မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း အလန်စမစ်က ဝီလီယံနဲ့ နီကိုလတ်စ် ပီပီတို့ဟာ ပြဿနာကောင်ကြီးတွေဖြစ်တယ်လို့ ပြောကြားခဲ့ပြီး လာမယ့်အပတ်တွေမှာ ယင်းကစားသမား ၂ ဦးစလုံး ခြေစွမ်းပြန်လည်မြင့်တက်လာတာကို မြင်ချင်နေတာဖြစ်ပါတယ်။

ဝီလီယံနဲ့ ပီပီတို့ ၂ ဦးစလုံးဟာ စနေနေ့က ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ကြပေမယ့် အသင်းအတွက် အကျိုးသက်ရောက်မှု များများစားစား မပြုလုပ်နိုင်ခဲ့တာကြောင့် အက်ဖ်အေဖလားပြိုင်ပွဲကနေ အာဆင်နယ်အသင်း ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

Photo: Daily Mail

ဘရာဇီးလ်ဝါရင့်ကွင်းလယ်ကစားသမား ဝီလီယံဟာ ချဲလ်ဆီးအသင်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးကတည်းက စတန်းဖို့ဒ်ဘရစ်ဂျ်မှာတုန်းကလို မဟုတ်တော့ဘဲ ၂၀၁၉ ခုနှစ်မှာ လိုင်လီကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပီပီကလည်း အသင်းမှာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

ပီပီအနေနဲ့ အာဆင်နယ်အသင်းအတွက် အဓိကကစားသမားအဖြစ် တိုးတက်လာပြီး ထိုက်တန်ကြောင်း ပြသနိုင်မယ်လို့ မျှော်မှန်းထားဆဲလားလို့ မေးမြန်းခဲ့ရာမှာ အလန်စမစ်က Stadium Astro ကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် သိပ်တော့ မသေချာပါဘူး။ သူက အခုဆိုရင် ဒုတိယရာသီထဲမှာရှိနေတာဖြစ်တဲ့အတွက် သူ နိုင်ငံအသစ်၊ လိဂ်အသစ်နဲ့ အသားကျအောင် လုပ်နေရတုန်းလားဆိုရင် မဟုတ်ပါဘူး”

“သူက မှော်ဆန်တဲ့အရာတွေကို ပြသနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ အလယ်ကို ချိုးဝင်ပြီး ဂိုးအပေါ်ထောင့်ကို ကန်သွင်းမယ်။ ဒါပေမယ့် တခြားအချိန်မှာတော့ သူ့ရဲ့ ဘောလုံး အသိဉာဏ်က နည်းပါးနေတဲ့ပုံပဲ”

“သူ ပြင်သစ်မှာ အချိန်အကြာကြီး ဖြည်းဖြည်းချင်းသွားခဲ့လားဆိုရင် အဲဒီလို မဟုတ်ပါဘူး။ ခင်ဗျား သူ့ကို ပြောင်းရွှေ့ကြေးနဲ့ ကိုင်ပေါက်လို့ရပေမယ့် အဲဒါက သူ့အပြစ်မဟုတ်ပါဘူး”

Photo: Daily Mail

“အမှန်တော့ သူက ကြီးမားတဲ့ကစားသမားခေါ်ယူမှုဖြစ်ပြီး သူ့အတွက် သူတို့တွေ ငွေအများကြီးသုံးစွဲခဲ့တယ်ဆိုတာပဲ။ သူတို့ သူ့ကို အခု ပြန်ရောင်းချင်တယ်ဆိုရင် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လိမ့်မယ်။ အဲဒီတော့ ဒါက နောက်ထပ်ပြဿနာတစ်ခုပေါ့”

“သူတို့ အိုဇေးလ် ပြဿနာကိုတော့ ရှင်းထုတ်နိုင်ခဲ့ပေမယ့် သူတို့ ပီပီ၊ ဝီလီယံတို့ရဲ့ ပြဿနာတွေနဲ့ ဒုက္ခရောက်နေတုန်းပဲ”လို့ ပြောကြားခဲ့ပါတယ်။