ကျွန်တော်တို့ဆီမှာတော့ Gin (ဂျင်) ဟာ ဝိုင်လိုပါပဲ။ ဝီစကီတို့ ဘီယာတို့လောက် သောက်သုံးမှု သိပ်မရှိကြပါဘူး။ ကော့တ်တေးလုပ်မှပဲ သောက်ဖြစ်တယ်လို့ ဆိုရမှာပါ။ ဂျူနီပါဘယ်ရီစေ့နဲ့ ထုတ်ထားတဲ့ ဂျင်ဟာ ရှေးတုန်းက တိုင်းရင်းဆေးသဖွယ် သုံးခဲ့တဲ့ ယမကာတစ်မျိုး ဖြစ်ပြီး ဆီးချိုသွေးချိုဝေဒနာရှင်များ ၊ သွေးမတိတ်ဝေဒနာခံစားရသူများနဲ့ ခွဲစိတ်ကုသပြီးနောက်မှာလည်း သုံးကြပါတယ်။ ဂျင်ကို တခြားအနံ့တွေနဲ့ တွဲဖက်ပြီးဖြစ်ဖြစ် ကော့တေးလ်ပဲ လုပ်လုပ် သူချည်းပဲ သောက်သောက် အဆင်ပြေပါတယ်။ဒီတစ်ခေါက် ဂျင်ကို ဘယ်လို သောက်လို့ရသလဲပြောပြပေးချင်ပါတယ်။

(၁) Neat သောက်ခြင်း

Photo: thrillist

တခြားဘာအဆာပလာမှ မပါဘဲ ဂျင်ကို သူချည်း သောက်လို့ရပါတယ်။ ဂျင် Neat သောက်မယ်ဆိုရင် ၄၄ မီလီလီတာလောက် (၁ အောင်စခွဲ) ခန့်ကို ကော့တေးလ်ခွက်ထဲ ထည့်ပါ။ ဖြည်းဖြည်းချင်း သောက်သွားရမှာ ဖြစ်ပါတယ်။ အနံ့အနေနဲ့ ထုတ်လုပ်မှုပေါ်လိုက်ပြီး ပန်းနံ့ ၊ ဘယ်ရီနံ့ ၊ အချဉ်နံ့နဲ့ သစ်ရွက်နံ့လေး ရပါလိမ့်မယ်။

(၂) ဂျင်နဲ့ ရေခဲ

Photo: dandywithlens

ရေခဲမပါ ဘာမပါသောက်ရတာ မကြိုက်ဘူးဆိုရင် ဂျင်ကို ‌ေ၇ခဲလေးနဲ့ သောက်လို့ ရပါတယ်။ Shaker လေး ရှိရင်လည်း Shaker လေးနဲ့ လှုပ်ပြီး သောက်နိုင်ပါတယ်။ ရေခဲတုံးလေးတွေ မပျော့်တပျော်အခြေအနေမှာ ဂျင်အနံ့က ပိုတက်လာပါတယ်။ ဖြည်းဖြည်းချင်း အရသာခံသောက်လိုက်ပါ။

(၃) တခြားအနံ့တွေနဲ့ ရောစပ်ခြင်း

Photo: independent

Gin Tonic တို့ဆို နာမည်ကြီးပါတယ်။ Tonic Water က Soda Water နဲ့ ဆင်ပါတယ်။ သူကတော့ သကြားနဲ့ နည်းနည်း အရသာပိုထွက်စေတဲ့ ပါဝင်ပစ္စည်းလေးတွေ သုံးထားပါတယ်။ Gin Tonic လုပ်ဖို့ ဖန်ခွက်ရှည်ရှည်တစ်ခွက်လိုပါတယ်။ ရေခဲတုံး ၄ တုံး ၊ ဂျင် ၆၀ မီလီလီတာ ၊ Tonic Water ၁၁၈ မီလီလီတာ နဲ့ သံပရာရည် ၁ ဇွန်းကို ဖန်ခွက်ထဲမှာ ပြီး ဖျော်စပ်ရတာပါ။ Tonic Water မကြိုက်ရင် Soda Water နဲ့ ဂျင်နဲ့ဆတူရောပြီး သောက်နိုင်ပါတယ်။

တချို့က ဂျင်ဂျာအေး Ginger Ale နဲ့ သောက်ကြပါတယ်။ အရသာပိုကောင်းပါတယ်။ ဖန်ခွက်ရှည်ထဲ ရေခဲ ၄/၅ တုံး ၊ Gin ၄၄ မီလီလီတာ (၁ အောင်စခွဲ) နဲ့ ကျန်တာကို ဂျင်ဂျာအေးနဲ့ ဖြည့်ရမှာပါ။ တချို့ကလည်း အချဉ်ဓါတ်ပါတဲ့ သံပုရာ ၊ ဂရိတ်ဖရုန်တွေကို ဂျင်မှာ ထည့်သောက်ကြပါတယ်။ သိပ်မများပဲ တစ်ညှစ်စာလောက်လေးနဲ့ သောက်ရင် အရသာ ပိုရွှင်ပါတယ်။

(၄) ကော့တေးလ်ဆန်ဆန် သောက်ခြင်း

Photo: craftginclub

ဂျင်ကော့တေးလ်ဆိုရင် Gin Martini လို့လည်း လူသိများပါတယ်။ သူက ဘယ်ဂျင်နဲ့မဆို သုံးနိုင်ပါတယ်။ ဂျင် ၂ အောင်စခွဲနဲ့ Dry Vermouth ၁ အောင်စခွဲနဲ့ လိမ္မော်သီးနံ့လေးကို ရေခဲတုံးလေးတွေနဲ့ စက္ကန့် ၂၀/၃၀ လောက် ရောမွှေပြီး သောက်ရတာပါ။ တချို့ကလည်း အရသာပိုပြင်းဖို့ တခြား ယမကာတွေနဲ့ ရောသောက်တာမျိုး ရှိပါတယ်။ ဖန်ခွက်ရှည်ရှည်ထဲမှာ ဂျင် အောင်စဝက် (၁၅ မီလီလီတာ) ကို ရမ်အဖြူ ၊ တက်ကီလာအဖြူ ၊ ဗော့ဒ်ကာ ၊ လိမ္မော် Liqueur အကြည် ၊ ကိုလာ ၊ သံပရာရည်လေးတွေနဲ့ သောက်ကြပါတယ်။

တချို့က Simple Syrup လေးပါ ထည့်ကြပါတယ်။ Simple Syrup လုပ်မယ်ဆိုရင် သကြား ၅၆ ဂရမ် နဲ့ ရေတစ်ခွက်ရဲ့ လေးပုံတစ်ပုံ (၅၉ မီလီလီတာ) နဲ့ ရောပြီး သကြားပျော်သွားတဲ့အထိ မီးမျှင်းမျှင်းနဲ့ ကြိုပေးရမှာပါ။ ပြီးရင် အအေးခံပြီး ဂျင်ကော့တေးလ်ထဲမှာ ရေခဲလေးနဲ့ ထည့်သောက်လိုက်ရင် အရသာ ချိုပြင်းရှရှကို ခံစားရမှာပါ။