလှပါတယ်။ သင်္ဘောသီးက ဒီကပ်ပါးကောင်တွေရဲ့ ဥကိုပျက်စီးစေပြီး ခန္ဓာကိုယ်ကို ကပ်ပါးကောင်အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ သင်္ဘောသီးအစေ့ကလည်း အရမ်းအကျိုးကျေးဇူးရှိပါတယ်။
ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတယ်

သင်္ဘောသီးက ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင် အေ၊ စီနဲ့ အီးဓာတ်တွေ ပါဝင်ပါတယ်။ သင့်ခန္ဓာကိုယ်အတွက် ကောင်းမွန်ပြီး ကိုယ်ခံအားစနစ် ကောင်းဖို့အတွက် ကူညီပေးပါတယ်။
နီမြန်းရောင်ရမ်းမှုကို လျော့ချပေးတယ်

သင်္ဘောသီးက နီမြန်းရောင်ရမ်းမှုတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဒါက နီးမြန်းတဲ့အသားရေကို တိုက်ဖျက်ဖို့အတွက် အဆစ်ရောင်ရောဂါ၊ အဆစ်အမြစ်နာကျင်တာ၊ ဂေါက်နာ၊ ပန်းနာရင်ကြပ်ရောဂါတွေအတွက် အရမ်းအသုံးဝင်နိုင်ပါတယ်။
အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေတယ်

သင်္ဘောသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက အိုမင်းရင့်ရော်မှု နှောင့်နှေးသွားအောင် ကူညီပေးနိုင်ပါတယ်။ သင်္ဘောသီးက သင့်အသားရေကို နေလောင်ဒဏ်၊ အရေးအကြောင်းတွေကနေ ကင်းဝေးအောင် ကာကွယ်ပေးနိုင်ပါတယ်။
သွေးဖိအားကို ထိန်းညှိပေးတယ်

သင်္ဘောသီးမှာ ပါဝင်တဲ့ Carpaine ကာပိန်းဓာတ်က သင့်ခန္ဓာကိုယ်အတွက် ကောင်းမွန်ပါတယ်။ အဲဒီဓာတ်က သွေးဖိအားကို ထိန်းညှိပေးတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။
စိတ်ဖိစီးမှုကို လျော့နည်းစေတယ်

သင်္ဘောသီးမှာ ပါဝင်တဲ့ ဗီတာမင်စီက စိတ်ဖိစီးမှုကို လျော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ သင်္ဘောသီးက စိတ်ဖိစီးမှု ဟော်မုန်းစီးဆင်းမှုကို ထိန်းညှိပေးတယ်လို့ ဆိုပါတယ်။
Source: Bright Side
