ရေချိုးခြင်းဟာ သန်းရှင်းသန့်ရပ်မှုနဲ့ ရောဂါပိုးမွှားတွေ အန္တရာယ်ကနေကာကွယ်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ခရီးသွားနေတဲ့အချိန် (သို့) အကြောင်းအမျိုးမျိုးကြောင့် ရေးချိုးချိန်မရတဲ့ နေ့တွေရှိတက်ပါတယ်။ ဒီလိုအခြေအနေနဲ့ကြုံလာရင် ခန္ဓာကိုယ်ကနေ အနံ့ဆိုးတွေ ထွက်မလာအောင် လုပ်ထားဖို့လိုအပ်ပါတယ်။

ခန္ဓာကိုယ်လိမ်းဆီတွေကို အသုံးပြုပါ

ရေမချိုးရတဲ့နေ့တွေမှာ ရေမွှေးကိုအသုံးပြုတာထက်စာရင် ခန္ဓာကိုယ်လိမ်းအဆီကို အသုံးပြုတာ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်လိမ်းအဆီရဲ့ ရနံ့ကအရေပြားပေါ်မှာ အချိန်အကြာကြီးစွဲတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

Baby Wipe အသုံးပြုပါ

Baby Wipe တစ်ရှုးက အနံ့ဆိုးတွေဖြစ်စေတဲ့ ဘတ်တီးရီးယားပိုးတွေကို ဖယ်ရှားနိုင်သလို ခန္ဓာကိုယ်ကိုလည်း သန့်ရှင်းအောင်လုပ်ဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။

အတွင်းခံတွေ လဲလှယ်ပါ

ခန္ဓာကိုယ်ရဲ့မမြင်အပ်တဲ့အပိုင်းတွေမှာ ချွေးတွေပိုထွက်လေ့ရှိပြီးတော့ အထူးသဖြင့် နွေးနေတက်ပါတယ်။ ဒါ့ကြောင့် အတွင်းခံတွေ လဲလှယ်ခြင်းက ချွေးထွက်ခြင်းကြောင့် ထွက်လာတဲ့အနံ့ဆိုးတွေကို သက်သာစေပါတယ်။

ခြေအိတ်တွေကို လဲလှယ်ပါ

သင့်ခြေထောက်ကလည်း ချွေးအထွက်ဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပြီး အနံ့ဆိုးတွေထွက်စေပါတယ်။ ခြေအိတ်ကို ပုံမှန်လဲလှယ်ပေးတာက အနံ့အသက်ဆိုးတွေကို နည်းသွားအောင် ကူညီပေးနိုင်ပါတယ်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အစပ်ပါတဲ့ အစားအစာတွေကို ရှောင်ပါ

ကျွန်တော်တို့စားလိုက်တဲ့ အစားအစာတွေက အနံ့အသက်ဆိုးတွေကို ပိုပြီးဆိုးရွားလာနိုင်ပါတယ်။ ရေမချိုးဖြစ်တဲ့နေ့မှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အစပ်ပါတဲ့အစားအစာတွေကို စားမယ့်အစား ဟင်းသီးဟင်းရွက်နဲ့ အသီးတွေကို စားတာ ပိုကောင်းပါတယ်။

တင်းကျပ်တဲ့အဝတ်အစားတွေကို ရှောင်ပါ

တင်းကျပ်နေတဲ့အဝတ်အစားတွေက သင့်ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတော်တော်များများကို နွေးစေတဲ့အတွက် ချွေးပြန်ပြီး အနံ့အသက်ဆိုးတွေ ထွက်လာနိုင်ပါတယ်။ ခက်ပွပွအဝတ်အစားတွေက သင့်ကို လန်းဆန်းနေအောင် ကူညီပေးနိုင်ပါတယ်။

အသားရေကို ရေဓာတ်ဖြည့်ပေးပါ

ကိုယ့်ကိုယ်ကို ရေဓာတ်ဖြည့်ပေးတာကလည်း အနံ့အသက်ကောင်းအောင်ကူညီပေးနိုင်ပါတယ်။ ရေများများသောက်တာအပြင် သင့်အသားရေကို ရေဓာတ်ဖြည့်ပေးဖို့အတွက် အနံ့အသက်ကောင်းတဲ့ ခန္ဓာကိုယ်လိမ်းခရင်မ်ကို အသုံးပြုပေးလို့ရပါတယ်။

Source: Bright Side