ကျော်ကြားမှုနဲ့ ဓနဥစ္စာဟာ နီးနီးကပ်ကပ် အတူရှိတတ်တဲ့အရာတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် Celebrity ဆိုရင် ငွေမရှားတဲ့သူတွေက များပါတယ်။ အခုပြောမှာက ကျော်ကြားမှုခြင်းလည်း တူ ၊ ချမ်းသာမှုချင်းလည်းမျှတဲ့ နာမည်ကျော် Cele စုံတွဲတချို့အကြောင်းပါပဲ။
(၅) David Beckham နဲ့ Victoria Beckham

Photo: wealthygorilla
ကမ္ဘာကျော် အင်္ဂလန်ဘောလုံးသမား ဒေးဗစ်ဘက်ခ်ဟမ်းနဲ့ သူ့ဇနီး ပေါ့အဆိုတော်ဟောင်း ဗစ်တိုးရီးယား ဘက်ခ်ဟမ်းတို့ဟာ နေနဲ့လ ရွှေနဲ့မြ လို့ဆိုရအောင် လိုက်ဖက်တဲ့ စုံတွဲအဖြစ် အားလုံးက အသိအမှတ်ပြုထားကြပါတယ်။ ဘက်ခ်ဟမ်းစုံတွဲရဲ့ ပိုင်ဆိုင်မှုဟာ အသားတင် ဒေါ်လာ ၉၀၀ သန်းရှိပြီး အချမ်းသာဆုံး ဆယ်လီစုံတွဲစာရင်းဝင်ပါတယ်။
(၄) Jay-Z & Beyonce

Photo: wealthygorilla
အမေရိကန်ရက်ပ်ပါ Jay-Z ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာသန်း ၇၀၀ ဝန်းကျင်ရှိပါတယ်။ နှစ်ဦးစလုံးပေါင်း ပိုင်ဆိုင်မှုက ဒေါ်လာ ၁.၁၅ ဘီလျံကျော်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ဂီတလောက်မှာတင် အောင်မြင်ကျော်ကြားတာမဟုတ်ဘဲ စွန့်ဦးတီထွင်မှုအပိုင်းမှာလည်း အောင်မြင်နေကြတာပါ။ Jay-Z က Roc-A-Wear လိုမျိုး အဝတ်အစားဖက်ရှင်နဲ့ တခြား အောင်မြင်တဲ့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်နေပါတယ်။
(၃) Steven Spielberg & Kate Capshaw

Photo: wealthygorilla
ရုပ်ရှင်လောကမှာ ဒါရိုက်တာကြီး စတီဗင်စပီးလ်ဘာ့ဂ်ဟာ အထင်ကရပါပဲ။ အောင်မြင်ပြီး တသသကျန်ရစ်ခဲ့မယ့် ရုပ်ရှင်တွေကိုလည်း ထုတ်လုပ်ပါတယ်။ သူ့ဇနီး ကိတ် ကတ်ပ်ရှောဆိုရင်လည်း အမေရိကန်ရုပ်ရှင်မင်းသမီးကြီး ဖြစ်ပြီး စပီးဘာ့ဂ်နဲ့ ၁၉၈၄ ခုနှစ်က Indiana Jones: The Temple of Doom အတွက် Audition ဝင်နေချိန်မှာ ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ သူတို့စုံတွဲရဲ့ ချမ်းသာမှုက အသားတင် ဒေါ်လာ ၃.၅ ဘီလျံခန့် ရှိပါတယ်။
(၂) Kanye West & Kim Kardashian

Photo: wealthygorilla
သူတို့နှစ်ဦးပေါင်းရဲ့ကျော်ကြားမှုက ပြောစရာတောင် လိုမှာ မဟုတ်ပါဘူး။ ကင်နေးဝက်စ်ဟာ အမေရိကန်ဟစ်ဟော့ အဆိုတော်လည်း ဖြစ်သလို အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်နာလည်း လုပ်ပါတယ်။ Yeezy sneaker မှာ ပါတဲ့သူ့ရဲ့ ရှယ်ယာကြောင့်နဲ့တင် ဘီလျံနာ ဖြစ်စေပါတယ်။ ကင်မ်ကာဒါရှီယန်တို့ ညီအစ်မတွေကလည်း Instagram မှာ ကြော်ငြာနဲ့ သောက်သောက်လဲ ဝင်ငွေ ရနေကြတာ ဖြစ်ပါတယ်။ နှစ်ဦးပေါင်း ပိုင်ဆိုင်မှုက ဒေါ်လာ ၃.၅၅ ဘီလျံအထိ ရှိပါတယ်။ကမ္ဘာ့ဒုတိယအချမ်းသာဆုံး ဆယ်လီစုံတွဲပါပဲ။
(၁) Francois-Henri Pinault & Salma Hayek

Photo: wealthygorilla
Salma Hayek ဟာ အောင်မြင်တဲ့ မက္ကဆီကန်ဖွားမင်းသမီးဖြစ်ပြီး အောင်မြင်ထင်ရှားတဲ့ Desperado ၊ From Dusk till Dawn ၊ Wild Wild West စတဲ့ ရုပ်ရှင်ကားကြီးတွမှာ သရုပ်ဆောင်ခဲ့ပါတယ်။ အကောင်မြင်ဆုံးရုပ်ရှင်တစ်ကားက ၂၀၀၂ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ မက္ကဆီကန် ပန်းချီဆရာမ ဖရီဒါ ကာလိုရဲ့ အတ္ထုပ္ပတ္တိ Frida ဖြစ်ပြီး ဒီဇာတ်ကောင်အတွက် အကယ်ဒမီဆု ၊ BAFTA ဆု ၊ Golden Globe ဆုနဲ့ Screen Actors Guild ဆုတွေအတွက် အကောင်းဆုံးမင်းသမီးဆန်ကာတင် ခဲ့ပါတယ်။ သူ့အမျိုးသား ဖရန်ကိုဆစ် ဟင်နရီ ပီးလ်နော့တ်ကတော့ ဘီလျံနာ စီးပွားရေးသမားပါ။ ၂၀၀၉ ခုနှစ်က သူတို့ လက်ထပ်ခဲ့ကြပါတယ်။ နှစ်ဦးပေါင်း ဒေါ်လာ ၅.၁ ဘီလျံ ကြွယ်ဝပါတယ်။ ဆယ်လီစုံတွဲတွေထဲမှာ နံပါတ်တစ်အချမ်းသာဆုံးလို့ ဆိုရမှာပါ။
