လူတိုင်းလူတိုင်း ကျန်းမာရေးကောင်းချင်ကြတဲ့ သူတွေချည်းပါပဲ။ ဒါပေမယ့် လူအများစုက ကျန်းမာရေးလိုက်စားဖို့အတွက် အချိန်မပေးနိုင်ကြဘူး။ နေ့စဉ်စားသောက်နေထိုင်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရတာကြောင့် ကျန်းမာရေးဘက်ကို ဦးမလှည့်နိုင်ကြတဲ့လူတွေ များပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ အစာအိမ်ဝေဒနာ ခံစားနေရသူတွေအနေနဲ့ ဘယ်လိုအစားအစာတွေ ရှောင်ရှားသင့်သလဲဆိုတာကို ပြောပြပေးသွားမှာပါ။
ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အဆီဓာတ်တွေ

Source: SciTechDaily
ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်း နဲ့ ဝမ်းဗိုက်အဆီတွေကို ဖြစ်စေတဲ့ အဆီဓာတ်အမျိုးအစား (၃) မျိုး ရှိပါတယ်။ အဲဒါတွေကတော့ ပြောင်းလဲဆီ၊ ပြည့်ဝဆီနဲ့ အိုမီဂါဆစ် အဆီတို့ပဲ ဖြစ်ပါတယ်။ အဲဒီအဆီတွေကိုတော့ အသင့်ထုပ်ပိုးပြီး အာလူးကြော်ထုပ်တွေ၊ အဆီများတဲ့ ရယ်ဒီမိတ်အသားတွေ၊ နို့ခရင်မ်များတဲ့ နွားနို့တွေ၊ သကြားလုံးတွေ၊ ပြောင်းဖူးဆီတွေ၊ နေကြာဆီတွေမှာ တွေ့မြင်နိုင်ပါတယ်။
ပြုပြင်ထားတဲ့အသားတွေ

Source: Goodsworth
အသင့်ချက်ပြုတ်စားသုံးနိုင်အောင် ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေဟာ ကယ်လိုရီနဲ့ ပြည့်ဝဆီ အလွန်များပြားစွာ ပါဝင်ပါတယ်။ ဒီအသားတွေက အစာအိမ်တစ်မျိုးတည်းကို ဒုက္ခပေးမှာမဟုတ်ပါဘူး။ နှလုံးရောဂါနဲ့ လေဖြတ်လေငန်းရောဂါတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေဟာ အစာကြေဖို့ အလွန်ခက်ခဲပြီး အူလမ်းကြောင်းထဲမှာ ဒီတိုင်းထိုင်နေမှာ ဖြစ်လို့ပါပဲ။
ဆီကြော်မုန့်တွေ

Source: Healthline
ဆီကြော်မုန့်တွေဟာ အစာအိမ်ကို လွှမ်းမိုးနိုင်ပြီး အစာအိမ်အချဉ်ပေါက်ခြင်းနဲ့ ရင်ခေါင်းအောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အာဟာရဗေဒ ပညာရှင်တွေရဲ့ အဆိုအရဆိုရင် ဆီကြော်မုန့်တွေဟာ အသင့်စားအစားအစာတွေလိုပဲ အစာအိမ်ထဲမှာ အချိန်အကြာကြီး ထိုင်နေနိုင်ပါတယ်တဲ့။ အဆီဓာတ်ပါဝင်မှု များပြားတာကြောင့် ခန္ဓာကိုယ်ကလည်း အစာခြေဖျက်နိုင်ဖို့ အချိန်ပိုယူရပါတယ်။
အစပ်ပါတဲ့အစားအစာများ

Source: Men’s Health
အစာအိမ်ရောဂါရှိသူတွေအနေနဲ့ အစပ်ပါတဲ့အစားအစာတွေ မစားတာအကောင်းဆုံးပါ။ အစပ်ပါတဲ့အစားအစာတွေဟာ အစာအိမ်ရောဂါကို ပိုမိုဆိုးရွားသွားစေတဲ့အပြင် အခန့်မသင့်ပါက ဆေးရုံးဆေးခန်းပြေးရတဲ့အထိ အခြေအနေ ဆိုးရွားသွားနိုင်ပါတယ်။
