ခံတွင်းနံ့မကောင်းပါက လူအများနဲ့ပြောဆိုဆက်ဆံရာမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ရတဲ့အခါမှာ ခံတွင်းနံ့မကောင်းရင် မိမိကိုယ်ကိုယုံကြည်မှု ကျဆင်းလာတက်ပါတယ်။ ခံတွင်းနံ့ပျောက်အောင် အမြဲတမ်းလိုလို ပီကေဝါးတာကလည်း ကောင်းတဲ့ဖြေရှင်နည်းမဟုတ်တာကို သတိပြုမိဖို့လည်းလိုအပ်ပါတယ်။ ဒီနေ့မှာ ခံတွင်းရနံ့ကောင်းမွန်နေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးသွားမှာပါ။

သွားပုံမှန်တိုက်ပေးပါ

Source: NBC News

သွားအပေါ်ယံအလွှာမှာ ခံတွင်းနံ့ဆိုးကိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားငယ်လေးတွေ ခိုအောင်းနေနိုင်ပါတယ်။ ဒါ့အပြင်အစာကြွင်း၊ အစာကျန်တွေကလည်း ပြဿနာကို ပိုမိုဆိုးဝါးစေပါတယ်။ ဒါကြောင့် တစ်နေ့ကိုအနည်းဆုံး (၂) ကြိမ် သွားတိုက်ပေးပါ။ ခံတွင်းနံ့ပျောက်စေဖို့အတွက် သွားကိုကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာမျိုး မလုပ်ပါနဲ့။ သွားဖုံးတွေက နူးညံ့တာကြောင့် ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်မိပါက သွားဖုံးအပေါ်ယံကြွေလွှာတွေကို ပဲ့ကျစေနိုင်ပါတယ်။

ရေဓာတ်ပြည့်ဝနေပါစေ

Source: Medical News Today

ခံတွင်းထဲမှာတံထွေးနည်းနေရင် ခံတွင်းခြောက်ကပ်ပြီး အနံ့ဆိုးတွေကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်ခံတွင်းခြောက်လာတယ်ခံစားမိတိုင်း ရေထသောက်ပေးပါ။

ပလုတ်ကျင်းပေးပါ

Source: Lifehack

ခံတွင်းသန့်ရှင်းရေးလုပ်ရာမှာ ဘက်တီးရီးယားပိုးတွေသေစေဖို့ ပုံမှန်ပလုတ်ကျင်းပေးဖို့လည်းလိုပါတယ်။ မိမိအသုံးပြုမယ့် ပလုတ်ကျင်းဆေးရည်ကို သေသေချာချာရွေးချယ်ဖို့လည်းလိုပါတယ်။ အနံ့ဆိုးတွေကို ဖုံးကွယ်ပေးနိုင်ရုံလောက်ပဲလုပ်ပေးနိုင်တဲ့ ပလုတ်ကျင်းဆေးရည်ကိုမသုံးပါနဲ့။ ဘက်တီးရီးယားတွေကိုပါသေစေနိုင်တဲ့ ပလုတ်ကျင်းဆေးရည်ကို သေချာရွေးချယ်သုံးစွဲပါ။

လျှာကိုသန့်စင်ပေးပါ

Source: Brown’s Line Dental

လျှာပေါ်မှာလည်း ဘက်တီးရီးယားပိုးမွှားငယ်တွေ ခိုအောင်းနေထိုင်နိုင်ပါတယ်။ သူတို့ကိုဖယ်ရှားဖို့အတွက် လျှာကိုသွားတိုက်တံတစ်ချောင်းနဲ့ညင်သာစွာပွတ်တိုက်ပေးပါ။ သွားတိုက်တံကသိပ်ကြီးနေရင် scraper လို့ခေါ်တဲ့ လျှာပွတ်တံကိုအသုံးပြုနိုင်ပါတယ်။ လျှာပွတ်တံက ဘက်တီးရီးယားတွေ၊ အစာအကြွင်းအကျန်တွေ၊ ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

အနံ့ဆိုးတွေဖြစ်စေတဲ့ အစားအစာတွေကိုရှောင်ပါ

Source: AutoBrush

ကြက်သွန်နီတွေ၊ ကြက်သွန်ဖြူတွေက အဆိုးဆုံးပါပဲ။ နောက်ပြီးသူတို့က စားပြီးရင်သွားတိုက်ပေးရုံနဲ့လည်း မပျောက်ပါဘူး။ အနံ့ဆိုးတွေကိုဖြစ်ပေါ်စေတဲ့အရာဝတ္ထုတွေက သွေးစီးကြောင်းထဲကိုဝင်ပြီး အဆုတ်ထဲထိ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်ခံတွင်းနံ့ဆိုးတွေကိုမလိုချင်ရင်တောင် အဲဒီအစားအစာတွေကို အတတ်နိုင်ဆုံးမစားတာ အကောင်းဆုံးပါပဲ။

ဆေးလိပ်မသောက်ပါနဲ့

Source: OdishaTV

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ ဒါ့အပြင် ဆေးလိပ်ငွေ့တွေက သွားဖုံးကိုဒဏ်ဖြစ်စေပြီး သွားတန်းတွေပေါ်မှာလည်း အနံ့စွဲနေစေပါတယ်။ အကျိုးဆက်အနေနဲ့ ခံတွင်းနံ့ကိုဆိုးရွားစေပါတယ်။