ဘော်ဒါတွေနဲ့ တွေ့ဆုံခိုက် ဘီယာခွက်ချင်းတိုက်ပြီး စကားစမြည်ပြောရတဲ့ feeling ကိုမကြိုက်တဲ့ သူခပ်ရှားရှားရယ်ပါ။ ဒီလိုမျိုး ဘီယာကိုတစ်ခါတစ်လေလောက်သာ သောက်တက်တဲ့ အမျိုးသားတွေအတွက် ပြဿနာမရှိပေမယ့် ဘီယာကိုအမြဲလိုလို သောက်သုံးလာမိမယ်ဆိုရင်တော့ အများပြောကြတဲ့ ဘီယာဗိုက်ပိုင်ရှင် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ကွီးတို့ကြိုက်တဲ့ဘီယာကြောင့် ဗိုက်ပူပြီးကြည့်ရဆိုးတဲ့ ဘီယာဗိုက်ပိုင်ရှင်မဖြစ်စေဖို့ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) အဆီနည်းတဲ့ အမြည်းစားပါ

Source : Forbes
ဘီယာတစ်ခုတည်းက သင့်ကိုဗိုက်ပူလာစေတာမဟုတ်ဘူးဆိုတာ သတိပြုသင့်ပါတယ်။ အများစုကတော့ ဘီယာသောက်တဲ့အခါ အကြော်အလှော်တွေ အကင်တွေနဲ့ အဆီအစိမ့်လို့ အမြည်းတွေနဲ့ တွဲဖက်သောက်သုံးလေ့ရှိပါတယ်။ ဒါဟာ သင့်ကိုဗိုက် ပိုပူလာစေတဲ့အဓိကအကြောင်းအရင်းတစ်ရပ်ပါ။ ဒါကြောင့် ဘီယာသောက်မယ်ဆိုရင်တောင် တက်နိုင်သလောက်ကယ်လိုရီပါဝင်မှုနည်းတဲ့အသီးအနှံတွေ အဆီနည်းတဲ့ အသီးအရွက်ဟင်းလျာတွေနဲ့သာ တွဲဖက်စားသုံးသင့်ပါတယ်။
(၂) လေ့ကျင့်ခန်းလုပ်ပါ

Source : Parkinson’s News Today
ဘီယာကိုလည်း မစွန့်လွှတ်နိုင်ဘူး လေ့ကျင့်ခန်းလည်းမလုပ်ချင်ဘူးဆိုရင်တော့ သေချာပေါက်ဗိုက်ပူခါးတုတ်တဲ့ ခန္ဓာကိုယ်ဖြစ်လာမှာပါ။ ဘီယာမှာ ကယ်လိုရီပါဝင်မှုလည်းများတာကြောင့် ဘီယာသောက်မိနေသေးတယ်ဆိုရင် ကယ်လိုရီများများလောင်ကျွမ်းစေမယ့် လေ့ကျင့်ခန်းတွေကိုလည်း လုပ်ပေးဖို့လိုပါလိမ့်မယ်။ လမ်းမြန်မြန်လျောက်တာ ပြေးတာ ရေကူးတာ စက်ဘီးနင်းတာ စသည်ဖြင့် ကယ်လိုရီလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတစ်ခုခုလုပ်ပေးပါ။
(၃) ပရိုတင်းဓာတ်ပိုစားပေးပါ

Source : ACTIVE
ပရိုတင်းဓာတ်က ဆာလောင်ခြင်းကိုလျော့နည်းကျစေပြီး အလွန်အကျွံစားခြင်း ကယ်လိုရီများတဲ့ အစားအစားတွေစားမိခြင်းကို ဟန့်တားပေးနိုင်ပါတယ်။ တခြားသော အမြန်အစားအစာတွေ ဆီကြော်တွေ အာလူးကြော်တွေ ထက်စာရင် ပရိုတင်းဓာတ်ပါတဲ့ အသား ကြက်ဥ ပဲအမျိုးမျိုး စတဲ့အစားအစာတွေက ကျန်းမာရေးနဲ့ညီညွတ်ပြီး ဗိုက်ပူနိုင်ခြေလျော့နည်းစေပါတယ်။
(၄) ဘီယာလျော့သောက်ပါ

Source : Personal Virtual
တဖြည်းဖြည်းပုံမှန်သောက်နေကျ ပမာဏထက်လျော့သောက်သွားဖို့လည်း လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တယ် အစားအသောက်ထိန်းတယ်ဆိုပေမယ့် ဘီယာသောက်တဲ့နှုန်းမလျော့ဘူးဆိုရင်လည်း ပူမြဲပူဆဲဖြစ်နေမှာပါ။ ဒါကြောင့်ဘီယာကိုသောက်နေကျထက်လျော့ပြီးသောက်ပေးပါ။ ဘီယာအစား ပရိုတင်းရှိတ် ၊ ကော်ဖီနဲ့ တခြားသော လက်ဆတ်တဲ့ အသီးဖျော်ရည်တွေကို အစားထိုးသောက်ပေးနိုင်ပါတယ်။
(၅) အိပ်ရေးဝဝအိပ်ပါ

Source : The Movement Athlete
အိပ်ရေးပျက်ခြင်းက ကိုယ်အလေးချိန်တက်ခြင်းရဲ့ အဓိကတရားခံလို့ပြောလို့ရပါတယ်။ ညဘက်မအိပ်ဘူးဆိုရင် ညဉ့်နက်ချိန်ဗိုက်ဆာတဲ့ဒဏ်ကိုမခံနိုင်ပဲ သတိလက်လွတ်စားမိတက်ပါတယ်။ ဒါ့အပြင်အိပ်ရေးပျက်တာက ဟော်မုန်းအပြောင်းအလဲတွေဖြစ်စေတာကြောင့် ဝိတ်ပိုတက်စေပါတယ်။ ဘီယာကြိုက်တဲ့ကွီးတွေအနေနဲ့ သောက်ပြီးရင်တောင် အိပ်ရေးဝဝအိပ်စက်အနားယူဖို့ လိုအပ်ပါတယ်နော်။
