ခါးပတ်ဝယ်ခါနီးရင် ဟိုဟာစဉ်းစား ဒီဟာစဉ်းစားဆို သိပ်မဟန်ပါဘူး။ ခါးပတ်တစ်ရံ ဝယ်တော့မယ်ဆိုရင် ကိုယ့်ခါးဆိုဒ်နဲ့ လိုက်အောင် ဘယ်လို ရွေးရမလဲ။ ခါးပတ်က ဘယ်လောက် ရှည်သင့်သလဲ။ Jeans တွေနဲ့ တွဲဝတ်ရမယ်ဆိုရင် ဘယ်ခါးပတ်က အဆင်ပြေသလဲဆိုတဲ့ မေးခွန်းတွေလည်း ခေါင်းထဲမှာ တဝဲဝဲ ပေါ်နေလောက်ပါတယ်။ ဒါကြောင့် ခါးပတ်ဝယ်ခါနီး ခေါင်းမစားရအောင် သိသင့်တဲ့ အချက်အလက်လေးတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ခါးပတ်ဆိုဒ်ဘယ်လို ရွေးမလဲ

Photo: effortlessgent

ရိုးရိုး ခါးပတ်ဝယ်မယ်ဆိုရင် လူတွေ အလွယ်ဆုံး လုပ်တတ်တာက ခါးပတ်ကို ခါးမှာ ပတ်ကြည့်လိုက်တာပါပဲ။ တကယ်က ခါးပတ်တွေမှာလည်း ဘောင်းဘီလိုပဲ ဆိုဒ်တွေ ရှိပါတယ်။ မှန်ကန်တဲ့ ခါးပတ်ဆိုဒ်တစ်ခု ဖြစ်ဖို့ ဆိုရင် ကိုယ့်ဘောင်းဘီခါးဆိုဒ်ထက် တစ်ဆင့်ကြီးတာကို ရွေးပါလို့ အကြံပေးချင်ပါတယ်။ ဥပမာ- ခါးဆိုဒ်က ၃၂ ဆိုရင် ခါးပတ်ဝယ်ရင် ခါးပတ်ကို ၃၄ ဆိုဒ်ရွေးတာ ၊ ဘောင်းဘီဆိုဒ် ၃၈ ဆိုရင် ခါးပတ်ဆိုဒ် ၄၀ ရွေးသင့်ပါတယ်။

(၂) ခါးပတ်ဘယ်နှစ်ချောင်း ပိုင်ထားသင့်သလဲ

Photo: effortlessgent

သင်က ရိုးရိုးရှင်းရှင်း Minimalist သမားဆိုရင် ခါးပတ်နှစ်ချောင်းပဲ လိုပါတယ်။ တကယ်ဆိုရင် ခါးပတ်တစ်ချောင်းနဲ့တင် လုံလောက်ပါတယ်။ သင်က ဖိနပ်အရောင်တစ်မျိုးတည်းပဲ စီးတတ်ရင်ပေါ့။ ပုံမှန်ဆိုရင် အညိုရောင်နဲ့ အနက်ရောင် ခါးပတ်နှစ်ချောင်းဆို အဆင်ပြေပါတယ်။ အညိုရောင်ခါးပတ်ကို အနက်ရောင် Shoes တွေနဲ့ တွဲမဆင်မိဖို့တော့ လိုပါတယ်။ အရေးကြီးတာက ခါးပတ်အရောင်နဲ့ ဖိနပ်အရောင် ဆင်နေဖို့ ဖြစ်ပါတယ်။

(၃) ကျပ်ကျပ်လား ၊ ချောင်ချောင် ဖြစ်ရမလား

Photo: effortlessgent

ခါးပတ်အရွယ်အစားနဲ့ ပတ်သက်လို့ ပြောခဲ့ပြီး ပြီ ဖြစ်ပါတယ်။ နောက်တစ်ခုက ခါးပတ်ဆိုရင် ဘယ်လိုပုံစံက ခါးနဲ့ အဆင်ပြေသလဲ။ ပုံမှန်အားဖြင့် ချည်နဲ့ ဂျင်းကြိုးတွေက ကြာလာရင် လျော့လျော့ရဲရဲ ဖြစ်တတ်လို့ပါ။ ဒီတော့ ခါးပတ်တစ်ရံ စဝယ်ပြီဆိုရင် ခါးနဲ့ အဆင်ပြေအောင် အလွယ်ဆုံးသိနိုင်မယ့်နည်း သိဖို့ လိုပါတယ်။ အဲ့ဒါက ခါးပတ်ကြိုးအဆုံးဟာ သင့်ဘောင်းဘီ ခါးပတ်ကွင်းရဲ့ ပထမကွင်းနဲ့ ဒုတိယကွင်းအကြား ရှိဖို့ပါပဲ။ ခါးပတ်ကြိုးအဆုံးက ပထမဘောင်းဘီခါးပတ်ကွင်းမှာပဲ ဆိုရင် တိုတယ်လို့ ဆိုနိုင်ပြီး ဒုတိယကွင်းအကျော်ဆိုရင်တော့ ရှည်သွားပြီလို့ ပြောနိုင်ပါတယ်။

(၄) Jeans နဲ့ တွဲဝတ်မယ်ဆိုရင်

Photo: effortlessgent

Casual ပုံစံမျိုးမှာ Jeans နဲ့ Casual Belts တွဲဝတ်မယ်လို့ စဉ်းစားထားတယ်ဆိုရင် ခါးပတ်အပြားဟာ ၁ လက်မခွဲကျော်ကျော် ရှိဖို့ လိုပါတယ်။ ခါးပတ်ကြိုးကို Jeans ကြိုုးအပြင် ခပ်ကြမ်းကြမ်း လယ်သာကြိုးလည်း ရွေးနိုင်ပါတယ်။ Casual Belt ခါးပတ်ဟာ အညိုရောင်အဖျော့ လယ်သာမျိုး ရွေးနိုင်သလို ကာလာကိုလည်း ကိုယ်ကြိုက်တဲ့ ကာလာထပ်ရွေးနိုင်ပါတယ်။

နည်းနည်း Formal ကျကျ ဝတ်ဖို့ ခါးပတ် ရွေးချင်တယ်ဆိုရင် ခါးပတ်ကြိုးအပြားကို အများဆုံး၁.၂၅ လက်မထက် မကြိုးဖို့ သတိထားပါ။ လယ်သာသားကလည်း နူးညံ့ပြီး အရည်အသွေးကောင်းဖို့ လိုပါတယ်။ အရောင်ကို အညိုရင့်ရင့် လယ်သာမျိုး ရွေးသင့်ပြီး ခါးပတ်ခေါင်းကို သတ္ထုရောင်ပြောင်လက်ပြီး သပ်ရပ်နေဖို့ ဂရုစိုက်သင့်ပါတယ်။